Showing posts with label Windows Tips And Tricks. Show all posts
Showing posts with label Windows Tips And Tricks. Show all posts
Monday, May 27, 2013
Multiple Bootable Operating Systems တွေကို USB Stick တစ်ခုထဲမှာ အင်စတောလုပ်မယ်
1
USB Stick ကနေ windows အင်စတောလုပ်နည်း  ကို ရေးပေးဖူးပါတယ်။အဲဒီလို လုပ်ဖို့ အတွက် microsoft ရဲ့ windows 7 usb/dvd download  tool ကို အသုံးပြုပါတယ်။Windows 7 usb/dvd download tool က operating system တစ်ခု တည်းကို ပဲ usb stick မှာ အင်စတောလုပ်ပေးနိုင်ပါတယ်။Operating systems အများအပြားကို usb stick မှာ အင်စတောလုပ်ချင်ရင်တော့ အောက် မှာ ဆက်ဖတ်ပါ။USB stick ကနေ windows os ဒါမှမဟုတ်တစ်ခြား os တွေကို အင်စတောလုပ်ဖို့  iso ဖိုင်ကို အသုံးပြုရပါတယ်။ISO ဖိုင်ဆို တာ disk image file အမျိုးအစားတစ်ခု ဖြစ်ပါတယ်။အင်တာနက်ကနေ windows os တွေ ဒေါင်းလုပ်ရရှိရင် iso ဖိုင်အနေနဲ့ ရရှိပါတယ်။တကယ်လို့ သင်ဟာ ဆိုင်က windows os အခွေကို ၀ယ်ယူထားတယ်ဆိုရင် PowerISO လို မျိုး ဆော့ဝဲသုံးပြီး ၀င်းဒိုး အခွေကနေ iso ဖိုင် ပြုလုပ်နိုင်ပါတယ်။
Windows os တစ်ခု ကို usb stick မှာ အင်စတောလုပ်ဖို့  usb ရဲ့  storage ဟာ 4 gb လောက်နေရာရှိရပါမယ်။Windows os အများအပြားကို  usb stick မှာ အင်စတောလုပ်ဖို့  usb stick ရဲ့  storage က လုံလောက်တဲ့ အနေအထားမှာ ရှိရပါမယ်။ကျွန်တော့်မှာ 4gb ပဲဆန့် တဲ့ usb stick ပဲရှိတဲ့အတွက်   ဒီဆောင်းပါးမှာတော့ windows os တွေကို အင်စတောမလုပ်ဘဲ kaspersky rescue disk iso, bitdefender rescue cd iso စတာတွေကို သုံးပြီးစမ်းသပ်ပါတယ်။ဆိုလို ချင်တာက windows os iso တွေ တစ်ခြား os iso တွေကို သုံးနိုင်ပါတယ်။
MultiBootUSB
Portable freeware တစ်ခု ဖြစ်ပါတယ်။Application ကို run ပြီးရင် Step 1 မှာ usb stick ကို ရွေးပေးပါ။Step 2 မှာတော့ iso ဖိုင်ကို ရွေးပေးပါ။ပြီးရင် Create ကို နှိပ်ပါ။
ashampoo 03
ပြီးရင်တော့ အချိန်အနည်းငယ်စောင့်ပါ။
ashampoo 04
ပြီးသွားရင် တော့ အပေါ်ကအဆင့်အတိုင်းပဲနောက်ထပ် os တစ်ခု usb stick မှာ အင်စတောလုပ်ပါ။USB stick နဲ့ ဆန့် သလောက် os တွေ အင်စတောလုပ်နိုင်ပါတယ်။အားလုံးပြီးသွားရင် QEMU ကို နှိပ်ပါ။QEMU က machine emulator and virtualizer ဖြစ်ပြီး သင့် usb stick မှာ အင်စတာလုပ်ထားတဲ့ os တွေ တကယ်အလုပ် လုပ်မလုပ်စမ်းသပ်နိုင်ပါတယ်။Usb stick ကို စမ်းသပ်ဖို့  အတွက် Boot USB ကို နှိပ်ပါ။ကျွန်တော့်စမ်းသပ်ချက်မှာတော့ ဒီ feature ကကောင်းကောင်းအလုပ်မလုပ်ပါဘူး။အဲဒီအတွက် windows ကို restart ချပြီး boot menu မှာ usb stick ကနေ boot တက်ပြီးစမ်းသပ်ကြည့်တော့အဆင်ပြေတာတွေ့ ရပါတယ်။
