Showing posts with label How To and Tips. Show all posts
Showing posts with label How To and Tips. Show all posts
Monday, May 27, 2013
Multiple Bootable Operating Systems တွေကို USB Stick တစ်ခုထဲမှာ အင်စတောလုပ်မယ်
1
USB Stick ကနေ windows အင်စတောလုပ်နည်း  ကို ရေးပေးဖူးပါတယ်။အဲဒီလို လုပ်ဖို့ အတွက် microsoft ရဲ့ windows 7 usb/dvd download  tool ကို အသုံးပြုပါတယ်။Windows 7 usb/dvd download tool က operating system တစ်ခု တည်းကို ပဲ usb stick မှာ အင်စတောလုပ်ပေးနိုင်ပါတယ်။Operating systems အများအပြားကို usb stick မှာ အင်စတောလုပ်ချင်ရင်တော့ အောက် မှာ ဆက်ဖတ်ပါ။USB stick ကနေ windows os ဒါမှမဟုတ်တစ်ခြား os တွေကို အင်စတောလုပ်ဖို့  iso ဖိုင်ကို အသုံးပြုရပါတယ်။ISO ဖိုင်ဆို တာ disk image file အမျိုးအစားတစ်ခု ဖြစ်ပါတယ်။အင်တာနက်ကနေ windows os တွေ ဒေါင်းလုပ်ရရှိရင် iso ဖိုင်အနေနဲ့ ရရှိပါတယ်။တကယ်လို့ သင်ဟာ ဆိုင်က windows os အခွေကို ၀ယ်ယူထားတယ်ဆိုရင် PowerISO လို မျိုး ဆော့ဝဲသုံးပြီး ၀င်းဒိုး အခွေကနေ iso ဖိုင် ပြုလုပ်နိုင်ပါတယ်။
Windows os တစ်ခု ကို usb stick မှာ အင်စတောလုပ်ဖို့  usb ရဲ့  storage ဟာ 4 gb လောက်နေရာရှိရပါမယ်။Windows os အများအပြားကို  usb stick မှာ အင်စတောလုပ်ဖို့  usb stick ရဲ့  storage က လုံလောက်တဲ့ အနေအထားမှာ ရှိရပါမယ်။ကျွန်တော့်မှာ 4gb ပဲဆန့် တဲ့ usb stick ပဲရှိတဲ့အတွက်   ဒီဆောင်းပါးမှာတော့ windows os တွေကို အင်စတောမလုပ်ဘဲ kaspersky rescue disk iso, bitdefender rescue cd iso စတာတွေကို သုံးပြီးစမ်းသပ်ပါတယ်။ဆိုလို ချင်တာက windows os iso တွေ တစ်ခြား os iso တွေကို သုံးနိုင်ပါတယ်။
MultiBootUSB
Portable freeware တစ်ခု ဖြစ်ပါတယ်။Application ကို run ပြီးရင် Step 1 မှာ usb stick ကို ရွေးပေးပါ။Step 2 မှာတော့ iso ဖိုင်ကို ရွေးပေးပါ။ပြီးရင် Create ကို နှိပ်ပါ။
ashampoo 03
ပြီးရင်တော့ အချိန်အနည်းငယ်စောင့်ပါ။
ashampoo 04
ပြီးသွားရင် တော့ အပေါ်ကအဆင့်အတိုင်းပဲနောက်ထပ် os တစ်ခု usb stick မှာ အင်စတောလုပ်ပါ။USB stick နဲ့ ဆန့် သလောက် os တွေ အင်စတောလုပ်နိုင်ပါတယ်။အားလုံးပြီးသွားရင် QEMU ကို နှိပ်ပါ။QEMU က machine emulator and virtualizer ဖြစ်ပြီး သင့် usb stick မှာ အင်စတာလုပ်ထားတဲ့ os တွေ တကယ်အလုပ် လုပ်မလုပ်စမ်းသပ်နိုင်ပါတယ်။Usb stick ကို စမ်းသပ်ဖို့  အတွက် Boot USB ကို နှိပ်ပါ။ကျွန်တော့်စမ်းသပ်ချက်မှာတော့ ဒီ feature ကကောင်းကောင်းအလုပ်မလုပ်ပါဘူး။အဲဒီအတွက် windows ကို restart ချပြီး boot menu မှာ usb stick ကနေ boot တက်ပြီးစမ်းသပ်ကြည့်တော့အဆင်ပြေတာတွေ့ ရပါတယ်။
