Showing posts with label Operating System. Show all posts
Showing posts with label Operating System. Show all posts
Wednesday, March 20, 2013
Windows 8 Enterprise(Pre Activated)
1
Windows 8 Pro ကို ဒေါင်းလုပ်လုပ်နိုင်ဖို့ ဆောင်းပါးရေးပေးပြီးပါပြီ။အခု တစ်ခါ Enterprise Edition(both 32 and 64 bit) ကို လို ချင်သူတွေ အတွက် မျှဝေပါတယ်။Windows 8 edition တွေထဲမှာ Enterprise Edition က feature အများဆုံးပါ။အသေးစိတ်သိချင်ရင် Wikipedia ဆောင်းပါးမှာဖတ်ပါ။ကျွန်တော် Windows 8 Enterprise ကို torrent ဆိုက်ကရရှိတာပါ။ကျွန်တော့် file hosting site တွေကို  ပြန် တင်ပေးဖို့ ဖိုင်ဆိုက်က ကြီးတာရယ် ကွန်နက်ရှင်မကောင်းတာရယ်ကြောင့် ပြန်မတင်ပေးနိုင်တော့ပါဘူး။အဲဒါကြောင့် Windows 8 Enterprise ကို လို ချင်ရင် အောက်က လင့်က နေ torrent ဖိုင်ကို ဒေါင်းလုပ်လုပ်ပါ။ပြီးရင် အဲဒီ torrent ဖိုင်ကို အသုံးပြုပြီး Windows 8 Enterprise ကို ဒေါင်းလုပ်လုပ်နည်းကို ဒီဆောင်းပါး မှာဖတ်ပါ။ဒေါင်းလုပ်လုပ်ပြီးရင် activate လုပ်စရာမလိုပါဘူး။Pre activated လုပ်ပြီးသားပါ။အဲဒီ အတွက် activator တွေ သုံးစရာမလို ပါဘူး။
ISO ဖိုင်အနေနဲ့ ရရှိလာမှာဖြစ်ပြီး CD/DVD မှာဘန်း ပြီးသုံးနိုင်သလို Bootable USB stick အဖြစ်ပြုလုပ်ပြီးလည်းသုံးနိုင်ပါတယ်။
Download Windows 8 Enterprise(32 and 64 -bit)(torrent)
Wednesday, February 27, 2013
Windows 7 (Home Premium , Professional & Ultimate)
1
Windows 8 Professional  ကိုဒေါင်းလုပ်လုပ်ဖို့ ဆောင်းပါး ရေးပေးဖူးပါတယ်။Windows 8 မသုံးချင်သေးသူတွေ အတွက် Windows 7 Home Premium,Professional,Ultimate စတဲ့  OS တွေ ရဲ့ official direct download link တွေကို ရှာတွေ့ လို့ မျှဝေလိုက်ပါတယ်။ISO ဖိုင်အနေနဲ့ ဒေါင်းလုပ်ရရှိမှာဖြစ်ပြီး ISO Burner တွေ နဲ့  cd/dvd မှာ burn ပြီးသုံးနိုင်ပါတယ်။Genuine ဖြစ်အောင်လုပ်ဖို့ အတွက် Windows 7 Loader  ကို အသုံးပြုနိုင်ပါတယ်။
Download Windows 7 Professional with Service Pack 1 (SP1):
32 bit
64 bit
Download Windows 7 Home Premium with Service Pack 1 (SP1):
32 bit
64 bit
Download Windows 7 Ultimate with Service Pack 1 (SP1):
32 bit
64 bit
Download Windows 7 Professional RTM without SP1:
32 bit
64 bit
Download Windows 7 Home Premium RTM without SP1:
32 bit
64 bit
Friday, December 7, 2012
Free Download Windows 8 Professional With Activator
1