ashampoo 01
YUMI – Multiboot USB Creator
နောက် tool တစ်ခု ကတော့ YUMI – Multiboot USB Creator ဆို တဲ့ freeware ပါ။Step 1 မှာ usb stick ကို ရွေးပေးပါ။Step 2 မှာ windows ကို အင်စတောလုပ်ရင် Windows Vista/7/8 Installer ဒါမှမဟုတ် Windows XP ကို အင်စတောလုပ်ရင် Windows XP Installer ကို ရွေးပါ။ပြီးရင် iso ဖိုင်ကို ရွေးပေးပြီး Create ကိုနှိပ်ပါ။
ashampoo 05
အချိန်အနည်းငယ်စောင့်ပါ။
ashampoo 07
OS တစ်ခု အင်စတောလုပ်ပြီးရင် နောက် os တစ်ခု အင်စတောလုပ်ဖို့ အပေါ်ကနည်းအတိုင်းလုပ်ပါ။YUMI မှာတော့ QEMU (machine emulator and virtualizer ) မပါရှိတဲ့အတွက် ၀င်းဒိုးကို restart ချပြီး usb ကနေ boot တက်ပြီး အလုပ် လုပ်မလုပ်စမ်းသပ်နိုင်ပါတယ်။အိုကေတယ်ဆိုရင်တော့ သင့် USB stick ကနေ windows os အများအပြားကို အင်စတောလုပ်နိုင်ပါပြီ။
Friday, May 24, 2013
Remove Windows 7 SP1 backup files and reclaim disk space
1
Windows 7 Service Pack 1 ကို အင်စတောလုပ်နည်း ကို ရေးပေးပြီးပါပြီ။Service pack 1 ကိုအင်စတောလုပ်ပြီးရင် မလိုအပ်တော့တဲ့ backup files တွေ ကျန်ခဲ့ပါတယ်။အဲဒီ backup files တွေ ရဲ့ ဆိုက်က 500 mb ၀န်းကျင်လောက်ရှိပြီးမလိုအပ်တော့တဲ့အတွက် သင့်ကွန်ပြူတာ မှာ နေရာလွတ်တွေ ရနိုင်အောင်ရှင်းထုတ်နိုင်ပါတယ်။
Windows search box ကနေ disk cleanup လို့ ရိုက်ပြီး Disk Cleanup ကို ဖွင့်ပါ။
ashampoo 04
နောက်အဆင့်မှာ System drive ကို ရွေးပေးပြီးနောက်အဆင့်မှာ Clean up system files ကို နှိပ်ပါ။
ashampoo 06
Service Pack Backup Files ဆိုတဲ့ check box မှာ အမှန်ခြစ်ပေးပြီး OK နှိပ်ပါ။ဒါဆိုရင်သင့်ကွန်ပြူတာမှာ နေရာလွတ်တွေရရှိပါပြီ။
ashampoo 07
Easily Disable USB Drives Or Read/Write Access For Guest Users With Ratool
1
USB sticks, removable drive စတာတွေဟာ virus တွေသယ်ဆောင်ဖြန့် ဖြူးနေတဲ့ အရာတွေ ဖြစ်ပါတယ်။သင့် ကွန်ပြူတာမှာ တစ်ခြားသူတွေ သူတို့  USB sticks, removable drive တွေကို တပ်ပြီးအသုံးပြုလို့ မရအောင် ကာကွယ်ပေးနိုင်တဲ့ portable freeware ဖြစ်တဲ့ Ratool (removable access tool) နဲ့ မိတ်ဆက်ပေးပါရစေ။
Ratool ကို run ပြီးရင် option သုံးခု ရွေးချယ်နိုင်ပါတယ်။ပထမ option က  Default option ဖြစ်ပြီး (Allow Read & Write) ဖြစ်တဲ့အတွက် USB devices တွေကို ပုံမှန်အတိုင်းအသုံးပြုနိုင်မှာပါ။
ဒုတိယ option က read only ဖြစ်ပြီး usb device တွေမှာ write လုပ်တာကို ပိတ်ထားပေးပြီး read only ပဲအသုံးပြုခွင့်ရမှာပါ။
တတိယ option က Disable USB Disks Detection ဖြစ်ပြီး သင့်ကွန်ပြူတာက usb devices တွေကို မသိရှိနိုင်တော့ပါဘူး။