ashampoo 01
YUMI – Multiboot USB Creator
နောက် tool တစ်ခု ကတော့ YUMI – Multiboot USB Creator ဆို တဲ့ freeware ပါ။Step 1 မှာ usb stick ကို ရွေးပေးပါ။Step 2 မှာ windows ကို အင်စတောလုပ်ရင် Windows Vista/7/8 Installer ဒါမှမဟုတ် Windows XP ကို အင်စတောလုပ်ရင် Windows XP Installer ကို ရွေးပါ။ပြီးရင် iso ဖိုင်ကို ရွေးပေးပြီး Create ကိုနှိပ်ပါ။
ashampoo 05
အချိန်အနည်းငယ်စောင့်ပါ။
ashampoo 07
OS တစ်ခု အင်စတောလုပ်ပြီးရင် နောက် os တစ်ခု အင်စတောလုပ်ဖို့ အပေါ်ကနည်းအတိုင်းလုပ်ပါ။YUMI မှာတော့ QEMU (machine emulator and virtualizer ) မပါရှိတဲ့အတွက် ၀င်းဒိုးကို restart ချပြီး usb ကနေ boot တက်ပြီး အလုပ် လုပ်မလုပ်စမ်းသပ်နိုင်ပါတယ်။အိုကေတယ်ဆိုရင်တော့ သင့် USB stick ကနေ windows os အများအပြားကို အင်စတောလုပ်နိုင်ပါပြီ။
Sunday, May 26, 2013
PauseForLater: Resume Watching Online Videos Where You Left Them
1
Online Videos တွေကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူတွေ အတွက် Pause For Later ဆို တဲ့  free web service ကို အသုံးပြုသင့်ပါတယ်။ဥပမာ ဆိုပါစို့ သင်ကြိုက်နှစ်သက်တဲ့ online video တစ်ခု ကြည့်နေတယ်ဆိုပါစို့ ။လုပ်စရာအလုပ်ရှိလို့  သွားလုပ်ရတယ်ဆိုရင်နောက်တစ်ခါ ဒီ video ကို ပြန်ကြည့်ရင် အစကနေပြန်ကြည့်ရမှာပါ။Pause for later ကိုအသုံးပြုရင် အစကနေ ပြန်ကြည့်စရာမလို ဘဲ သင် pause လုပ်ထားတဲ့ နေရာကပဲပြန်ပြီး ကြည့်နိုင်ပါတယ်။Pause for later က YouTube, Hulu,  Vimeo, Netflix စတဲ့ ဆိုက်က video တွေကို support ပေးပါတယ်။
Pause for later ၀က်ဆိုက်မှာအကောင့်တစ်ခု လုပ်ပြီး ၀င်ပါ။ပြီးရင် သက်ဆိုင်ရာ browser အလိုက် extension(or) add-on ကို အင်စတောလုပ်ပါ။အင်စတောလုပ်ပြီးရင် browser မှာ pause for later အိုင်ကွန်ကို တွေ့ မြင်နိုင်ပြီး YouTube, Hulu,  Vimeo , Netflix စတဲ့ဆိုက်တွေက video တွေကို ကြည့်ရှုနိုင်ပါပြီ။သင် pause လုပ်ချင်တဲ့ အချိန်ကျရင် pause for later ကို နှိပ်လိုက်ပါ။ဒါဆိုရင် pause for later ဆိုက်ကို ရောက်သွားပြီး သင်ကြည့်နေတဲ့ video, time remaining , pause လုပ်ထားတဲ့ အချိန် စတာတွေကို မြင်တွေ့ နိုင်ပါတယ်။သင်အဲဒီ video ကို pause လုပ်ထားတဲ့နေရာက နေ ပြန်ကြည့်ချင်ရင် Actions ကို နှိပ်ပြီး Watch Now ကို နှိပ်ပါ။Actions ကို နှိပ်ပြီး အဲဒီ video ကို အစကနေ ပြန်ကြည့်နိုင်သလို delete လည်းလုပ်နိုင်ပါတယ်။
ashampoo 01
Checkout Pause for later @ www.pauseforlater.com/