Windows 8 pro for 32-bit and 64-bit နှစ်မျိုးစလုံးအတွက်တင်ပေးလိုက်ပါတယ်။Activator လည်းပါရှိပြီး စမ်းသပ်ပြီး အလုပ်ကောင်းကောင်းလုပ်တဲ့ အတွက် ပြန်လည် မျှဝေလိုက်ပါတယ်။ဒီ windows 8 ကို ကျွန်တော် torrent ဆိုက်ကနေ ရလာတာပါ။ဖိုင်ဆိုက် (4) gb လောက်ရှိတဲ့  အတွက် ကွန်နက်ရှင် အခက်အခဲ ကြောင့် ကျွန်တော့် ကိုယ်ပိုင် file hosting sites တွေကိုတော့ ပြန်မတင်ပေးနိုင်တော့ပါဘူး။Torrent ဖိုင်တွေအကြောင်းနဲ့  torrent ဖိုင်တွေကို ဘယ်လိုဒေါင်းလုပ်လုပ်ရတယ်ဆိုတာကို what is torrent file? and how to download it ဆိုတဲ့ဆောင်းပါးမှာဖတ်ပါ။Torrent ဖိုင်တွေကို torrent client တွေအသုံးမပြုဘဲ ဘယ်လို ဒေါင်းလုပ်လုပ်ရမလဲဆိုတာ ကို How to download torrent without torrent client ဆိုတဲ့ဆောင်းပါးမှာဖတ်ပါ။အောက်မှာလည်းဒေါင်းလုပ်လုပ်နည်း၊ install လုပ်နည်း၊ activate လုပ်နည်းတွေကို သေချာရှင်းပြပေးပါမယ်။
Before Downloading Windows 8
ဒေါင်းလုပ်မလုပ်ခင် windows 8 နဲ့  သင့်ကွန်ပြူတာ hardware,software တွေ နဲ့  compatible ဖြစ်မဖြစ်သိနိုင်ဖို့  windows 8 upgrade assistant ကို အသုံးပြုနိုင်ပါတယ်။
Windows 8 အတွက် လိုအပ်တဲ့ system requirements တွေကို microsoft website ကထုတ်ပြန်ထားတာကတော့
Processor: 1 gigahertz (GHz) or faster with support for PAE, NX, and SSE2 more info
RAM: 1 gigabyte (GB) (32-bit) or 2 GB (64-bit)
Hard disk space: 16 GB (32-bit) or 20 GB (64-bit)
Graphics card: Microsoft DirectX 9 graphics device with WDDM driver
ဒီထက်ပိုပြီးအသေးစိတ်ဖတ်ရှုကြည့်ချင်ရင်တော့ system requirement  page မှာဖတ်ပါ။
How To Download
အရင်ဆုံး Windows 8 pro torrent(.torrent)(40) kb ဖိုင်ကို ဒေါင်းလုပ်လုပ်ပါ။ပြီးရင် zbigz ဆိုက်ကိုသွားပြီး အကောင့်တစ်ခုလုပ်ပြီး သင့် အကောင့်ထဲ ၀င်ပါ။ Upload .torrent file ကိုနှိပ်ပြီး ဒေါင်းလုပ်လုပ်ထားတဲ့ windows 8 torrent(.torrent) ဖိုင်ကို upload လုပ်ပါ။ပြီးရင် Go ကိုနှိပ်ပြီး နောက် page တစ်ခု ပေါ်လာရင် free ကိုနှိပ်ပါ။ခနစောင့်ပြီးရင် caching complete လို့ ပေါ်လာရင် ဒေါင်းလုပ်လင့်ကိုနှိပ်ပါ။နောက် page တစ်ခုပေါ်လာရင် Free ကိုနှိပ်ရင်ဒေါင်းလုပ်စလုပ်ပါပြီ။ ဖိုင်ဆိုက်ကြီးတဲ့အတွက် တစ်ခါတည်း ဒေါင်းလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး။Zbigz က download resume support ပေးပါတယ် ။ IDM ကလည်း  download resume လုပ်ပေးနိုင်တဲ့ အတွက် တစ်ရက်တည်းဒေါင်းလုပ်မလုပ်နိုင်ရင် နောက်ရက်တွေမှာဆက်ပြီး ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Installing Windows 8 Pro