ashampoo 02
Tools menu မှာတော့ Show Hidden Files On The Drive, Device Autorun Disable, Safely Remove Hardware စတဲ့ tools တွေကို သုံးနိုင်ပါတယ်။
ashampoo 03
Checkout Ratool (removable access tool) @ www.sordum.org/8104/ratool-v1-0-removable-access-tool/
Monday, May 6, 2013
Enable, Disable Secure Logon In Windows 7&8
1
Windows 7 , 8 ကွန်ပြူတာတွေ မှာ logon လုပ်တဲ့အခါမှာ password တွေကို virus, spyware တွေ က ကြားဖြတ်ဖမ်းယူနိုင်ပါတယ်။အဲဒီအတွက် Microsoft က Windows မှာ secure logon ကို ထည့်သွင်းပေးထားပြီး virus ,spyware တွေ သင့် password ကို မခိုးယူနိုင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။သင့်ဝင်းဒိုးအကောင့်ကို အလုံခြုံဆုံး ကာကွယ်ထားချင်ရင်တော့ အောက်မှာ ဆက်ဖတ်ပါ။
Win+R ကို နှိပ်ပြီး netplwiz လို့ ရိုက်ပြီး ok  နှိပ်ပါ။Advanced ကိုနှိပ်ပြီး Secure sign-in အောက်က check box မှာ အမှန်ခြစ်ပေးပါ။
2
ဒါဆိုရင် နောက်တစ်ခါ သင် logon လုပ်တဲ့အခါမှာ Press Ctrl+Alt+Del to sign in ဆိုတဲ့စာသားကိုတွေ့ မြင်နိုင်ပြီး Ctrl+Alt+Del ကိုနှိပ်ပြီးမှ သင့်အကောင့်ကို sign in လုပ်နိုင်မှာပါ။
1
သင် logon လုပ်တိုင်း Ctrl+Alt+Del ကို နှိပ်နေရတာ အလုပ်ရှုပ်တယ်ဆိုရင် Local Security Policy ကို သုံးပြီး Ctrl+Alt+Del နှိပ်စရာမလို အောင်ပြုလုပ်နိုင်ပါတယ်။ဒီလိုလုပ်ဖို့  Win+R ကိုနှိပ်ပြီး secpol.msc လို့ ရိုက်ပြီး ok နှိပ်ပါ။ဘယ်ဘက်က Local Policies ကိုနှိပ်ပြီး ညာဘက်က Security Options ကို double click နှိပ်ပါ။
ashampoo 01
Interactive logon: Do not require CTRL+ALT+DEL ကို double click နှိပ်ပြီး Enabled မှာ အမှန်ခြစ်ပေးပြီး Apply နှိပ်ပြီးထွက်ပါ။ဒါဆိုရင် သင့်အကောင့်ကို logon လုပ်တိုင်း Ctrl+Alt+Del နှိပ်စရာမလို တော့ဘဲဝင်နိုင်ပြီဖြစ်ပြီး virus , spyware တွေ သင့်အကောင့် password ကို ခိုးယူခြင်းမှလည်းကာကွယ်ပြီးသားဖြစ်သွားပါပြီ။
ashampoo 02
Thursday, May 2, 2013
ကွန်ပြူတာက ကွန်နက်ရှင်ကို Android Phone မှာသုံးမယ်
1
Android Phone က ကွန်နက်ရှင်ကို USB tether (or)  Wifi hotspot ပြုလုပ်ပြီး ကွန်ပြူတာမှာ သုံးလို့ ရတာကို တော့သိကြမှာပါ။အပြန်အလှန်အားဖြင့် ကွန်ပြူတာက ကွန်နက်ရှင်ကို Connectify သုံးပြီး သင့် ဖုန်း မှာ ကွန်နက်ရှင်သုံးနိုင်ပါတယ်။Connectify မသုံးချင်ရင် Reverse Tethering ဆိုတဲ့ portable software ကို သုံးနိုင်ပါတယ်။ဒီ ဆော့ဝဲကို သုံးဖို့  သင့် ဖုန်း ဟာ root လုပ်ပြီးသားဖြစ်ရမှာပါ။Android phone တွေကို အလွယ်တကူ root လုပ်ပေးနိုင်တဲ့ one click root tool တွေ ကို လည်းတင်ပေးထားပါတယ်။နောက်ပြီးသင့်ဖုန်း ရဲ့ setting ထဲမှာ USB Debugging ကို အမှန်ခြစ်ပေးထားရပါမယ်။
