Showing posts with label Social Network Tips. Show all posts
Showing posts with label Social Network Tips. Show all posts
Friday, May 24, 2013
Google Plus က Posts တွေရဲ့  Width ကိုအကြီးချဲ့ ကြည့် မယ်
1
မကြာသေးမီက google က google plus ရဲ့ ဒီဇိုင်းကို ပြောင်းခဲ့ပါတယ်။ဒီဇိုင်းအသစ်မှာ တော့ posts တွေကို two column layout ,  one column layout နှစ်မျိုးနဲ့ ကြည့်နိုင်ပါတယ်။ဒါပေမယ့် post တွေ ရဲ့ width က သေးသွားတာတွေ့ ရပါတယ်။တကယ်လို့  သင်ဟာ ကျွန်တော့်လို ပဲ google plus က post တွေကို ဖတ်ရတာ အားမရတဲ့သူဆိုရင် အောက်ကနည်းနဲ့  post တွေရဲ့ width ကို အကြီး ချဲ့ ကြည့်နိုင်ပါတယ်။
Width တွေကို မပြောင်းခင်နဲ့ ပြောင်းပြီး ကွာခြားချက်ကို အောက်ကပုံနှစ်ပုံမှာ ကြည့်နိုင်ပါတယ်။
ashampoo 05
ashampoo 03
ဒီလို ပြောင်းဖို့ အတွက် Stylish  ဆို တဲ့ browser extension (or) add-on ကို သုံးပါမယ်။Stylish ကို Chrome  , Firefox  စတဲ့ သင်အသုံးပြုတဲ့ browser မှာ အင်စတောလုပ်ပါ။ပြီးရင် Wider Posts On Google Plus ကို Stylish မှာ အင်စတောလုပ်ပါ။ပြီးရင်တော့ Google Plus က posts တွေကို ကြီးကြီးနဲ့ ရှင်းရှင်းမြင်ရပါပြီ။
Facebook News Feed ဒီဇိုင်းအသစ်ယူမယ်
1
Facebook ရဲ့ ဒီဇိုင်းအသစ်ကို အောက် ကလင့်ကနေ သွားကြည့်ကြည့်ပြီး waiting list ကို နှိပ်ထားရင် အဲဒီဒီဇိုင်းအသစ်ကို သုံးစွဲနိုင်မယ့် အချိန်ရောက်ရင် သင်အသုံးပြုနိုင်မှာပါ။ဒီဇိုင်းအသစ်မှာ ထူးခြားလာတာကတော့ ပုံတွေကို ကြီးကြီး နဲ့ ရှင်းရှင်း မြင်ရတာရယ် ပုံတွေကိုပဲ သီးသန့် ကြည့်ရှုဖို့  photo feed ပါရှိလာပါတယ်။Mobile application နဲ့  ဆင်တူတဲ့ ဒီဇိုင်းကို တွေ့ မြင်နိုင်မှာပါ။အောက်ကလင့်ကနေ ဒီဇိုင်းအသစ်ကို ကြည့်ရှုနိုင်ပြီး သဘောကျတယ်ဆိုရင် page ရဲ့ အောက်ဆုံးက waiting list ကို နှိပ်ပြီးစာရင်းပေးထားနိုင်ပါတယ်။
ashampoo 01
Checkout Facebook New Design @ www.facebook.com/about/newsfeed
Wednesday, May 22, 2013
Send Facebook Chat Stickers From Google Chrome Using Facemoji
ashampoo 03
Facebook မှာ စာလုံးဖောင့်လှလှလေးတွေ သုံးပြီး  chat နည်း ကို ရေးပေးဖူးပါတယ်။ အခု တစ်ခါ sticker လှလှလေးတွေ သုံးပြီး chat နည်း ပါ။ ဒီလို chat sticker လေးတွေ အသုံးပြုနိုင်ဖို့  Chrome extension Facemoji ကို အသုံးပြုရမှာပါ။
Chrome browser ကနေ  Facemoji ကို အင်စတောလုပ်ပြီးရင် option page ကို ရောက်သွားမှာပါ။ login ကို နှိပ်ပြီး သင့် facebook အကောင့်နဲ့  ၀င်ပါ။