Friday, May 24, 2013
Remove Windows 7 SP1 backup files and reclaim disk space
1
Windows 7 Service Pack 1 ကို အင်စတောလုပ်နည်း ကို ရေးပေးပြီးပါပြီ။Service pack 1 ကိုအင်စတောလုပ်ပြီးရင် မလိုအပ်တော့တဲ့ backup files တွေ ကျန်ခဲ့ပါတယ်။အဲဒီ backup files တွေ ရဲ့ ဆိုက်က 500 mb ၀န်းကျင်လောက်ရှိပြီးမလိုအပ်တော့တဲ့အတွက် သင့်ကွန်ပြူတာ မှာ နေရာလွတ်တွေ ရနိုင်အောင်ရှင်းထုတ်နိုင်ပါတယ်။
Windows search box ကနေ disk cleanup လို့ ရိုက်ပြီး Disk Cleanup ကို ဖွင့်ပါ။
ashampoo 04
နောက်အဆင့်မှာ System drive ကို ရွေးပေးပြီးနောက်အဆင့်မှာ Clean up system files ကို နှိပ်ပါ။
ashampoo 06
Service Pack Backup Files ဆိုတဲ့ check box မှာ အမှန်ခြစ်ပေးပြီး OK နှိပ်ပါ။ဒါဆိုရင်သင့်ကွန်ပြူတာမှာ နေရာလွတ်တွေရရှိပါပြီ။
ashampoo 07
Easily Disable USB Drives Or Read/Write Access For Guest Users With Ratool
1
USB sticks, removable drive စတာတွေဟာ virus တွေသယ်ဆောင်ဖြန့် ဖြူးနေတဲ့ အရာတွေ ဖြစ်ပါတယ်။သင့် ကွန်ပြူတာမှာ တစ်ခြားသူတွေ သူတို့  USB sticks, removable drive တွေကို တပ်ပြီးအသုံးပြုလို့ မရအောင် ကာကွယ်ပေးနိုင်တဲ့ portable freeware ဖြစ်တဲ့ Ratool (removable access tool) နဲ့ မိတ်ဆက်ပေးပါရစေ။
Ratool ကို run ပြီးရင် option သုံးခု ရွေးချယ်နိုင်ပါတယ်။ပထမ option က  Default option ဖြစ်ပြီး (Allow Read & Write) ဖြစ်တဲ့အတွက် USB devices တွေကို ပုံမှန်အတိုင်းအသုံးပြုနိုင်မှာပါ။
ဒုတိယ option က read only ဖြစ်ပြီး usb device တွေမှာ write လုပ်တာကို ပိတ်ထားပေးပြီး read only ပဲအသုံးပြုခွင့်ရမှာပါ။
တတိယ option က Disable USB Disks Detection ဖြစ်ပြီး သင့်ကွန်ပြူတာက usb devices တွေကို မသိရှိနိုင်တော့ပါဘူး။
ashampoo 02
Tools menu မှာတော့ Show Hidden Files On The Drive, Device Autorun Disable, Safely Remove Hardware စတဲ့ tools တွေကို သုံးနိုင်ပါတယ်။
ashampoo 03
Checkout Ratool (removable access tool) @ www.sordum.org/8104/ratool-v1-0-removable-access-tool/
Google Plus က Posts တွေရဲ့  Width ကိုအကြီးချဲ့ ကြည့် မယ်
1
မကြာသေးမီက google က google plus ရဲ့ ဒီဇိုင်းကို ပြောင်းခဲ့ပါတယ်။ဒီဇိုင်းအသစ်မှာ တော့ posts တွေကို two column layout ,  one column layout နှစ်မျိုးနဲ့ ကြည့်နိုင်ပါတယ်။ဒါပေမယ့် post တွေ ရဲ့ width က သေးသွားတာတွေ့ ရပါတယ်။တကယ်လို့  သင်ဟာ ကျွန်တော့်လို ပဲ google plus က post တွေကို ဖတ်ရတာ အားမရတဲ့သူဆိုရင် အောက်ကနည်းနဲ့  post တွေရဲ့ width ကို အကြီး ချဲ့ ကြည့်နိုင်ပါတယ်။