Reverse Tethering ကို ဒေါင်းလုပ်လုပ်ပြီးရင်သင့်ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ပါ။ Android Tool.exe ကို run ပါ။Device ကို ရှာမတွေ့ သေးရင် Refresh ကို နှိပ်ပါ။သင့် device ကို ရှာတွေ့ ရင် Connect ကို နှိပ်ပါ။သင့်ဖုန်းမှာ USB Tunnel ဆို တဲ့ application ကို အင်စတောလုပ်ပါလိမ့်မယ်။
ashampoo 06
အောက်ကပုံမှာလို မြင်ရရင်တော့ ချိတ်ဆက်မိသွားပြီး သင့်ဖုန်းမှာ ကွန်နက်ရှင်ရပြီးသုံးနိုင်ပါပြီ။
ashampoo 08
Download Reverse Tethering 3.2 from Dropbox  (or)  Mirrorcreator
Tuesday, April 30, 2013
Super Mode In Windows 8
2
Windows 8 ရဲ့  Control Panel Setting အားလုံးကို တစ်နေရာတည်းကနေ အသုံးပြုလို့ ရနိုင်မယ့်  Super Mode ကို shortcut ပြုလုပ်ပြီးသုံးနိုင်ပါတယ်။Windows 7 မှာ God Mode ပြုလုပ်ပြီးအသုံးပြုနိုင်သလို Windows Vista မှာ Master Control Panel ပြုလုပ်အသုံးပြုနိုင်ပါတယ်။Windows 8 ရဲ့ Super Mode အသုံးပြုနည်းကို အောက်မှာ ဆက်ဖတ်ပါ။
Super Mode ကို shortcut ပြုလုပ်ပြီးသုံးဖို့ နည်း နှစ်နည်းရှိပါတယ်။ပထမနည်းက desktop ပေါ်မှာ right click နှိပ်ပြီး New Folder တစ်ခု ပြုလုပ်ပါ။Folder Name ကို အောက်ကနာမည်ပေးပါ။
SuperMode.{ED7BA470-8E54-465E-825C-99712043E01C}
နောက်တစ်နည်းက desktop ပေါ်မှာ right click နှိပ်ပြီး New Shortcut ပြုလုပ်ပါ။Location နေရာမှာ အောက်က စာသားဖြည့်ပေးပါ။
%WinDir%\explorer.exe shell:::{F90C627B-7280-45db-BC26-CCE7BDD620A4}
ဒါဆိုရင် Windows 8 ရဲ့  Super Mode ကို အောက်ကပုံမှာလို တွေ့ မြင်နိုင်ပါတယ်။
4
Super Mode ထဲဝင်ကြည့်ရင်တော့ Windows 8 ရဲ့ Control Panel Setting တွေ အားလုံးကို တွေ့ မြင်နိုင်မှာပါ။
ashampoo 02
Friday, April 26, 2013
Connectify Hostspot Pro & Dispatch 4 Full Version
1
ကွန်ပြူတာက အင်တာနက် ကွန်နက်ရှင်ကို Wifi ပြန်လွှင့်ပေးနိုင်တဲ့ Connectify ကို တော့ တော်တော်များများသိကြပါတယ်။Connectify Hotspot Pro & Dispatch က Wifi ပြန်လွှင့်ပေးနိုင်တဲ့ အပြင် သင့်ကွန်ပြူတာ က တစ်ခု ထက်ပို တဲ့  အင်တာနက် ကွန်နက်ရှင် တွေကို စုစည်းပေးနိုင်ပြီး ကွန်နက်ရှင်ကောင်းအောင်လုပ်ပေးနိုင်ပါတယ်။Cable တွေကနေအသုံးပြုနေတဲ့ ကွန်နက်ရှင်တွေ၊ mobile phone ကနေ usb ကတဆင့် tether လုပ်ပြီးသုံးနေတဲ့ ကွန်နက်ရှင်တွေ ၊ Wifi ကနေ အသုံးပြုနေတဲ့ ကွန်နက်ရှင်တွေ စတဲ့ အမျိုးမျိုးသော ကွန်နက်ရှင်တွေကို ပေါင်းစုပေးပြီး လိုင်းအကောင်းဆုံးဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။