ashampoo 01
ပြီးရင် တော့ facebook chat box မှာ sticker ပုံကို တွေ့ မြင်နိုင်ပြီး sticker လှလှလေးတွေ သုံး ပြီး chat နို်င်ပါပြီ။ Sticker ပုံမတွေ့ ရသေးရင် refresh လုပ်ပါ။
ashampoo 02
Download Facemoji from Chrome Web Store
Saturday, April 27, 2013
Facebook မှာ PowerPoint Presentation တွေ Share လုပ်မယ်
1
Facebook မှာ ပုံတွေ စာတွေ ကို share လုပ်တာ အပြင် စကားပြောတဲ့ပုံ  တွေ share လုပ်နည်းကိုရေးပေးဖူးပါတယ်။အခု တစ်ခါ ကတော့ PowerPoint Presentation တွေကို share လုပ်နည်းပါ။ဒီလို လုပ်ဖို့  authorSTREAM ဆို တဲ့ facebook application ကို သုံးမှာပါ။ဒီဆောင်းပါးမှာတော့ စာရှည်ရှည်ဝေးဝေးမရေးတော့ပါဘူး။ authorSTREAM ကို စမ်းသပ်အသုံးပြုရင်း presentation တစ်ခု ပြုလုပ်ထားပါတယ်။ အောက်က presentation ကို ကြည့်ပြီး facebook မှာ PowerPoint Presentation တွေကို share လုပ် နိုင်ပါပြီ။Presentation ကို full screen ကြည့်လို့ လည်းရပါတယ်။
Checkout authorSTREAM app for Facebook
Wednesday, January 23, 2013
Profi.ly : Get Uniform Web Address For Your Different Online Profiles
ဒီနေ့ ခေတ် မှာ social networks တွေအများအပြားရှိလာပြီးတော့ popular social networks တွေဖြစ်တဲ့ facebook,linkedin,twitter စတာတွေမှာ အကောင့်တစ်ခုစီရှိကြမယ်လို့ ယုံကြည်မိပါတယ်။မိသားစု၊သူငယ်ချင်း၊မိတ်ဆွေ တွေနဲ့  အဆက်အသွယ်ရဖို့ လည်း ဒီ social networks တွေကို အသုံးပြုကြပါတယ်။သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ သင့်ရဲ့  profile address တွေကို ပေးပို့ ရယူကြပါတယ်။Facebook,linkedin,twitter စတာတွေက profile address တွေဟာ ရှည်လျားပြီးမှတ်ရတာ မလွယ်ပါဘူး။Profile address တွေကို တူညီပြီးမှတ်သားရလွယ်ကူတဲ့ address တွေရအောင်ပြုလုပ်ပေးနိုင်တဲ့ free web service တစ်ခုကတော့ Profi.ly ပါ။ ဥပမာ ။ ကျွန်တော့် ရဲ့  facebook profile address က profi.ly/thuya/facebook  ၊ Twitter အတွက် က profi.ly/thuya/twitter ၊ Linkedin အတွက် က profi.ly/thuya/linkedin ပါ။မှတ်ရတာလွယ်ကူပြီး သင့်သူငယ်ချင်းတွေကို အလွယ်တကူ ပဲ profile address ကို ပေးပို့ နိုင်ပါတယ်။
Profi.ly  မှာ အကောင့်တစ်ခု လုပ်ပြီး sign in လုပ်ပြီးရင် Add New Profile ကို နှိပ်ပါ။ 
Ashampoo_Snap_2013.01.24_12h01m28s_003_
Profile Address for Facebook
