Showing posts with label Freeware. Show all posts
Showing posts with label Freeware. Show all posts
Friday, May 24, 2013
Easily Disable USB Drives Or Read/Write Access For Guest Users With Ratool
1
USB sticks, removable drive စတာတွေဟာ virus တွေသယ်ဆောင်ဖြန့် ဖြူးနေတဲ့ အရာတွေ ဖြစ်ပါတယ်။သင့် ကွန်ပြူတာမှာ တစ်ခြားသူတွေ သူတို့  USB sticks, removable drive တွေကို တပ်ပြီးအသုံးပြုလို့ မရအောင် ကာကွယ်ပေးနိုင်တဲ့ portable freeware ဖြစ်တဲ့ Ratool (removable access tool) နဲ့ မိတ်ဆက်ပေးပါရစေ။
Ratool ကို run ပြီးရင် option သုံးခု ရွေးချယ်နိုင်ပါတယ်။ပထမ option က  Default option ဖြစ်ပြီး (Allow Read & Write) ဖြစ်တဲ့အတွက် USB devices တွေကို ပုံမှန်အတိုင်းအသုံးပြုနိုင်မှာပါ။
ဒုတိယ option က read only ဖြစ်ပြီး usb device တွေမှာ write လုပ်တာကို ပိတ်ထားပေးပြီး read only ပဲအသုံးပြုခွင့်ရမှာပါ။
တတိယ option က Disable USB Disks Detection ဖြစ်ပြီး သင့်ကွန်ပြူတာက usb devices တွေကို မသိရှိနိုင်တော့ပါဘူး။
ashampoo 02
Tools menu မှာတော့ Show Hidden Files On The Drive, Device Autorun Disable, Safely Remove Hardware စတဲ့ tools တွေကို သုံးနိုင်ပါတယ်။
ashampoo 03
Checkout Ratool (removable access tool) @ www.sordum.org/8104/ratool-v1-0-removable-access-tool/
Sunday, May 5, 2013
Bittorrent Sync : ကွန်ပြူတာတွေကြားမှာ ဖိုင်၊ဖိုဒါတွေ တိုက်ရိုက် Sync လုပ်ကြမယ်
1
သင့်ကွန်ပြူတာ နှစ်လုံး မှာ ဖိုင်တွေ sync လုပ်ဖို့ ဘယ်နည်းကို အသုံးပြုပါသလဲ? Dropbox, Google Drive တွေ ရဲ့ client application တွေကို အသုံးပြုပြီး သင့်ကွန်ပြူတာ နှစ်လုံးကြားမှာ ဖိုင်တွေ sync လုပ်လို့ ရပါတယ်။ဒီနည်းက ကြားခံ cloud storage,server တစ်ခု လိုအပ်ပြီး ပထမစက်က sync လုပ်မယ့် ဖိုင်တွေကို ပထမဆုံး cloud storage ကို upload လုပ်ပါတယ်။ပြီးတဲ့ အခါကျမှ ဒုတိယစက်က အဲဒီဖိုင်တွေကို download လုပ်ပြီး sync လုပ်တာဖြစ်ပါတယ်။အဲဒီအတွက် upload / download လုပ်ရတဲ့ အတွက် အချိန် ပို ကြာပါတယ်။နောက်ပြီး cloud storage တွေကို အသုံးပြုရတာဖြစ်တဲ့ အတွက် storage limit ရှိပါတယ်။Bittorrent Sync ကို အသုံးပြုရင် တော့  ကြားခံ cloud storage တွေ မလို ဘဲ၊အကောင့်တွေ လုပ်စရာမလိုဘဲ သင့်ကွန်ပြူတာတွေကြားမှာ ဖိုင်တွေ တိုက်ရိုက် sync လုပ်နိုင်ပါတယ်။Bittorrent Sync က freeware ဖြစ်ပြီး Windows , Mac , Linux စတဲ့ os တွေ မှာ Bittorrent Sync ကို သုံးနိုင်ပါတယ်။
ပထမစက်မှာ အင်စတောလုပ်ခြင်း