Connectify အသုံးပြုနည်း
Connectify အသုံးပြုရတာလွယ်ကူပါတယ်။Hotspot Name ကို ကြိုက်နှစ်သက်ရာ နာမည်ပေးပါ။Password ကို နှစ်သက်ရာပေးပါ။Internet to Share မှာ Automatic ကို သုံးနိုင်သလို Dispatch ကို ပါသုံးနိုင်ပါတယ်။Clients ကို နှိပ်ရင် သင့် Wifi Hotspot မှာ ချိတ် ဆက်နေတဲ့ devices တွေကို တွေ့ မြင်နိုင်ပါတယ်။အဲဒီ device တွေ အပေါ်ကို right click နှိပ်ပြီး Disable Internet Access ကို နှိပ်ပြီး သင့် Hotspot မှာ ချိတ်ဆက်နေတဲ့ devices တွေကို ကန့် သတ်နိုင်ပါတယ်။
ashampoo 02ashampoo 03
Dispatch အသုံးပြုနည်း
Dispatch ကို အသုံးပြုဖို့ အတွက် တစ်ခု ထက်ပို တဲ့ ကွန်နက်ရှင်ရှိရပါမယ်။ဥပမာ အားဖြင့် သင် ဟာ Ethernet ကြိုး ကွန်နက်ရှင်အပြင် mobile phone က wifi ကွန်နက်ရှင်ပါရနေတယ်ဆိုပါစို့ ။သေချာအောင် Network and Sharing Center ထဲသွားကြည့်ပါ။အောက်ကပုံမှာလို ကွန်နက်ရှင်နှစ်ခု ချိတ်ဆက်နေရပါမယ်။
2
Dispatch ကို နှိပ်ပြီး Show Dispatch ကို နှိပ်ပါ။
ashampoo 04
Start Dispatch ကို နှိပ်ပါ။ဒါဆို ရင် Active Adapters မှာ (2) လို့ ပြပြီးအောက်မှာတော့ ချိတ်ဆက်နေတဲ့ Adapter နှစ်ခု ကို တွေ့ မြင်နိုင်ပါတယ်။Dispatch က ကွန်နက်ရှင်တွေ အားလုံးကို စုပေါင်းပြီး အကောင်းဆုံးအနေအထားရရှိအောင်ပြုလုပ်ပေးပါလိမ့်မယ်။
3
4
Download Connectify Hotspot & Dispatch (5.7) mb  From Dropbox  (or) Mirrorcreator
Thursday, April 25, 2013
System Update Readiness Tool to repair Windows Update
1
Windows Update လုပ်တဲ့အခါမှာ Error တွေ ကျလာရင် System Update Readiness Tool နဲ့ ဖြေရှင်းနိုင်ပါတယ်။Error ကျလာရတာကတော့ သင့် ၀င်းဒိုး ရဲ့ file data,registry , system files စတာတွေ ပျက်ဆီးနေလို့ ဖြစ်ပါတယ်။ဒီလို အခြေအနေမျိုးမှာ System Update Readiness Tool ကို သုံးပြီးသင့်ကွန်ပြူတာရဲ့ ပျက်ဆီးနေတဲ့ system files တွေကို ပြန်ပြုပြင်ပေးမှသာ update လုပ်နိုင်မှာပါ။
Windows 8 user တွေ အတွက် system update readiness tool က နဂို ပါပြီးသားဖြစ်တဲ့ အတွက် ဒေါင်းလုပ်လုပ်စရာမလို ပါဘူး။Command Prompt ကို admin အနေနဲ့ ဖွင့်ပြီး အောက်က command တွေ ကို တစ်ခု ချင်းစီ ရိုက်ထည့် ပြီး enter ခေါက်ပါ။
1.  DISM.exe /Online /Cleanup-image /Scanhealth
2.  DISM.exe /Online /Cleanup-image /Restorehealth
2
ပြီးရင် exit နှိပ်ပြီး command prompt ကို ပိတ်လို့ ရပါတယ်။Control Panel က Windows Update ကိုနှိပ်ပြီး update ပြန်လုပ်ကြည့်ပါ။