Choose Network မှာ facebook ကို ရွေးပြီး Network Identifier မှာသင့် facebook profile address က www.facebook.com/  နောက်က profile id ထည့်ပေးပါ။ပြီးရင် Add Profile ကို နှိပ်ပါ။ဒါဆိုရင် သင့် facebook profile address က  profi.ly/(user name)/facebook     ပါ။
Ashampoo_Snap_2013.01.24_12h36m29s_006_
Ashampoo_Snap_2013.01.24_11h55m08s_002_
Profile Address for Twitter and Linkedin
Twitter and Linkedin အတွက် အပေါ်ကအဆင့်တွေအတိုင်းလုပ်ပြီး Network Identifier မှာတော့ twitter အတွက် သင့် twitter profile address က www.twitter.com/  နောက်က profile id ထည့်ပေးပါ။ဒါဆိုရင် သင့် twitter profile address က  profi.ly/(user name)/twitter     ပါ။
Ashampoo_Snap_2013.01.24_12h43m47s_007_
Linkedin အတွက် network identifier မှာ အောက်ကပုံအတိုင်းထည့်ပေးပါ။ဒါဆိုရင် သင့် linkedin profile address က  profi.ly/(user name)/linkedin     ပါ။
Ashampoo_Snap_2013.01.24_13h00m32s_008_
Profi.ly support ပေးတဲ့ network တွေကတော့ youtube,flickr,blog,aim,friendster,friendfeed,my space စတာတွေအပါအ၀င်တစ်ခြား networks တွေ အများကြီးပါ။အဲဒီ network တွေထဲမှာ Google Plus မပါပါဘူး။Google plus profile address ကို တိုတောင်းပြီးမှတ်ရလွယ်တဲ့ address ရအောင်ပြုလုပ်ပေးနိုင်တဲ့ plus.ly ဆိုတဲ့ free web service ကို သုံးပါ။
Sunday, December 30, 2012
Fotobabble : Create Talking Photo & Share On Social Networks
1
Social Networks တွေမှာ ပုံတင်ရတာ အားမရသေးဘဲ အသံပါထည့် ပြီး သူငယ်ချင်းတွေကို share လုပ်ချင်ရင်တော့ free web service တစ်ခု ဖြစ်တဲ့ fotobabble ကို သုံးကြည့်ပါ။စကားပြောတဲ့ ပုံလေးတွေကို သင့်သူငယ်ချင်းတွေ နှစ်ခြိုက်သဘောကျကြမှာပါ။Facebook ,twitter,google plus ,gmail, other mail  စတာတွေ အပြင်တစ်ခြား social networks အများအပြားမှာလည်း share လုပ်နိုင်ပါတယ်။ Blogger တွေအတွက် လည်း ဆောင်းပါးတွေမှာ အသံပါပါတဲ့  ပုံတွေကို ထည့်သွင်းနိုင်  ပြီး blogger,tumblr စတဲ့ blog တွေမှာ အသုံးပြုနိုင်ပါတယ်။
Fotobabble ၀က်ဆိုက်ကိုသွားပြီး Fotobabble for Fun က Get Started ကို နှိပ်ပါ။
Ashampoo_Snap_2012.12.31_12h29m47s_001_
Facebook နဲ့  connect လုပ်ပြီး fotobabble အကောင့်တစ်ခု လုပ်ခိုင်းရင်လည်းလုပ်ပြီး sign in လုပ်ပါ။ပြီးရင် သင့်   ကွန်ပြူတာ  ကပုံတွေကို  အသုံးပြုနိုင်သလို   facebook က ပုံတွေ ကို လည်း အ  သုံး ပြုနိုင်ပြီး web ပေါ်ကပုံတွေကိုလည်းအသုံးပြုနိုင်ပါတယ်။ပြီးရင် Create ကိုနှိပ်ပါ။