Width တွေကို မပြောင်းခင်နဲ့ ပြောင်းပြီး ကွာခြားချက်ကို အောက်ကပုံနှစ်ပုံမှာ ကြည့်နိုင်ပါတယ်။
ashampoo 05
ashampoo 03
ဒီလို ပြောင်းဖို့ အတွက် Stylish  ဆို တဲ့ browser extension (or) add-on ကို သုံးပါမယ်။Stylish ကို Chrome  , Firefox  စတဲ့ သင်အသုံးပြုတဲ့ browser မှာ အင်စတောလုပ်ပါ။ပြီးရင် Wider Posts On Google Plus ကို Stylish မှာ အင်စတောလုပ်ပါ။ပြီးရင်တော့ Google Plus က posts တွေကို ကြီးကြီးနဲ့ ရှင်းရှင်းမြင်ရပါပြီ။
Facebook News Feed ဒီဇိုင်းအသစ်ယူမယ်
1
Facebook ရဲ့ ဒီဇိုင်းအသစ်ကို အောက် ကလင့်ကနေ သွားကြည့်ကြည့်ပြီး waiting list ကို နှိပ်ထားရင် အဲဒီဒီဇိုင်းအသစ်ကို သုံးစွဲနိုင်မယ့် အချိန်ရောက်ရင် သင်အသုံးပြုနိုင်မှာပါ။ဒီဇိုင်းအသစ်မှာ ထူးခြားလာတာကတော့ ပုံတွေကို ကြီးကြီး နဲ့ ရှင်းရှင်း မြင်ရတာရယ် ပုံတွေကိုပဲ သီးသန့် ကြည့်ရှုဖို့  photo feed ပါရှိလာပါတယ်။Mobile application နဲ့  ဆင်တူတဲ့ ဒီဇိုင်းကို တွေ့ မြင်နိုင်မှာပါ။အောက်ကလင့်ကနေ ဒီဇိုင်းအသစ်ကို ကြည့်ရှုနိုင်ပြီး သဘောကျတယ်ဆိုရင် page ရဲ့ အောက်ဆုံးက waiting list ကို နှိပ်ပြီးစာရင်းပေးထားနိုင်ပါတယ်။
ashampoo 01
Checkout Facebook New Design @ www.facebook.com/about/newsfeed
Wednesday, May 22, 2013
Send Facebook Chat Stickers From Google Chrome Using Facemoji
ashampoo 03
Facebook မှာ စာလုံးဖောင့်လှလှလေးတွေ သုံးပြီး  chat နည်း ကို ရေးပေးဖူးပါတယ်။ အခု တစ်ခါ sticker လှလှလေးတွေ သုံးပြီး chat နည်း ပါ။ ဒီလို chat sticker လေးတွေ အသုံးပြုနိုင်ဖို့  Chrome extension Facemoji ကို အသုံးပြုရမှာပါ။
Chrome browser ကနေ  Facemoji ကို အင်စတောလုပ်ပြီးရင် option page ကို ရောက်သွားမှာပါ။ login ကို နှိပ်ပြီး သင့် facebook အကောင့်နဲ့  ၀င်ပါ။
ashampoo 01
ပြီးရင် တော့ facebook chat box မှာ sticker ပုံကို တွေ့ မြင်နိုင်ပြီး sticker လှလှလေးတွေ သုံး ပြီး chat နို်င်ပါပြီ။ Sticker ပုံမတွေ့ ရသေးရင် refresh လုပ်ပါ။
ashampoo 02
Download Facemoji from Chrome Web Store
Thursday, May 16, 2013
Easy Reboot Recovery
1
Android device  ဟာ boot မတက်တော့တဲ့ အချိန်မှာ  recovery mode ထဲဝင်ပြီး factory reset ချ နည်း ကို ရေးပေးထားပါတယ်။Boot မတက်တော့တဲ့ အချိန်မှာ recovery mode ထဲဝင်ဖို့  combination key တွေ တွဲနှိပ်ရပါတယ်။Recovery Mode ထဲ ၀င်ဖို့ နှိပ်ရမယ့် ကီးတွေ က ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူပါဘူး။ကိုယ့်ဖုန်း အတွက် နှိပ်ရမယ့်ကီးကို ရှာမတွေ့ ရင် Easy reboot recovery ဆို တဲ့ windows application ကို သုံးပါ။