Windows 7, Windows Vista, Windows Server 2008 R2, and Windows Server 2008  အသုံးပြုသူတွေ အတွက် System Update Readiness Tool ကို Microsoft ၀က်ဆိုက်က ဒေါင်းလုပ်လုပ်ပြီး run ပါ။Instruction တွေအတိုင်းဆက်လုပ်သွားပါ။သင့်ကွန်ပြူတာက ပျက်ဆီးနေတဲ့ System Files တွေကို scan လုပ်ပြီး ပြုပြင်ပေးမှာ ဖြစ်တဲ့အတွက် အချိန်ကြာမြင့်နိုင်ပါတယ်။နောက်ဆုံး complete dialog box ပေါ်လာရင် တော့ Windows Update ပြန်လုပ်ကြည့်ပါ။အဆင်ပြေပါစေ။
ashampoo 01
Friday, April 19, 2013
How To Add My Computer To Windows 8 Start Screen And Desktop
1
Windows 8 ကို clean install လုပ်ရင်  My Computer icon ကို desktop မှာရော start screen မှာပါ မတွေ့ ရှိနိုင်ပါဘူး။Windows 7 နဲ့ တစ်ခြားဝင်းဒိုးတွေကနေ upgrade လုပ်မှသာ My Computer icon ကို desktop မှာတွေ့ မြင်နိုင်ပါတယ်။အဲဒီအတွက် My Computer icon ကို Windows 8 ရဲ့ desktop , start screen မှာ တွေ့ မြင်အသုံးပြုနိုင်ဖို့ နည်းကို မျှဝေပါတယ်။Windows 7 အသုံးပြုသူတွေအတွက် start menu က My Computer ပေါ်ကို right click နှိပ်ပြီး show on desktop ကိုနှိပ်ပြီးအလွယ်တကူ desktop မှာ My Computer icon ကို ထားရှိနိုင်ပါတယ်။Windows 8 မှာ start menu မပါရှိတော့တဲ့ အတွက် ဒီလို လုပ်လို့ မရတော့ပါဘူး။Windows 8 မှာ start menu အသုံးပြုချင်ရင်တော့ ဒီဆောင်းပါး  ကို ဖတ်ပါ။Start menu အစားထိုး ပေးနိုင်တဲ့ program တွေ ကို မသုံးချင်ရင်တော့ အောက်ကနည်းတွေကို အသုံးပြုပါ။
Show My Computer On Desktop
Desktop ပေါ်မှာ right click နှိပ်ပြီး Personalize ကိုနှိပ်ပါ။
2
နောက်ပေါ်လာတဲ့ ၀င်းဒိုးမှာ Change desktop icons ကိုနှိပ်ပါ။
3
နောက်ပေါ်လာတဲ့ ၀င်းဒိုးမှာ Computer ဆိုတဲ့ check box မှာ အမှန်ခြစ်ပေးပြီး Apply နှိပ်ပြီး OK နှိပ်ပါ။ဒါဆိုရင် Windows 8 desktop မှာ My Computer icon ကို သင်တွေ့ မြင်နိုင်ပါပြီ။
4
Add My Computer To Start Screen
Win + E  ကို နှိပ်ပြီး file explorer ကိုဖွင့်ပါ။Computer ပေါ်ကို right click နှိပ်ပြီး Pin to Start  ကို နှိပ်ပါ။ဒါဆိုရင် My Computer ကို start screen မှာ တွေ့ မြင်နိုင်ပါပြီ။My Computer icon ကို start screen မှာ သင်ကြိုက်တဲ့ နေရာ ချထားဖို့ အတွက် Customize Windows 8 Start Screen ဆိုတဲ့ ဆောင်းပါးကို ဖတ်ပါ။
5
Tuesday, April 9, 2013
Miss Gadgets & Widgets On Windows 8? Here’s How You Can Get Them Back
1
Windows Gadgets တွေကို သုံးရတာ သဘောကျတဲ့သူတွေ အတွက်  စိတ်မကောင်းစရာကတော့  Microsoft က Windows 8  မှာ Gadgets တွေကို ဖြုတ်လိုက်တာပါပဲ။ဒါပေမယ့် Third Party Software Developer တွေရဲ့ ကျေးဇူးကြောင့် သင် Windows 8 မှာ Gadgets တွေကို ပြန်ပြီးအသုံးပြုနိုင်ပါပြီ။
8GadgetPack
2