Bittorrent Sync ကို အင်စတောလုပ်ရင် Standard Setup (or)  I have a secret နှစ်မျိုးကို ရွေးချယ်ရမှာပါ။ပထမ စက်မှာ အင်စတောလုပ်ရင်တော့ Standard Setup ကို ရွေးချယ်ပြီးအင်စတောလုပ်ပါ။
2
နောက်အဆင့်မှာ ဒုတိယစက် မှာ ရိုက်ထည့်ရမယ့် secret code တွေကို ကော်ပီကူးနိုင်ပါတယ်။ဒီအဆင့်မှာ ဘာမှမလုပ်ဘဲ ဆက်သွားနိုင်ပါတယ်။ပထမစက်နဲ့ ဒုတိယစက်ကို ချိတ်ဆက်ဖို့ ဒုတိယစက် မှာ  အင်စတောလုပ်တဲ့ အခါ ဒါမှမဟုတ် အင်စတောလုပ်ပြီးတဲ့ အခါ မှာ ပြုလုပ်နိုင်ပါတယ်။
3
ဒုတိယစက်မှာ အင်စတောလုပ်ခြင်း
ဒုတိယစက်အနေနဲ့  Mac ကွန်ပြူတာမှာ  bittorrent sync ကိုအင်စတောလုပ်ပါမယ်။ Windows,Mac,Linux စတဲ့ သင်မှာ ရှိတဲ့ ကွန်ပြူတာတွေမှာ အင်စတောလုပ်ပြီး sync လုပ်နိုင်ပါတယ်။ အင်စတောလုပ်တဲ့ အခါမှာ ပထမစက်က secret code တွေကို ဖြည့်ပေးနိုင်သလို Next နှိပ်ပြီး ဆက်သွားနိုင်ပါတယ်။အင်စတောလုပ်ပြီးမှ စက်နှစ်လုံးကို ချိတ်ဆက်ပြီး sync လုပ်ဖို့ ပြုလုပ်နိုင်ပါတယ်။
5
ဖိုဒါတစ်ခု ကို sync လုပ်ခြင်း
6
ပြီးရင် sync လုပ်မယ့်ဖိုဒါကို Shared Folders မှာတွေ့ မြင်နိုင်ပါပြီ။အဲဒီ ဖိုဒါပေါ်ကို right click နှိပ်ပြီး Copy secret ကို နှိပ်ပြီးကုတ်တွေကို ကူးပြီး မှတ်ထားပါ။
7
ဒုတိယစက်က bittorrent sync က Shared Folders မှာ Add ကို နှိပ်ပါ။Generate မလုပ်ဘဲနဲ့  ပထမစက်က ကုတ်တွေကို ဖြည့်ပေးပါ။ပြီးရင် sync လုပ်မယ့် ဖိုဒါကို ရွေးချယ်ပေးပါ။ဒါဆိုရင် အဲဒီဖိုဒါကို စပြီး sync လုပ်ပါပြီ။
9
Folder Preferences
Bittorrent Sync က default အားဖြင့် two-way sync လုပ်ပေးမှာဖြစ်ပါတယ်။ဥပမာအားဖြင့် ပထမစက်မှာ ဖိုင်တစ်ခု အတိုးအလျှော့ပြုလုပ်ရင် ဒုတိယစက်မှာလည်း အဲဒီဖိုင်ကို အတိုးအလျှော့လုပ်ပေးမှာပါ။အပြန်အလှန်အားဖြင့် ဒုတိယစက်မှာဖိုင်တစ်ခု အတိုးအလျှော့လုပ်ရင် ပထမစက်မှာ လည်း အဲဒီဖိုင်ကို အတိုးအလျှော့လုပ်ပေးမှာပါ။ဒါက two-way sync ပါ။တကယ်လို့ ပထမစက်မှာ ဖိုင်အတိုးအလျှော့လုပ်ရင် ဒုတိယစက်မှာ အဲဒီဖိုင်ကို အတိုးအလျှော့လုပ်မယ်။ဒါပေမယ့် ဒုတိယစက်မှာ ဖိုင်အတိုးအလျှော့လုပ်ရင် ပထမစက်မှာ အပြောင်းအလဲမလုပ်ချင်ရင်  အောက်ကနည်းအတိုင်းပြုလုပ်နိုင်ပါတယ်။ပထမစက်က bittorrent sync က Shared Folders မှာ ဖိုဒါကို right click နှိပ်ပြီး Show folder preferences ကို နှိပ်ပါ။Read only secret ကို ကော်ပီကူးပြီးဒုတိယစက်မှာဖြည့်ပေးပါ။ဒါဆို one-way ပဲ sync လုပ်ပေးမှာပါ။
8
Download  Bittorrent Sync
Bittorrent System အကြောင်းနဲ့  torrent ဖိုင်တွေကို ဒေါင်းလုပ်လုပ်နည်းဆောင်းပါးတွေကို လည်းရေးပေးထားပါတယ်။အောက်ကလင့်တွေမှာဖတ်ရှုနိုင်ပါတယ်။
What is Torrent & How to download it?