Easy reboot recovery က portable ဖြစ်ပြီး အင်စတောလုပ်စရာမလို ပါဘူး။ဒေါင်းလုပ်လုပ်ပြီးရင် zip ဖိုင်ကို ဖြည်ပြီး RebootRecovery.bat ကို run ပါ။ပြီးရင် command prompt window ပေါ်လာပြီးရင်ဖုန်း က အလို လို recovery mode ထဲရောက်သွားပါမယ်။
ashampoo 01
Recovery mode ထဲရောက်သွားရင်တော့ wipe data/factory reset ကို နှိပ်ရင် သင့်ဖုန်းက စက်ရုံထုတ်အနေအထားအတိုင်းပြန်ဖြစ်သွားပါပြီ။ Factory reset ချရင် ဖုန်းက ဒေတာတွေ ပျက်သွားမှာဖြစ်လို့ သင့်ဖုန်းကို အသုံးပြုလို့ ရနေတဲ့ အချိန်တွေ မှာ အမြဲတစေ Backup လုပ်ထားဖို့ အကြံပေးပါတယ်။
1
download button
Download Easy Reboot Recovery
Sunday, May 12, 2013
Whatshouldiwatchnow.com
1
သင်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကား  တွေ နဲ့  ဇာတ်လမ်းတူတဲ့ ရုပ်ရှင် ဇာတ်ကား ကို ရှာချင်ရင် whatshouldiwatchnow  ဆို တဲ့ ၀က်ဆိုက်ကိုသွားပါ။Free web service တစ်ခု ဖြစ်ပြီး အကောင့်လုပ်စရာလည်းမလို ပါဘူး။Search box ကနေ သင်နှစ်သက်တဲ့ ရုပ်ရှင်ကားနာမည်ကို ရိုက်ထည့်ပေးရင် အဲဒီဇာတ်ကားနဲ့  ဇာတ်လမ်းတူ တဲ့ ရုပ်ရှင်တွေကို ရှာပေးပြီး ပြပေးပါလိမ့်မယ်။
1
အောက်က ရုပ်ရှင်ဇာတ်ကားနာမည်ကို နှိပ်ရင် ရုပ်ရှင်တွေ နဲ့ ပတ်သတ်ရင် သတင်းအချက်အလက်အစုံလင်ဆုံး www.imdb.com ၀က်ဆိုက်ကို ရောက်သွားပြီး အဲဒီဇာတ်ကားနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို သိရှိနိုင်ပါတယ်။
ashampoo 01
Checkout what should I watch now @  www.whatshouldiwatchnow.com
ကိုက်နှစ်သက်တဲ့ ရုပ်ရှင်ကို ဒေါင်းချင်ရင်တော့ Torrent ဆိုက်တွေကနေဒေါင်းဖို့ အကြံပေးပါတယ်။Torrent sites တွေမှာ ရုပ်ရှင်တွေ၊ဂိမ်းတွေ၊ဆော့ဝဲတွေ၊သီချင်းတွေ၊ tv series တွေ၊ ebook တွေ စုံလင်စွာရှိပါတယ်။Torrent တွေကို ဒေါင်းလုပ်လုပ်နည်းတွေကို အောက်ကလင့်တွေကနေ လေ့လာဖတ်ရှုနိုင်ပါတယ်။
What is torrent file and how to download it?
How to download torrent without torrent client?
Torrent ဖိုင်တွေကို Chrome , Firefox ကနေတိုက်ရိုက်ဒေါင်းလုပ်လုပ်နိုင်ပါပြီ။
Friday, May 10, 2013
DNS Jumper – Speed Up Your Browsing & Access Blocked Websites
ashampoo 01