Ashampoo_Snap_2012.12.31_12h30m20s_002_
ပုံရွေးချယ်ပြီးသွားရင် Record ကို နှိပ်ပြီး သင်ပြောချင်တာတွေကို အသံသွင်းနိုင်ပါတယ်။Title မှာ သင်ရေးချင်တဲ့ စာသားတွေကို ရေးနိုင်သလို ပုံ ရဲ့ theme ကို လည်းရွေးချယ်နိုင်ပါတယ်။Save ကိုနှိပ်ပြီးပုံကို သိမ်းပြီးရင်တော့ သင်ကြိုက်နှစ်သက်ရာ social nework မှာ share လုပ်နိုင်သလို mail လည်းပို့ နိုင်ပါတယ်။
Ashampoo_Snap_2012.12.31_12h42m22s_006_
 Checkout Fotobabble @ www.fotobabble.com 
Tuesday, December 18, 2012
Plus.ly : Shorten Your Google + Profile URL
1
သင့်သူငယ်ချင်းတွေ   သင့်ကို google plus မှာ join ဖို့ အတွက် သင့် google plus profile လိပ်စာပေးဖို့ အခက်တွေ့ နေရရင်တော့ ဒီ free service ကိုသုံးကြည့်ပါ။သင်သတိထားမိရင် သင့် google plus profile ရဲ့ url address ဟာ အလွန်ရှည်လျားပြီး ဂဏန်းတွေအများကြီးနဲ့ မှတ်သားရခက်ပါတယ်။Plus.ly ဆိုတဲ့ free web service ကဒီအခက်အခဲကို ဖြေရှင်းပေးပြီး သင့်ရဲ့  google plus profile url ကို တိုတောင်းပြီး မှတ်သားရလွယ်ကူတဲ့ လိပ်စာ အဖြစ်ပြုလုပ်ပေးနိုင်ပါတယ်။နောက်ပြီး သင့်စိတ်ကြိုက် နာမည်နဲ့ လိပ်စာပြုလုပ်နိုင်ပါတယ်။
Plus.ly ဆိုက်ကိုသွားပြီး user name နေရာမှာသင့် နာမည် ဒါမှမဟုတ် သင်ကြိုက်နှစ်သက်ရာ နာမည်ပေးပါ။နောက် box တစ်ခုမှာတော့ သင့် google plus profile page က address bar မှာပေါ်နေတဲ့ ID (Numbers) တွေထည့်ပေးပြီး Claim My Username ကိုနှိပ်ပါ။
2
သင်ရွေးချယ်ထားတဲ့ username ကို ယူ ထားသူမရှိရင်တော့ သင့် username ပါရှိတဲ့ google plus profile address တစ်ခုရရှိပါပြီ။အဲဒီ address ကမှတ်သားရလွယ်ကူတဲ့အတွက် သင့်သူငယ်ချင်းတွေကို သင့်ရဲ့  google plus profile လိပ်စာ   ကို အလွယ်တကူပေးနိုင်ပါပြီ။
3
Check out Plus.ly @ www.plus.ly
Join me on Google + @   http://plus.ly/kothuya
Saturday, December 15, 2012
Decide Which Facebook Friends See You Online & Which Don’t , The Easy Way
1