How to download Torrent without Torrent Client
Torrent ဖိုင်တွေကို Chrome & Firefox ကနေတိုက်ရိုက်ဒေါင်းလုပ်လုပ်နိုင်ပြီ
Thursday, May 2, 2013
ကွန်ပြူတာက ကွန်နက်ရှင်ကို Android Phone မှာသုံးမယ်
1
Android Phone က ကွန်နက်ရှင်ကို USB tether (or)  Wifi hotspot ပြုလုပ်ပြီး ကွန်ပြူတာမှာ သုံးလို့ ရတာကို တော့သိကြမှာပါ။အပြန်အလှန်အားဖြင့် ကွန်ပြူတာက ကွန်နက်ရှင်ကို Connectify သုံးပြီး သင့် ဖုန်း မှာ ကွန်နက်ရှင်သုံးနိုင်ပါတယ်။Connectify မသုံးချင်ရင် Reverse Tethering ဆိုတဲ့ portable software ကို သုံးနိုင်ပါတယ်။ဒီ ဆော့ဝဲကို သုံးဖို့  သင့် ဖုန်း ဟာ root လုပ်ပြီးသားဖြစ်ရမှာပါ။Android phone တွေကို အလွယ်တကူ root လုပ်ပေးနိုင်တဲ့ one click root tool တွေ ကို လည်းတင်ပေးထားပါတယ်။နောက်ပြီးသင့်ဖုန်း ရဲ့ setting ထဲမှာ USB Debugging ကို အမှန်ခြစ်ပေးထားရပါမယ်။
Reverse Tethering ကို ဒေါင်းလုပ်လုပ်ပြီးရင်သင့်ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ပါ။ Android Tool.exe ကို run ပါ။Device ကို ရှာမတွေ့ သေးရင် Refresh ကို နှိပ်ပါ။သင့် device ကို ရှာတွေ့ ရင် Connect ကို နှိပ်ပါ။သင့်ဖုန်းမှာ USB Tunnel ဆို တဲ့ application ကို အင်စတောလုပ်ပါလိမ့်မယ်။
ashampoo 06
အောက်ကပုံမှာလို မြင်ရရင်တော့ ချိတ်ဆက်မိသွားပြီး သင့်ဖုန်းမှာ ကွန်နက်ရှင်ရပြီးသုံးနိုင်ပါပြီ။
ashampoo 08
Download Reverse Tethering 3.2 from Dropbox  (or)  Mirrorcreator
Tuesday, April 9, 2013
Miss Gadgets & Widgets On Windows 8? Here’s How You Can Get Them Back
1
Windows Gadgets တွေကို သုံးရတာ သဘောကျတဲ့သူတွေ အတွက်  စိတ်မကောင်းစရာကတော့  Microsoft က Windows 8  မှာ Gadgets တွေကို ဖြုတ်လိုက်တာပါပဲ။ဒါပေမယ့် Third Party Software Developer တွေရဲ့ ကျေးဇူးကြောင့် သင် Windows 8 မှာ Gadgets တွေကို ပြန်ပြီးအသုံးပြုနိုင်ပါပြီ။
8GadgetPack
2
အရင်ဝင်းဒိုးတွေ မှာ လို desktop ပေါ်မှာ right click နှိပ်ရင် Gadgets ကို တွေ့ မြင်နိုင်ပြီး View ကို ထောက်ကြည့်ရင် Show desktop gadgets ကို လည်းတွေ့ မြင်နိုင်ပြီးအလွယ်တကူ gadgets တွေကို  Show/Hide လုပ်နိုင်ပါတယ်။
3
Desktop ပေါ်မှာ right click နှိပ်ပြီး Gadgets ကို နှိပ်ရင် Gadgets တွေ ကို တွေ့ မြင်နိုင်ပြီး double click နှိပ်ပြီး ဒါမှမဟုတ် drag and drop လုပ်ပြီး Desktop ပေါ်မှာ နေရာချထားနိုင်ပါတယ်။အခုဒီဆောင်းပါးရေးတဲ့အချိန်မှာတော့ Gadgets ပေါင်း (45) ခုရှိပြီး နောက်ပိုင်းမှာ Gadgets တွေ ပိုမိုများပြားလာအောင် ပြုလုပ်ပေးမယ်လို့ သိရပါတယ်။clock, weather, calendar, sticky notes,  slideshow widgets,battery power, CPU usage, GPU usage, hard drive info, and processes,network monitor,rss feed စတဲ့ gadgets တွေ ပါရှိပါတယ်။အသေးစိတ်ကို 8GadgetPack ၀က်ဆိုက်မှာ ကြည့်နိုင်ပါတယ်။