Domain Name Server (or) DNS ဆိုတာ  လူတွေ မှတ်ရလွယ်တဲ့ Web Address (eg. www.google.com)   ကို ကွန်ပြူတာတွေ နားလည်တဲ့ IP Address တွေ အဖြစ်ပြောင်းလဲ ပေးတာပါ။လူအများစုက Internet Service Provider(ISP) တွေရဲ့  DNS ကို သုံးကြပါတယ်။သင့် အင်တာနက် speed ပိုမိုကောင်းမွန်အောင်လို့  သင့် ISP ရဲ့ DNS ကို မသုံးဘဲတစ်ခြား DNS တွေကို ပြောင်းလဲသုံးနိုင်ပါတယ်။နောက်ပြီး ISP က blocked လုပ်ထားတဲ့ဆိုက်တွေ ၊ region blocked sites တွေ ကို လည်း ကြည့်ရှုနိုင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ DNS Jumper ဆို တဲ့ freeware က DNS တွေကို အလွယ်တကူ ပြောင်းလဲပေးနိုင်ပါတယ်။ DNS Jumper က portable ဖြစ်ပြီး Windows Xp , Windows Vista , Windows 7 , Windows 8 – (x86 & x64) စတဲ့ os တွေ မှာသုံးနိုင်ပါတယ်။
Windows မှာ DNS setting ကို ပြောင်းဖို့ အတွက် Control Panel\Network and Internet\Network Connections အောက်ကို သွားပြီး adapter setting က နေ IPV4 ရဲ့  properties ကို ပြင်ရမှာပါ။ဒါက manual လုပ်တာဖြစ်ပြီး အလုပ်ရှုပ်ပါတယ်။DNS Jumper ကို သုံးရင် အလွယ်တကူနဲ့ Google Public DNS, OpenDNS စတာတွေ အပြင်တစ်ခြား DNS (၃၉) ခု ကို အလွယ်တကူပြောင်းလဲသုံးနိုင်ပါတယ်။နောက်ပြီး DNS Jumper က Fastest DNS တွေကို ရှာပေးနိုင်လို့  အမြန် ဆုံး DNS ကို ရွေးချယ်သုံးနိုင်ပါတယ်။ DNS Jumper ကို run ပြီး Fastest DNS ကို နှိပ်ပါ။
ashampoo 02
Find Fastest DNS ကို နှိပ်ပါ။
ashampoo 03
ဒါဆိုရင် အမြန်ဆုံး DNS ကို တွေ့ မြင်နိုင်ပြီး Apply Fastest DNS ကို နှိပ်ပါ။
ashampoo 04
DNS မပြောင်းခင်နဲ့ ပြောင်းပြီး သင့် အင်တာနက် speed ပို မြန်လာလား သိဖို့ အတွက် Speedtest.net ၀က်ဆိုက်မှာ စစ်ဆေးကြည့်နို်င်ပါတယ်။ဆော့ဝဲအသုံးပြုပြီးစမ်းသပ်ချင်ရင်တော့ အင်တာနက် speed ကို windows task bar မှာ အမြဲဖော်ပြပေးနိုင်တဲ့ NetSpeedMonitor ဆို တဲ့ freeware ကို သုံးပါ။
သင့် ISP ရဲ့  DNS ကို ပြန်ပြောင်းချင်ရင်တော့ star icon ကို နှိပ်ပြီး Default DNS ကို နှိပ်လိုက်ရင် နဂို DNS ကို ပြန်ပြောင်းပေးမှာပါ။
2
Download DNS Jumper @  sordum.org/7952/dns-jumper-v1-0-5/
Thursday, May 9, 2013
YouTube က Video တွေကို လျှင်လျှင်မြန်မြန်ကြည့်ရှုနိုင်မယ့် Feather Beta
1
YouTube က video တွေကို ကြည့်ရတာ အဆင်မပြေဖြစ်နေသလား? ကွန်နက်ရှင်မကောင်းတဲ့သူတွေအတွက် Feather Beta ဆိုတဲ့ option တစ်ခု ကို  YouTube ကပြုလုပ်ပေးထားပါတယ်။Feather Beta က advanced web techniques တွေကို အသုံးပြုပြီး ကွန်နက်ရှင်မကောင်းတဲ့ သူတွေ အဆင်ပြေစွာကြည့်နိုင်ဖို့  ပြုလုပ်ပေးမှာပါ။ နောက်ပြီး recommended video, related video တွေကို လည်း ပြပေးထားခြင်းမရှိတဲ့ အတွက် page loading ကို မြန်စေပြီး ကြည့်ချင်တဲ့ ဗီဒီယိုတွေကို လျှင်လျှင်မြန်မြန် ကြည့်နိုင်မှာပါ။ကွန်းမန့် တွေ ရေးတာကို တော့ပြုလုပ်နိုင်မှာ မဟုတ်ပေမယ့် သူများတွေရေးထားတဲ့ ကွန်းမန့် တွေကို တော့ ဖတ် နိုင်မှာပါ။Video တွေကို like, dislike လုပ်နိုင်ပါတယ်။