သင် facebook မှာ ရှိနေတာကို သင့် သူငယ်ချင်းတွေ မသိအောင် လုပ်ပေးနိုင်တဲ့နည်းလေးကို မျှဝေပေးချင်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့်  သင် မတွေ့ ချင်တဲ့ သူငယ်ချင်း တွေကို မမြင်အောင်လုပ်နိုင်သလို ၊ သင်တွေ့ ချင်တဲ့ သူငယ်ချင်းကို ပဲ ရွေးပြီး မြင်အောင်လုပ်နိုင်ပါတယ်။သူငယ်ချင်းတစ်ယောက်ချင်း ရွေးနိုင်သလို friend list တွေကို လည်းရွေးချယ်နိုင်ပါတယ်။Facebook ရဲ့  list feature ဟာ google plus ရဲ့ circle နဲ့ ဆင်တူပါတယ်။သင် share လုပ်တာကို သင့်အနီးကပ်ဆုံးသူငယ်ချင်းတွေကို ပဲ သိစေချင်တဲ့အခါ၊ အလုပ်ကသူငယ်ချင်းတွေကို ပဲသိစေချင်တဲ့အခါမျိုးတွေမှာ list feature ကအသုံးဝင်ပါတယ်။ 
Organize Your Friends Into List
Facebook မှာ friend list တစ်ခု ပြုလုပ်ဖို့  အတွက် ဒီ link ကို နှိပ်ပြီးတိုက်ရိုက်သွားနိုင်သလို  facebook ရဲ့  ဘယ်ဘက် side bar မှာ FRIENDS ကို ရှာပါ။မတွေ့ ရင် အောက်ဆုံးက drop down arrow ပါတဲ့  MORE ဆို တဲ့ လင့်ကိုနှိပ်ပါ။ပြီးရင် FRIENDS ရဲ့ ညာဘက်ဘေးက MORE ကိုနှိပ်ပါ။
2
List ပြုလုပ်တဲ့ page ရောက်ရင် အသင့်ပြုလုပ်ပြီးသား list တွေကို တွေ့ မြင်နိုင်ပါတယ်။အဲဒီ list တွေက facebook ကသင့်အတွက် အလိုလို ပြုလုပ်ပေးထားတဲ့ list တွေပါ ။Custom list တစ်ခုပြုလုပ်ဖို့ အတွက် Create List ကိုနှိပ်ပါ။
3
နောက် box တစ်ခုပေါ်လာရင် list နာမည်ပေးပြီး Create  နှိပ်ပါ။
vlcsnap-00002
နောက် page တစ်ခုပေါ်လာရင် အဲဒီ list မှာ သင့်သူငယ်ချင်းတွေကို ထည့်သွင်းဖို့ အတွက် Add friends ကိုနှိပ်ပါ။
5
နောက် ပေါ်လာတဲ့  box မှာ သူငယ်ချင်းတွေကို ရွေးချယ်ပြီး list ထဲထည့်သွင်းနိုင်ပါတယ်။ ပြီးရင် finish နှိပ်ရင် list တစ်ခုပြုလုပ်ပြီးပါပြီ။အဲဒီ list ကို အချိန်မရွေး ဖျက်နိုင်သလို edit လုပ်နိုင်ပါတယ်။
vlcsnap-00001
Deciding Who Can See You Online And Who Can’t
သင်  facebook မှာ ရှိနေတာ ကို သင်မြင်စေ ချင်တဲ့သူငယ်ချင်းပဲမြင်နိုင်ဖို့  ဒါမှမဟုတ် သင်မမြင်စေချင်တဲ့ သူငယ်ချင်းတွေမမြင်အောင်လုပ်ဖို့ အတွက် facebook chat က setting ကို နှိပ်ပြီး Advanced Settings ကိုနှိပ်ပါ။
7
သင် မမြင်စေချင်တဲ့သူငယ်ချင်းတွေ ၊ friend list တွေကို  မမြင်အောင်လုပ်ဖို့ အတွက် Turn on chat for all friends except ကိုရွေးပြီး သူငယ်ချင်းနာမည်တွေ list တွေရိုက်ထည့်ပေးပြီး ရွေးချယ်နိုင်ပါတယ်။ဒါမှမဟုတ် သင်ရွေးချယ်တဲ့သူငယ်ချင်းတွေ၊ friend list တွေကို ပဲ မြင်စေချင်ရင်တော့ Turn on chat for only some friends ကိုရွေးပေးပြီး friends , friend list တွေကို ရွေးပေးပါ။ချက်တစ်ခုလုံးကို ပိတ်ထားချင်ရင်တော့ Turn off chat ကိုရွေးပေးပါ။
8
Wednesday, December 12, 2012
Free Download Facebook Chat Spammer 1.0
1