4
Sunday, April 7, 2013
Softperfect Wi-Fi Guard : Protect Your Wireless Network From Intruders
1
မိမိရဲ့ Wireless Network ကို ခိုးသုံးနေသူများ ရန်မှကာကွယ်ဖို့  Softperfect Wi-Fi Guard ဆို တဲ့ freeware ကို သုံးပါ။Windows ,Mac, Linux စတဲ့ os တွေ မှာသုံးနိုင်ပါတယ်။Windows အသုံးပြူသူတွေ အတွက် portable version လည်းရှိပါတယ်။သင့် wireless network မှာ ချိတ်ဆက်နေတဲ့ devices တွေကို scan လုပ်ပေးနိုင်ပါတယ်။ Manual Scan လုပ်နိုင်သလို အချိန်အတိုင်းအတာတစ်ခု သတ်မှတ် ပြီး အဲဒီ အချိန်ရောက်ရင် အလို လို  scan လုပ်ပေးနိုင်ပါတယ်။Device တစ်ခု သင့် network ကို လာချိတ်ဆက်ရင် အသံပေးပြီး alert လုပ်နိုင်ပါတယ်။
ashampoo 03
Download Softperfect Wi-Fi Guard @ http://www.softperfect.com/products/wifiguard/
WizTree : Easily Find Large Files On Any Hard Drive
1
သင့်ကွန်ပြူတာမှာ နေရာလွတ် တွေ သိပ်မကျန်တော့ဘူးဆို ရင် မလို အပ်တဲ့ အသုံးမပြုတဲ့ ကြီးမားတဲ့ဖိုင်တွေကို ရှာပြီး ဖျက်ပစ်သင့်ပါတယ်။ဒီလို ကြီးမားတဲ့ဖိုင်တွေကို ရှာဖွေ  ပြီးဖျက်ဖို့ အတွက် design လုပ်ထားတဲ့ WizTree ဆို တဲ့ freeware က သင့်ကွန်ပြူတာက ကြီးမားတဲ့ ဖိုင်တွေကို စက္ကန့် ပိုင်းအတွင်းမှာပဲလျှင်မြန် စွာ ရှာဖွေ ပေးနိုင်ပါတယ်။တစ်ခြား WizTree လို မျိုး အလားတူ application တွေ ထက်အလွန်လျှင်မြန်စွာ scan လုပ်ပေးနိုင်တဲ့ အချက်က WizTree ရဲ့ အလွန်အားသာတဲ့အချက်ပါပဲ။WinTree က သင့် hard drive တွေကို အမှန်တကယ် scan လုပ်ပေးတာမဟုတ်ဘဲ ntfs hard drive တွေရဲ့ Master File Table(MFT) က သတင်းအချက်အလက်တွေကိုသာရယူလိုက်တာဖြစ်တာကြောင့် အလွန်လျှင်မြန်တာပါ။WizTree  က ntfs drive တွေကို သာ scan လုပ်ပေးနိုင်တာကို တော့ သတိပြုပါ။
သင် scan လုပ်ချင်တဲ့ drive ကို ရွေးပြီး Scan ကို နှိပ်ရင် စက္ကန့် ပိုင်း အတွင်းမှာပဲ အဲဒီ hard drive က ဖိုင်တွေကို သင့် hard drive မှာ နေရာယူထားတဲ့ ရာခိုင်နှုန်း အလိုက် ဖိုင်ဆိုက်အလိုက် တွေ့ မြင်နိုင်ပါတယ်။Tree View မှာ တော့ hard drive မှာ ရှိတဲ့ ဖိုဒါတွေ ၊ဖိုဒါတွေ အောက်က sub folder တွေ ၊ဖိုင်တွေကို Parent Folder မှာ နေရာယူ ထားတဲ့ ရာခိုင်နှုန်း အလိုက်တွေ့ မြင်နိုင်ပြီးဖိုင်ဆိုက်ကို ပါတွေ့ မြင်နိုင်ပါတယ်။သင်အလို မရှိတဲ့ ဖိုင်တွေ ဖိုဒါတွေကို right click နှိပ်ပြီး Delete ကို နှိပ်ပြီးဖယ်ရှားနိုင်ပါတယ်။Windows Explorer ကနေကြည့်ချင်ရင်တော့ ဖိုဒါ၊ဖိုင် အပေါ်ကို right click နှိပ်ပြီး Explore Folder ကို နှိပ်ပါ။