ဒေါင်းလုပ်ပြီးသွားရင် zip ဖိုင် တစ်ဖိုင် ရရှိပြီး အဲဒီဖိုင်ကို ဖြည်လိုက်ရင် windows 8( 32 and 64 )bit နှစ်မျိုးလုံးပါတဲ့ iso(.iso) ဖိုင်တစ်ဖိုင်၊ activator.exe ဖိုင်တစ်ဖိုင်၊ reg ဖိုင်တစ်ဖိုင် အားလုံး ဖိုင်(၃) ဖိုင် ရရှိမှာပါ။ISO ဖိုင်ကို burning softwares တွေထဲက iso ဖိုင်ကို burn ပေးနိုင်တဲ့ software တွေနဲ့ cd/dvd အလွတ်တစ်ခု မှာ burn ပါ။ပြီးရင် သင့်ကွန်ပြူတာကို restart ချပြီး BIOS setting ထဲဝင်ပြီး boot order မှာ cd/dvd ကနေ boot တက်ပြီး windows 8 ကို install လုပ်နိုင်ပါပြီ။
Upgrading Windows
လက်ရှိ windows os အသုံးပြုနေသူတွေအတွက် လက်ရှိ windows ကနေ windows 8 ကို upgrade လုပ်နိုင်ပါတယ်။Windows 8 installation wizard မှာ custom (or) upgrade ရွေးချယ်ရမယ့်နေရာမှာ upgrade ကို ရွေးပြီး upgrade လုပ်နိုင်ပါတယ်။
Upgrading Windows 7
သင်ဟာ windows 7 အသုံးပြုသူဆိုရင် တော့ windows 8 ကို upgrade လုပ်ရင် သင့် ရဲ့ applications (compatible with windows 8), windows settings, files တွေအားလုံး မပျက်ဆီးဘဲ အကုန် ပြန် ပါလာပါလိမ့်မယ်။
Upgrading Windows Vista
Windows Vista ကနေ upgrade လုပ်မယ်ဆိုရင်တော့ windows settings, files တွေ ပဲပြန်ပါလာပါလိမ့်မယ်။
Upgrading Windows XP
Windows XP ကနေ upgrade လုပ်မယ်ဆိုရင်တော့ files တွေပဲ ပြန်ပါလာပါလိမ့်မယ်။
Activating Windows 8
Windows 8 ကို activate လုပ်ဖို့  ဒေါင်းလုပ်လုပ်ထားတဲ့ ဖို်င် သုံးဖိုင်  ထဲက activator.exe ဖိုင်ကို right click နှိပ်ပြီး administrator အနေနဲ့  run ပါ။Activator window ပေါ်လာရင် Windows 8 Install/Uninstall ကိုနှိပ်ပါ။Command prompt window ပေါ်လာပြီး ရင် (y/n) လို့ မေးလာရင် y နှိပ်ရင် activate လုပ်ပါလိမ့်မယ်။ပြီးရင် restart ကျပြီး ရင်သင့်ရဲ့ windows 8 ဟာ activated ဖြစ်ပါပြီ။Windows 8 activation video tutorial ကိုကြည့်ရှုနိုင်ဖို့  အောက်မှာဒေါင်းလုပ်လင့်ပေးထားပါတယ်။
Personalization Enabler
ကျွန်တော် windows 8 ကို activate လုပ်ပြီး တဲ့ အချိန်မှာ ကျွန်တော့် windows 8 က activated ဖြစ်သွားပါပြီ။ဒါပေမယ့် windows 8 charms bar(Win+C) ရဲ့ Setting ထဲက Personalise setting ဟာ အသက်မ၀င်သေးပါဘူး။အဲဒီအတွက် Personalization enabler ကို ဒေါင်းလုပ်လုပ်ပြီး Personalization ကို enable ဖြစ်အောင်လုပ်ရပါမယ်။ဒေါင်လုပ်လုပ်ပြီးရင် personalization enabler ကို admin အနေနဲ့  run ပါ။ပြီးရင် အလိုလို restart ကျပြီးရင်တော့ သင့်ရဲ့ Windows 8 Pro ဟာ activated ဖြစ်ပြီး personalise setting ကလည်းအသုံးပြုလို့ ရပါပြီ။
Download Windows 8 Activation Tutorial Video (13) mb
Download Windows 8 Personalization Enabler (2.28) mb