ဒီ software လေးကတော့ သင့် facebook ကသူငယ်ချင်းတွေ အများအပြားဆီကို chat box ကနေ message တွေအလိုလို ပို့ ပေးနိုင်ပါတယ်။ဖိုင်ဆိုက်သေးငယ်ပြီးသုံးရတာလွယ်ကူပါတယ်။သင် ပို့ ချင်တဲ့ message ကို facebook chat spammer မှာ ရိုက်ထားပြီး second  အပိုင်းအခြားဘယ်လောက်မှာတစ်ကြိမ် ပေးပို့ မလဲဆိုတာကို  အချိန် သတ်မှတ်ပေးထားရုံပါပဲ။Facebook chat spammer က သင်သတ်မှတ်ပေးထားတဲ့ အချိန် အပိုင်းအခြား ရောက်တိုင်း သင်ပေးပို့ ချင်တဲ့ message ကို ပေးပို့ ပေးပါလိမ့်မယ်။
Facebook chat spammer application ကို install လုပ်ပြီးရင် run ပါ။ပြီးရင် သင် ပေးပို့ ချင်တဲ့ စာသားကို ရိုက်ပြီး အချိန်သတ်မှတ်ပေးပြီး start spamming ကိုနှိပ်ပါ။
2
Download facebook chat spammer from dropbox  (or)  directmirror   (or)  microcreator 
Saturday, November 10, 2012
PhotoLive : Download Entire Photo Albums Off Facebook
သင့် facebook ကသူငယ်ချင်းတွေရဲ့ photo albums တွေကပုံတွေအားလုံးကို download လုပ်ချင်ရင်တော့ PhotoLive ကိုသုံးကြည့်ပါ။ပုံတစ်ပုံချင်းစီကို ဒေါင်းလုပ်လုပ်စရာမလို တဲ့အတွက် အလုပ်ရှုပ်သက်သာစေပါတယ်။ Album တစ်ခုလုံးကို ဒေါင်းလုပ်လုပ်ပေးနိုင်ပြီး zip ဖိုင်အနေနဲ့  ဒေါင်းလုပ်လုပ်နိုင်ပါတယ်။Chrome,firefox,safari,IE အပြင်တစ်ခြား browser တွေအတွက် extension/add on တွေရှိပါတယ်။အမြန်ဆုံးနည်းကတော့ bookmarklet ကို browser ရဲ့  bookmark bar ပေါ်တင်ပြီးအသုံးပြုတာပါပဲ။
PhotoLive ဆိုက်ကိုသွားပြီး Download Photos ကို drag and drop လုပ်ပြီး bookmark bar ပေါ်တင်ပါ။
1
ပြီးရင် သင် ဒေါင်းလုပ်လုပ်ချင်တဲ photo album ကိုသွားပြီး bookmark bar က download photos ကိုနှိပ်ပါ။Box တစ်ခုကျလာပြီး Download Photos ကိုနှိပ်ပါ။
2
ပြီးရင်ဒေါင်းလုပ်လုပ်ဖို့ လင့်တွေရရှိပါပြီ။
3
Checkout PhotoLive @ www.getphotolive.com
Monday, November 5, 2012
RSS Graffiti : Publish RSS Feed To Your Facebook Automatically
1
သင့်မှာ blog ,website တစ်ခုရှိရင်သင်ဆောင်းပါးတစ်ခုတင်လိုက်တိုင်း facebook wall/timeline, page စတဲ့နေရာတွေမှာအလိုလို ဆောင်းပါးတွေတင်ပေးနိုင်တဲ့ facebook application ပါ။ဒါ့အပြင် သင်ကြိုက်နှစ်သက်တဲ့ ဆိုက်က rss feed တွေ၊ youtube video rss feed တွေ ကိုလည်း အလိုလိုတင်ပေးနိုင်ပါတယ်။သင် google plus မှာ စာတစ်ခုတင်တိုင်းလည်း facebook မှာ auto post လုပ်ပေးနိုင်ပါတယ်။Google plus rss feed ရဖို့ Create RSS Feed From Your Google Plus Stream ဆောင်းပါးကိုဖတ်ပါ။