အရင်ဝင်းဒိုးတွေ မှာ လို desktop ပေါ်မှာ right click နှိပ်ရင် Gadgets ကို တွေ့ မြင်နိုင်ပြီး View ကို ထောက်ကြည့်ရင် Show desktop gadgets ကို လည်းတွေ့ မြင်နိုင်ပြီးအလွယ်တကူ gadgets တွေကို  Show/Hide လုပ်နိုင်ပါတယ်။
3
Desktop ပေါ်မှာ right click နှိပ်ပြီး Gadgets ကို နှိပ်ရင် Gadgets တွေ ကို တွေ့ မြင်နိုင်ပြီး double click နှိပ်ပြီး ဒါမှမဟုတ် drag and drop လုပ်ပြီး Desktop ပေါ်မှာ နေရာချထားနိုင်ပါတယ်။အခုဒီဆောင်းပါးရေးတဲ့အချိန်မှာတော့ Gadgets ပေါင်း (45) ခုရှိပြီး နောက်ပိုင်းမှာ Gadgets တွေ ပိုမိုများပြားလာအောင် ပြုလုပ်ပေးမယ်လို့ သိရပါတယ်။clock, weather, calendar, sticky notes,  slideshow widgets,battery power, CPU usage, GPU usage, hard drive info, and processes,network monitor,rss feed စတဲ့ gadgets တွေ ပါရှိပါတယ်။အသေးစိတ်ကို 8GadgetPack ၀က်ဆိုက်မှာ ကြည့်နိုင်ပါတယ်။
4
Sunday, April 7, 2013
Softperfect Wi-Fi Guard : Protect Your Wireless Network From Intruders
1
မိမိရဲ့ Wireless Network ကို ခိုးသုံးနေသူများ ရန်မှကာကွယ်ဖို့  Softperfect Wi-Fi Guard ဆို တဲ့ freeware ကို သုံးပါ။Windows ,Mac, Linux စတဲ့ os တွေ မှာသုံးနိုင်ပါတယ်။Windows အသုံးပြူသူတွေ အတွက် portable version လည်းရှိပါတယ်။သင့် wireless network မှာ ချိတ်ဆက်နေတဲ့ devices တွေကို scan လုပ်ပေးနိုင်ပါတယ်။ Manual Scan လုပ်နိုင်သလို အချိန်အတိုင်းအတာတစ်ခု သတ်မှတ် ပြီး အဲဒီ အချိန်ရောက်ရင် အလို လို  scan လုပ်ပေးနိုင်ပါတယ်။Device တစ်ခု သင့် network ကို လာချိတ်ဆက်ရင် အသံပေးပြီး alert လုပ်နိုင်ပါတယ်။
ashampoo 03
Download Softperfect Wi-Fi Guard @ http://www.softperfect.com/products/wifiguard/
WizTree : Easily Find Large Files On Any Hard Drive
1
သင့်ကွန်ပြူတာမှာ နေရာလွတ် တွေ သိပ်မကျန်တော့ဘူးဆို ရင် မလို အပ်တဲ့ အသုံးမပြုတဲ့ ကြီးမားတဲ့ဖိုင်တွေကို ရှာပြီး ဖျက်ပစ်သင့်ပါတယ်။ဒီလို ကြီးမားတဲ့ဖိုင်တွေကို ရှာဖွေ  ပြီးဖျက်ဖို့ အတွက် design လုပ်ထားတဲ့ WizTree ဆို တဲ့ freeware က သင့်ကွန်ပြူတာက ကြီးမားတဲ့ ဖိုင်တွေကို စက္ကန့် ပိုင်းအတွင်းမှာပဲလျှင်မြန် စွာ ရှာဖွေ ပေးနိုင်ပါတယ်။တစ်ခြား WizTree လို မျိုး အလားတူ application တွေ ထက်အလွန်လျှင်မြန်စွာ scan လုပ်ပေးနိုင်တဲ့ အချက်က WizTree ရဲ့ အလွန်အားသာတဲ့အချက်ပါပဲ။WinTree က သင့် hard drive တွေကို အမှန်တကယ် scan လုပ်ပေးတာမဟုတ်ဘဲ ntfs hard drive တွေရဲ့ Master File Table(MFT) က သတင်းအချက်အလက်တွေကိုသာရယူလိုက်တာဖြစ်တာကြောင့် အလွန်လျှင်မြန်တာပါ။WizTree  က ntfs drive တွေကို သာ scan လုပ်ပေးနိုင်တာကို တော့ သတိပြုပါ။