ashampoo 01
ဆိုက်အကြီးဆုံး ဖိုင် 1000 ကိုလည်း ဖိုင်ဆိုက်အလိုက်ကြီးစဉ်ငယ်လိုက်ကြည့်ဖို့ အတွက် Top 1000 Largest Files ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။
ashampoo 02
WizTree က အင်စတောလုပ်စရာမလို တဲ့ portable version ဖြစ်ပြီး antibody-software.com မှာ အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Thursday, March 28, 2013
Windows Uninstaller : Tool To Uninstall Windows From Dual-Boot
ashampoo 01
Windows 7 နဲ့ Windows 8 ကို Dual-Boot လုပ်နည်းကို ရေးပေးပြီးပါပြီ။နောက်ပြီး Dual-Boot ကနေ Windows 8 ကို uninstall လုပ်နည်းကိုလည်းရေးပေးပြီးပါပြီ။Dual-Boot ကနေ မလို ချင်တဲ့ ၀င်းဒိုးတွေကို ပြန်ဖြုတ်ရတာ လုပ်ရတဲ့ အဆင့်တွေ များပါတယ်။Windows Uninstaller ဆိုတဲ့ ဆော့ဝဲက လွယ်လွယ်ကူကူနဲ့  Dual-Boot သုံးနေတဲ့ ကွန်ပြူတာက Windows (Vista, Windows 7, and Windows 8 only) တွေကို လွယ်လွယ်ကူကူ Uninstall လုပ်ပေးနိုင်ပါတယ်။
Windows Uninstaller ကို Developer Page မှာ ဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ်ပါ။Portable Version လည်းရှိပါတယ်။ဥပမာ အားဖြင့် Windows 7 နဲ့ Windows 8 ကို Dual-Boot လုပ်ပြီးသုံးနေပြီး Windows 7 ကို uninstall လုပ်ချင်တယ်ဆိုပါစို့ ။ဒါဆိုရင် Windows 8 ကနေ boot တက်ပြီး Windows Uninstaller ကို install လုပ်ပါ။Windows 7 မှာ ရှိတဲ့ ဖိုင်တွေကို မဖျက် ဘဲ system files တွေကို ပဲ ဖျက်ပစ်မှာ ဖြစ်တယ်လို့  Developer ကပြောပေမယ့် ဖိုင်တွေကို Backup လုပ်ထားဖို့ အကြံပေးပါတယ်။ပြီးရင် Windows Uninstaller ကို Admin အနေနဲ့  run ပါ။Scan ကိုနှိပ်ပါ။
ashampoo 02
နောက် ၀င်းဒိုး တစ်ခု ပေါ်လာပြီး Windows 7 အင်စတောလုပ်ထားတဲ့ drive ကို မှန်ကန်စွာရွေးပေးပြီး OK နှိပ်ပါ။
ashampoo 03
နောက် အဆင့်မှာ Uninstall  ကို နှိပ်ပါ။
ashampoo 04
Friday, March 15, 2013
How To Burn ISO Image To CD/DVD
ISO ဖိုင်ဆိုတာ CD/DVD အခွေ က ဖိုင်တွေကို ပေါင်းစုပြီး ဖိုင်တစ်ခု အနေနဲ့  ပြုလုပ်ထားတဲ့ Disk Image ဖိုင်အမျိုးအစားတစ်ခု ပါ။  အင်တာနက်ကနေ Windows OS တွေကို ဒေါင်းလုပ်ရရှိတဲ့အခါမှာ ISO ဖိုင်အနေနဲ့ ရရှိတတ်ပါတယ်။အဲဒီ အခါကျရင် ရရှိလာတဲ့ ISO ဖိုင်ကို CD/DVD မှာ ဘန်းပြီးတော့ Windows ကို အင်စတောလုပ်နိုင်ပါတယ်။CD/DVD မ သုံးဘဲ  USB Stick  ကနေလည်းအင်စတောလုပ်နိုင် ဖို့ အတွက်လည်း ISO ဖိုင်ကို သုံးနိုင်ပါတယ်။ Windows 7 နဲ့  8 မှာတော့ ISO ဖိုင်တွေကို တစ်ခြားဆော့ဝဲတွေ သုံးစရာမလိုဘဲ ဘန်းနိုင်ပါတယ်။တစ်ခြား Windows OS တွေ မှာ တော့ ISO ဖိုင်တွေကို ဘန်းဖို့  third party software တွေကို သုံးရမှာပါ။ISO ဖိုင်တွေကို ဘန်းပေးနိုင်တဲ့ Burner တွေကိုလည်းတင်ပေးထားပါတယ်။