အပေါ်မှာပြောထားတဲ့ rss feed တွေထဲကသင့် စိတ်ကြိုက် feed ကိုရရင် facebook ကို sign in လုပ်ပြီး rss graffiti application ကိုသွားပါ။ပြီးရင် နာမည်တစ်ခုပေးပြီး create publishing plan ကိုနှိပ်ပါ။
1
Sources ဘေးက Add new ကိုနှိပ်ပါ။
2
RSS feed url ထည့်ပေးပါ။Add Source ကိုနှိပ်ပါ။
3
Scheduling အောက်က update frequency ကို As soon as possible ကိုရွေးပါတယ်။Maximum posts per update မှာ 5 posts ကိုရွေးပါတယ်။သင် နဲ့ အဆင်ပြေမယ့် setting ကိုရွေးနိုင်ပါတယ်။Save ကိုနှိပ်ပြီးရင် source ကိုရွေးတဲ့အပိုင်းပြီးပါပြီ။
5
Target ဘေးက Add new ကိုနှိပ်ပါ။
2
Choose target အောက်မှာ page (or)  user ရွေးပေးပါ။Timeline / Wall မှာပေါ်ချင်ရင် user ရွေးပါ။Page မှာပေါ်ချင်ရင် page ကိုရွေးပါ။Post style မှာ Standard ကိုရွေးပြီး Save Changes ကိုနှိပ်ပါ။
4
ပြီးရင် switch ကို  On လုပ်ပေးပါ။
6
Facebook timeline/wall မှာရော page မှာရောပေါ်ချင်ရင် add new publishing plan ထပ်လုပ်ပေးပြီး အပေါ်ကအဆင့်တွေအတိုင်းပြန်လုပ်ပြီး target နေရာမှာ page (or) user ကိုပြောင်းလဲရွေးချယ်ပေးပါ။
Go to rss graffiti site @ www.rssgraffiti.com
Similar Tools : Sync posts between facebook,google plus and twitter (IFTTT)
                             How to auto post to facebook , twitter and linkedin
Google + To RSS : Create An RSS Feed From Your Google Plus Stream
1
Sync Posts Between Facebook,Google Plus And Twitter(IFTTT)  ဆိုတဲ့ဆောင်းပါးမှာ google plus rss feed ကိုရယူနည်းကို အကျဉ်းချုပ်ရေးထားပေးပါတယ်။အခုဒီဆောင်းပါးမှာ ထပ်ရေးပေးပါ့မယ်။သင့် googel plus ,facebook ,twitter စတဲ့     social network တွေ ကို လူ အ မျိုး မျိုး က  အ   ကြောင်း အ မျိုး မျိုး နဲ့ သုံးကြပါတယ်။တစ်ချို့ တွေကတော့ စီးပွားရေးအတွက်ကုန်ပစ္စည်းတွေလူသိများအောင်ကြော်ညာကြတယ်။မိတ်ဆွေအပေါင်းအသင်းများအောင်သုံးကြတယ်။Google plus ကနေ သင် share လုပ်လိုက်တဲ့ဆောင်းပါးတွေ၊ကြော်ညာတွေကို facebook,twitter တို့ မှာ ထပ်ပြီး တင်စရာမလိုဘဲအလိုလို တင်အောင်လုပ်ပေးနိုင်တဲ့ free web service တွေရှိပါတယ်။အဲဒီ service တွေကို အသုံးပြုဖို့  သင့်ရဲ့ google plus rss feed ကိုရယူဖို့ လို ပါတယ်။