သင် scan လုပ်ချင်တဲ့ drive ကို ရွေးပြီး Scan ကို နှိပ်ရင် စက္ကန့် ပိုင်း အတွင်းမှာပဲ အဲဒီ hard drive က ဖိုင်တွေကို သင့် hard drive မှာ နေရာယူထားတဲ့ ရာခိုင်နှုန်း အလိုက် ဖိုင်ဆိုက်အလိုက် တွေ့ မြင်နိုင်ပါတယ်။Tree View မှာ တော့ hard drive မှာ ရှိတဲ့ ဖိုဒါတွေ ၊ဖိုဒါတွေ အောက်က sub folder တွေ ၊ဖိုင်တွေကို Parent Folder မှာ နေရာယူ ထားတဲ့ ရာခိုင်နှုန်း အလိုက်တွေ့ မြင်နိုင်ပြီးဖိုင်ဆိုက်ကို ပါတွေ့ မြင်နိုင်ပါတယ်။သင်အလို မရှိတဲ့ ဖိုင်တွေ ဖိုဒါတွေကို right click နှိပ်ပြီး Delete ကို နှိပ်ပြီးဖယ်ရှားနိုင်ပါတယ်။Windows Explorer ကနေကြည့်ချင်ရင်တော့ ဖိုဒါ၊ဖိုင် အပေါ်ကို right click နှိပ်ပြီး Explore Folder ကို နှိပ်ပါ။
ashampoo 01
ဆိုက်အကြီးဆုံး ဖိုင် 1000 ကိုလည်း ဖိုင်ဆိုက်အလိုက်ကြီးစဉ်ငယ်လိုက်ကြည့်ဖို့ အတွက် Top 1000 Largest Files ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။
ashampoo 02
WizTree က အင်စတောလုပ်စရာမလို တဲ့ portable version ဖြစ်ပြီး antibody-software.com မှာ အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Thursday, March 28, 2013
Windows Uninstaller : Tool To Uninstall Windows From Dual-Boot
ashampoo 01
Windows 7 နဲ့ Windows 8 ကို Dual-Boot လုပ်နည်းကို ရေးပေးပြီးပါပြီ။နောက်ပြီး Dual-Boot ကနေ Windows 8 ကို uninstall လုပ်နည်းကိုလည်းရေးပေးပြီးပါပြီ။Dual-Boot ကနေ မလို ချင်တဲ့ ၀င်းဒိုးတွေကို ပြန်ဖြုတ်ရတာ လုပ်ရတဲ့ အဆင့်တွေ များပါတယ်။Windows Uninstaller ဆိုတဲ့ ဆော့ဝဲက လွယ်လွယ်ကူကူနဲ့  Dual-Boot သုံးနေတဲ့ ကွန်ပြူတာက Windows (Vista, Windows 7, and Windows 8 only) တွေကို လွယ်လွယ်ကူကူ Uninstall လုပ်ပေးနိုင်ပါတယ်။
Windows Uninstaller ကို Developer Page မှာ ဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ်ပါ။Portable Version လည်းရှိပါတယ်။ဥပမာ အားဖြင့် Windows 7 နဲ့ Windows 8 ကို Dual-Boot လုပ်ပြီးသုံးနေပြီး Windows 7 ကို uninstall လုပ်ချင်တယ်ဆိုပါစို့ ။ဒါဆိုရင် Windows 8 ကနေ boot တက်ပြီး Windows Uninstaller ကို install လုပ်ပါ။Windows 7 မှာ ရှိတဲ့ ဖိုင်တွေကို မဖျက် ဘဲ system files တွေကို ပဲ ဖျက်ပစ်မှာ ဖြစ်တယ်လို့  Developer ကပြောပေမယ့် ဖိုင်တွေကို Backup လုပ်ထားဖို့ အကြံပေးပါတယ်။ပြီးရင် Windows Uninstaller ကို Admin အနေနဲ့  run ပါ။Scan ကိုနှိပ်ပါ။
ashampoo 02
နောက် ၀င်းဒိုး တစ်ခု ပေါ်လာပြီး Windows 7 အင်စတောလုပ်ထားတဲ့ drive ကို မှန်ကန်စွာရွေးပေးပြီး OK နှိပ်ပါ။
ashampoo 03
နောက် အဆင့်မှာ Uninstall  ကို နှိပ်ပါ။
ashampoo 04