Burning ISO In Windows 7 & 8
CD/DVD အခွေ အလွတ် ကို drive ထဲထည့်ပါ။Windows Explorer ကနေ ISO ဖိုင်ပေါ်ကို right click နှိပ်ပြီး Burn disc image ကိုနှိပ်ပါ။
ashampoo 02
နောက်တစ်ဆင့်မှာတော့ CD/DVD drive ကိုရွေးပေးပြီး Burn ကိုနှိပ်ပါ။ဘန်းပြီးတဲ့ အခါမှာ verify လုပ်ချင်ရင်တော့ “Verify disc after burning” ဆိုတဲ့ check box မှာ အမှန်ခြစ်ပေးပါ။
1
ဘန်းပြီးတဲ့အခါမှာတော့ အောက်ကပုံမှာလို မြင်တွေ့ ရမှာပါ။
2
Using ImgBurn
ဒီ ဆောင်းပါးမှာတော့  ImgBurn  ဆိုတဲ့ freeware ကို သုံးပြီး ISO ဖိုင်တွေကိုဘန်းနည်းကို ရေးပေးပါမယ်။CD/DVD အခွေကို drive ထဲထည့်ပြီး ImgBurn ကို run ပြီး Write image file to disc ကိုနှိပ်ပါ။
ashampoo 03
နောက်အဆင့်မှာ Source နေရာမှာ  iso ဖိုင် ကိုရွေးပေးပါ။Destination နေရာမှာ cd/dvd drive ကိုရွေးပေးပါ။ပြီးရင်အောက်ဆုံးက  Write button ကိုနှိပ်ပါ။
ashampoo 04
ဒါဆိုရင် iso ဖိုင်ကို cd/dvd မှာ စပြီးဘန်းပါပြီ။
1
ဘန်းပြီးသွားရင်တော့ အောက်ကပုံမှာလို မြင်တွေ့ နိုင်ပါတယ်။
2
Wednesday, March 6, 2013
Reset Your Forgotten Windows Logon Password With Lazesoft Recover My Password
1
Windows 8 နဲ့ Windows 7  မှာ password ရိုက်ထည့်စရာမလိုဘဲ logon လုပ်လို့ ရတဲ့နည်းကို ရေးပေးဖူးပါတယ်။နောက်ပြီး windows built-in password reset feature ကို အသုံးပြုပြီး Password Reset Disk ပြုလုပ်နည်းအကြောင်းကိုလည်းရေးပေးဖူးပါတယ်။Password Reset Disk မပြုလုပ်မိတဲ့ အခြေအနေမှာ သင့်ဝင်းဒိုး ရဲ့  password မေ့ သွားခဲ့ရင်တော့ freeware တစ်ခု ဖြစ်တဲ့ Lazesoft Recover My Password ကို သုံးပါ။Windows XP,Vista,7 စတဲ့ os တွေ မှာ အင်စတောလုပ်နိုင်ပါတယ်။Password မေ့ နေတဲ့ Windows XP,Vista,7 and 8 သုံးတဲ့ ကွန်ပြူတာတွေက Password တွေကို reset လုပ်ပေးနိုင်ပါတယ်။
Recover My Password ကို အင်စတောလုပ်ပြီးရင် run ပါ။Burn Bootable CD/USB Disk Now!  ကိုနှိပ်ပါ။
1
နောက်အဆင့်မှာ password reset ပြုလုပ်ဖို့  media အနေနဲ့  CD/DVD or USB Flash or ISO Image စတာတွေထဲက သင်အဆင်ပြေတဲ့  တစ်ခု ရွေးပေးပြီး Commit နှိပ်ပါ။ဒီ ဆောင်းပါးမှာတော့ USB Stick ကို အသုံးပြုမှာ ဖြစ်တဲ့အတွက် USB Flash ကို ရွေးပါတယ်။
2
တစ်ခု မှတ်ထားရမှာက သင့်ရဲ့  CD/DVD or  USB Flash ကို format ချမှာ ဖြစ်တဲ့အတွက် သင့်  ဒေတာတွေကို အရင်သိမ်းထားသင့်ပါတယ်။ပြီးရင်တော့ အောက်ကပုံမှာလို တွေ့ ရမှာဖြစ်ပြီး Finish ကို နှိပ်ပါ။
3
