Sunday, September 30, 2012

SuperSorter : Remove Duplicate Bookmarks , Sort Alphabetically(Chrome)

Internet ကိုနှစ်ခြိုက်စွာအသုံးပြုသူတွေအနေနဲ့ browser မှာ bookmark တွေတော်တော်များများ သိမ်းထားကြမယ်လို့ ယုံကြည်ပါတယ်။အဲဒီ bookmark တွေထဲမှာ တူနေတဲ့ bookmark တွေလည်းရှိကောင်းရှိနိုင်ပါတယ်။အဲဒီ bookmark တွေကို manually လိုက်ရှာပြီး ရှင်းထုတ်ဖို့ ဆိုတာပျင်းစရာကောင်းပြီးအချိန်ကုန်ပါတယ်။အဲဒီပြဿနာကိုဖြေရှင်းပေးဖို့ supersorter ဆိုတဲ့ chrome extension ရှိပါတယ်။Extension ကို install လုပ်ပြီးတာနဲ့  chrome url bar ဘေးမှာ supersorter icon လေးပေါ်လာပါပြီ။အဲဒီ icon ကို right click နှိပ်ပြီး option ထဲဝင်ပါ။

1

Sort automatically ဆိုတဲ့ နေရာမှာအမှန်ခြစ်ပေးရင်တော့ သင့် bookmark တွေကို alphabetically စီပေးပါလိမ့်မယ်။Duplicate bookmark တွေကိုရှာပြီးရှင်းဖို့ အတွက်တော့ Ignore Bookmarks Bar မှအမှန်ခြစ်ကိုဖြုတ်ပြီး Save options လုပ်ပေးပြီး Find all duplicates now ကိုနှိပ်ပေးပါ။

2

အခုဆိုရင်တော့ duplicate bookmarks   တွေပေါ်လာပါပြီ။ တူနေတဲ့  bookmark တွေထဲက ပထမ ဒါမှမဟုတ် ဒုတိယ သင်ကြိုက်နှစ်သက်ရာကိုရွေးချယ်ပြီး Delete selected ကိုနှိပ်လိုက်တာနဲ့ သင့် browser က duplicate bookmark တွေကိုရှင်းထုတ်နိုင်ပါပြီ။

Install SuperSorter

How to install

Click the link and wait  5 seconds.

Click SKIP AD.

adfly

0 comments:

Post a Comment