google + to rss ဆိုက် ကိုသွားပြီး Login Via Google + ကိုနှိပ်ပြီးသင့် google plus အကောင့်နဲ့  ၀င်ပါ။
4
2ှာ
Checkout Google + To RSS @ http://gplusrss.com
Wednesday, October 24, 2012
RelationBook.me : Find Out The Relationship Status Of Your Facebook Friends
4
သင့် facebook friends တွေရဲ့  relationship status တွေကို တစ်နေရာတည်းကနေ ကြည့်ရှုနိုင်မယ့် ဆိုက်ပါ။အပျို၊လူပျို၊အိမ်ထောင်သည်၊အိမ်ထောင်ကွဲ၊မုဆိုးမ၊မုဆိုးဖို စတဲ့ အခြေအနေ တွေကို ကြည့်ရှုနိုင်ပါတယ်။သင့် facebook friend ရဲ့ အိမ်ထောင်ဖက်  ကိုလည်းဖော်ပြပေးနိုင်ပါတယ်။နာမည်ရိုက်ပြီး ရှာနိုင်တဲ့အပြင် အထက်ဖော်ပြပါ  အခြေအနေတွေကို filter ခံပြီးလည်းရွေးချယ်ရှာဖွေနိုင်ပါတယ်။
RelationBook.me ဆိုက်သွားပြီး Get Started ကိုနှိပ်ပြီးသင့် facebook အကောင့်နဲ့ ဝင်ပါ။Permission ပေးပြီးရင်သင်စအသုံးပြုလို့ ရပါပြီ။
1
2
3
Checkout RelationBook.me
Wednesday, October 17, 2012
Facebook Adds Emoticons To Comments[Updates]
1
Facebook fan တွေအတွက် facebook က ချက်မှာတင်မဟုတ်ဘဲ ကွန်းမန့် တွေမှာလည်း emoticons တွေထည့်ပေးနိုင်တဲ့ update တစ်ခုပြုလုပ်ပေးလိုက်ပါပြီ။Emoticons တွေကိုအသုံးပြုပြီးသင့်သူငယ်ချင်းတွေနဲ့  facebook အသုံးပြုရင်းပျော်ရွှင်နိုင်ပါပြီ။Emoticons codes တွေကိုအောက်မှာ ကူးယူပါ။
2
BIG LIKE
5
.
(Y) (Y) (Y) (Y) (Y) (Y) (Y) (Y) (Y) (Y) (Y) (Y) (Y) (Y) (Y)
(Y) :42: (Y) (Y) (Y) :42: (Y) :42: (Y) :42: (Y) :42: :42: :42: (Y)
(Y) :42: (Y) (Y) (Y) :42: (Y) :42: (Y) :42: (Y) :42: (Y) (Y) (Y)
(Y) :42: (Y) (Y) (Y) :42: (Y) :42: :42: (Y) (Y) :42: :42: (Y) (Y)
(Y) :42: (Y) (Y) (Y) :42: (Y) :42: (Y) :42: (Y) :42: (Y) (Y) (Y)
(Y) :42: :42: :42: (Y) :42: (Y) :42: (Y) :42: (Y) :42: :42: :42: (Y)
(Y) (Y) (Y) (Y) (Y) (Y) (Y) (Y) (Y) (Y) (Y) (Y) (Y) (Y) (Y)
BIG HEART
3
.
:|] :|] :|] :|] :|] :|] :|] :|] :|] :|] :|] :|]
:|] :|] <3 <3 <3 :|] :|] <3 <3 <3 :|] :|]
:|] <3 <3 <3 <3 <3 <3 <3 <3 <3 <3 :|]
:|] <3 <3 <3 <3 <3 <3 <3 <3 <3 <3 :|]
:|] <3 <3 <3 <3 <3 <3 <3 <3 <3 <3 :|]
:|] :|] <3 <3 <3 <3 <3 <3 <3 <3 :|] :|]
:|] :|] :|] <3 <3 <3 <3 <3 <3 :|] :|] :|]
:|] :|] :|] :|] <3 <3 <3 <3 :|] :|] :|] :|]
:|] :|] :|] :|] :|] <3 <3 :|] :|] :|] :|] :|]
:|] :|] :|] :|] :|] :|] :|] :|] :|] :|] :|] :|]