ဒါဆိုရင် Windows Password Reset Disk ပြုလုပ်ပြီးပါ ပြီ ။CD/DVD or USB Flash ကို ကွန်ပြူတာကနေ ဖြုတ်ပါ။ပြီးတော့  Password မေ့နေတဲ့  ကွန်ပြူတာမှာ CD/DVD  or USB Flash Disk ကို ချိတ်ဆက်ပါ။Boot Menu မှာ CD/DVD or USB ကနေ boot တက်ဖို့ ရွေးပေးပါ။Boot တက်လာရင် တော့ Lazesoft Live CD (EMS Enabled) ကို ရွေးပေးပြီး enter နှိပ်ပါ။
5
Lazesoft application windows ပေါ်လာရင် Reset Windows Password ရွေးပေးပြီး Next နှိပ်ပါ။
6
နောက်အဆင့်မှာ သင့် os နဲ့  Reset Local Password ကို ရွေးချယ်ပြီးသားဖြစ်နေမှာပါ။မရွေးချယ်ရသေးရင်  ရွေးချယ်ပေးပါ။ပြီးရင် Next နှိပ်ပါ။
7
နောက်အဆင့်မှာ သင့်အကောင့်ကို ရွေးချယ်ပေးပြီး Next နှိပ်ပါ။
8
နောက်အဆင့်မှာ RESET/UNLOCK button ကိုနှိပ်ပေးပါ။ဒါဆိုရင် သင့် password ကို reset/unlock လုပ်ပေးလိုက်မှာဖြစ်ပြီး သင့် ၀င်းဒိုး အကောင့်ကို password ရိုက်ထည့်စရာမလိုဘဲ သုံးနိုင်ပါပြီ။
8
Lazesoft Recover My Password( Home Edition) က free ပါ။အောက်ကလင့်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
www.lazesoft.com/lazesoft-recover-my-password.html
Friday, February 22, 2013
Ninite : The Easiest & Fastest Way To Install Or Update Software
1
သင့်ကွန်ပြူတာမှာ မရှိမဖြစ်လို အပ်တဲ့ ဆော့ဝဲ တွေ ဖြစ်တဲ့ browsers,messengers,media player,java,flash player,image viewer,document reader,antivirus and antimalware,online storage application,password manager,note applications,utilities,compression စတဲ့ ဆော့ဝဲတွေ ရဲ့ latest version တွေကို သက်ဆိုင်ရာ ၀က်ဆိုက်တစ်ခု ချင်းစီက ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ရတာ အချိန် ကုန် ပြီး အလုပ်ရှုပ်ပါတယ်။အဲဒီ ဆော့ဝဲတွေ ကို တစ်ခါတည်း ဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ်ပေးနိုင်တဲ့ installer မရှိဘူးလား?ရှိပါတယ်။Ninite installer က အဲဒီ ဆော့ဝဲတွေအားလုံးကို အလိုလို ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ပေးနိုင်ပါတယ်။ သင့်ကွန်ပြူတာမှာ ရှိပြီးသား ဆော့ဝဲတွေကိုလည်း update လုပ်ပေးနိုင်ပါတယ်။
Ninite ၀က်ဆိုက်ကိုသွားပြီးသင်လို ချင်တဲ့ ဆော့ဝဲတွေကို ရွေးချယ်ပါ။ပြီးရင် page အောက်ဆုံးမှာရှိတဲ့  Get Installer ကို နှိပ်ပြီး ninite installer ကို ဒေါင်းလုပ်လုပ်ပါ။
ashampoo 02
ashampoo 03
ပြီးရင် ninite installer ကို run ပြီးသင်အနားယူလို့ ရပါပြီ။ Ninite installer က သင့် ဆော့ဝဲတွေကို (automatically)တစ်ခုချင်းစီဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ်ပေးပါလိမ့်မယ်။Installation wizard တွေကို လည်း သင်မမြင်တွေ့ ရပါဘူး။
ashampoo 04