Feather Beta ကို join လုပ်နိုင်သလို အချိန်မရွေး leave လုပ်နိုင်ပါတယ်။ Feather Beta ကို စမ်းသုံးနိုင် ဖို့  Join Feather Beta လင့်ကို နှိပ်ပါ။
ashampoo 02
Feather Beta ကို join ပြီးသွားရင်တော့ YouTube ကို အောက်ကပုံ မှာလို မြင်တွေ့ ကြည့်ရှုနိုင်ပါတယ်။ ရိုးရှင်းပြီး page loading လည်းလျှင်မြန်လာတာတွေ့ ရပါတယ်။Feather Beta က Beta အဆင့်ပဲရှိပါသေးတယ်။အဲဒီအတွက် တစ်ချို့  video တွေကို တော့ ကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။
ashampoo 03
Web Video တွေကိုလျှင်လျှင်မြန်မြန် နဲ့ အဆင်ပြေစွာ ကြည့်နိုင်အောင်ပြုလုပ်ပေးနိုင်တဲ့ Speedbit Video Accelerator ဆိုတဲ့ ဆော့ဝဲကို လည်းတင်ထားပေးပါတယ်။စမ်းသုံးကြည့်ပါ။
Monday, May 6, 2013
Enable, Disable Secure Logon In Windows 7&8
1
Windows 7 , 8 ကွန်ပြူတာတွေ မှာ logon လုပ်တဲ့အခါမှာ password တွေကို virus, spyware တွေ က ကြားဖြတ်ဖမ်းယူနိုင်ပါတယ်။အဲဒီအတွက် Microsoft က Windows မှာ secure logon ကို ထည့်သွင်းပေးထားပြီး virus ,spyware တွေ သင့် password ကို မခိုးယူနိုင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။သင့်ဝင်းဒိုးအကောင့်ကို အလုံခြုံဆုံး ကာကွယ်ထားချင်ရင်တော့ အောက်မှာ ဆက်ဖတ်ပါ။
Win+R ကို နှိပ်ပြီး netplwiz လို့ ရိုက်ပြီး ok  နှိပ်ပါ။Advanced ကိုနှိပ်ပြီး Secure sign-in အောက်က check box မှာ အမှန်ခြစ်ပေးပါ။
2
ဒါဆိုရင် နောက်တစ်ခါ သင် logon လုပ်တဲ့အခါမှာ Press Ctrl+Alt+Del to sign in ဆိုတဲ့စာသားကိုတွေ့ မြင်နိုင်ပြီး Ctrl+Alt+Del ကိုနှိပ်ပြီးမှ သင့်အကောင့်ကို sign in လုပ်နိုင်မှာပါ။
1
သင် logon လုပ်တိုင်း Ctrl+Alt+Del ကို နှိပ်နေရတာ အလုပ်ရှုပ်တယ်ဆိုရင် Local Security Policy ကို သုံးပြီး Ctrl+Alt+Del နှိပ်စရာမလို အောင်ပြုလုပ်နိုင်ပါတယ်။ဒီလိုလုပ်ဖို့  Win+R ကိုနှိပ်ပြီး secpol.msc လို့ ရိုက်ပြီး ok နှိပ်ပါ။ဘယ်ဘက်က Local Policies ကိုနှိပ်ပြီး ညာဘက်က Security Options ကို double click နှိပ်ပါ။
ashampoo 01
Interactive logon: Do not require CTRL+ALT+DEL ကို double click နှိပ်ပြီး Enabled မှာ အမှန်ခြစ်ပေးပြီး Apply နှိပ်ပြီးထွက်ပါ။ဒါဆိုရင် သင့်အကောင့်ကို logon လုပ်တိုင်း Ctrl+Alt+Del နှိပ်စရာမလို တော့ဘဲဝင်နိုင်ပြီဖြစ်ပြီး virus , spyware တွေ သင့်အကောင့် password ကို ခိုးယူခြင်းမှလည်းကာကွယ်ပြီးသားဖြစ်သွားပါပြီ။
ashampoo 02
Sunday, May 5, 2013