ကျွန်တော့် အတွေ့ အကြုံအရ Ninite installer ကို run တဲ့အခါ Certificate Error ကျလာပါတယ်။အဲလိုကျလာရင် Internet Option ထဲက “Check for server certificate revocation*” ဆိုတဲ့ check box ကအမှန်ခြစ်ကို ဖြုတ်ပေးပါ။
2
Checkout Ninite Installer @ www.ninite.com
Sunday, January 13, 2013
Keep Your Desktop Wallpapers Always Fresh With John’s Background Switcher
1
သင့်ကွန်ပြူတာ desktop background တွေကို ကြည့်ရတာရိုးအီ နေရင်တော့ fresh ဖြစ်တဲ့ background တွေကို အမြဲ update လုပ်ပေးနိုင်တဲ့ John’s Background Switcher ဆိုတဲ့ freeware ကို သုံးကြည့် ပါ။Facebook,instagram,flickr,google image search,rss photo feed,picasa web album စတာတွေကနေ ပုံတွေကို အမြဲ update လုပ်ပေးနိုင်ပါတယ်။ဒါ့အပြင် သင့် ကွန်ပြူတာက ပုံတွေကို လည်း background အဖြစ်ပြုလုပ်နိုင်ပါတယ်။သင်ကြိုက်နှစ်သက်တဲ့ပုံတွေကို သိမ်းထားနိုင်သလို အီးမေး ပို့ နိုင်ပါတယ်။
Set Facebook Photos As Background
Application ကို ဖွင့်ပြီးရင် Add ကို နှိပ်ပါ။Facebook က သူငယ်ချင်းတွေရဲ့ ပုံတွေကို desktop background အနေနဲ့  update ကြည့်နိုင်ဖို့ အတွက် Facebook photos ကို နှိပ်ပါ။Username and password ပေးပြီး authenticate လုပ်ခိုင်းရင်လုပ်ပေးပါ။Switching options မှာ လည်း အချိန်အပိုင်းအခြား ၊ mode တွေကို လည်းပြောင်းနိုင်ပါတယ်။
Ashampoo_Snap_2013.01.13_12h27m45s_001_
သင့်ပုံတွေကို ပဲ background ပြုလုပ်နိုင်သလို သူငယ်ချင်းအားလုံး သူငယ်ချင်းတစ်ယောက် ထဲ ရဲ့ ပုံတွေ ကို လည်း background အဖြစ်ပြုလုပ်နိုင်ပါတယ်။OK ကို နှိပ်ပြီးရင် background switcher က system tray မှာ run နေပြီး သင့် facebook က သူငယ်ချင်းပုံတွေကို desktop background အဖြစ်ပြုလုပ်ပေးနေမှာပါ။အလားတူပဲ flickr,instagram,picasa web album,Rss photo feed ,google image search စတာတွေကနေလည်း desktop background အဖြစ်ပြုလုပ်နိုင်ပါတယ်။သင့် desktop ကို ကြည့်ပြီး တစ်နေ့ လုံး ရီမောချင်ရင်တော့ google image search ကနေ funny photos တွေကို desktop background အဖြစ်ပြုလုပ်ပါ။
Ashampoo_Snap_2013.01.13_12h32m10s_002_
Save And Send Background Image
Background ပုံတွေ ကို သိမ်းထားချင်ရင် system tray မှာ run နေတဲ့ background switcher ကို right click နှိပ်ပြီး Save Picture As ကိုနှိပ်ပြီးသင့်စက်မှာသိမ်းနိုင်သလို Send To ကို နှိပ်ပြီး အီးမေး ပေးပို့ နိုင်သလို Twitter ကို လည်း upload လုပ်နိုင်ပါတယ်။
Ashampoo_Snap_2013.01.13_15h52m50s_006_
Downlaod John’s Background Switcher @ http://johnsadventures.com/software/backgroundswitcher/