Bittorrent Sync : ကွန်ပြူတာတွေကြားမှာ ဖိုင်၊ဖိုဒါတွေ တိုက်ရိုက် Sync လုပ်ကြမယ်
1
သင့်ကွန်ပြူတာ နှစ်လုံး မှာ ဖိုင်တွေ sync လုပ်ဖို့ ဘယ်နည်းကို အသုံးပြုပါသလဲ? Dropbox, Google Drive တွေ ရဲ့ client application တွေကို အသုံးပြုပြီး သင့်ကွန်ပြူတာ နှစ်လုံးကြားမှာ ဖိုင်တွေ sync လုပ်လို့ ရပါတယ်။ဒီနည်းက ကြားခံ cloud storage,server တစ်ခု လိုအပ်ပြီး ပထမစက်က sync လုပ်မယ့် ဖိုင်တွေကို ပထမဆုံး cloud storage ကို upload လုပ်ပါတယ်။ပြီးတဲ့ အခါကျမှ ဒုတိယစက်က အဲဒီဖိုင်တွေကို download လုပ်ပြီး sync လုပ်တာဖြစ်ပါတယ်။အဲဒီအတွက် upload / download လုပ်ရတဲ့ အတွက် အချိန် ပို ကြာပါတယ်။နောက်ပြီး cloud storage တွေကို အသုံးပြုရတာဖြစ်တဲ့ အတွက် storage limit ရှိပါတယ်။Bittorrent Sync ကို အသုံးပြုရင် တော့  ကြားခံ cloud storage တွေ မလို ဘဲ၊အကောင့်တွေ လုပ်စရာမလိုဘဲ သင့်ကွန်ပြူတာတွေကြားမှာ ဖိုင်တွေ တိုက်ရိုက် sync လုပ်နိုင်ပါတယ်။Bittorrent Sync က freeware ဖြစ်ပြီး Windows , Mac , Linux စတဲ့ os တွေ မှာ Bittorrent Sync ကို သုံးနိုင်ပါတယ်။
ပထမစက်မှာ အင်စတောလုပ်ခြင်း
Bittorrent Sync ကို အင်စတောလုပ်ရင် Standard Setup (or)  I have a secret နှစ်မျိုးကို ရွေးချယ်ရမှာပါ။ပထမ စက်မှာ အင်စတောလုပ်ရင်တော့ Standard Setup ကို ရွေးချယ်ပြီးအင်စတောလုပ်ပါ။
2
နောက်အဆင့်မှာ ဒုတိယစက် မှာ ရိုက်ထည့်ရမယ့် secret code တွေကို ကော်ပီကူးနိုင်ပါတယ်။ဒီအဆင့်မှာ ဘာမှမလုပ်ဘဲ ဆက်သွားနိုင်ပါတယ်။ပထမစက်နဲ့ ဒုတိယစက်ကို ချိတ်ဆက်ဖို့ ဒုတိယစက် မှာ  အင်စတောလုပ်တဲ့ အခါ ဒါမှမဟုတ် အင်စတောလုပ်ပြီးတဲ့ အခါ မှာ ပြုလုပ်နိုင်ပါတယ်။
3
ဒုတိယစက်မှာ အင်စတောလုပ်ခြင်း
ဒုတိယစက်အနေနဲ့  Mac ကွန်ပြူတာမှာ  bittorrent sync ကိုအင်စတောလုပ်ပါမယ်။ Windows,Mac,Linux စတဲ့ သင်မှာ ရှိတဲ့ ကွန်ပြူတာတွေမှာ အင်စတောလုပ်ပြီး sync လုပ်နိုင်ပါတယ်။ အင်စတောလုပ်တဲ့ အခါမှာ ပထမစက်က secret code တွေကို ဖြည့်ပေးနိုင်သလို Next နှိပ်ပြီး ဆက်သွားနိုင်ပါတယ်။အင်စတောလုပ်ပြီးမှ စက်နှစ်လုံးကို ချိတ်ဆက်ပြီး sync လုပ်ဖို့ ပြုလုပ်နိုင်ပါတယ်။
5
ဖိုဒါတစ်ခု ကို sync လုပ်ခြင်း
6
ပြီးရင် sync လုပ်မယ့်ဖိုဒါကို Shared Folders မှာတွေ့ မြင်နိုင်ပါပြီ။အဲဒီ ဖိုဒါပေါ်ကို right click နှိပ်ပြီး Copy secret ကို နှိပ်ပြီးကုတ်တွေကို ကူးပြီး မှတ်ထားပါ။
7
ဒုတိယစက်က bittorrent sync က Shared Folders မှာ Add ကို နှိပ်ပါ။Generate မလုပ်ဘဲနဲ့  ပထမစက်က ကုတ်တွေကို ဖြည့်ပေးပါ။ပြီးရင် sync လုပ်မယ့် ဖိုဒါကို ရွေးချယ်ပေးပါ။ဒါဆိုရင် အဲဒီဖိုဒါကို စပြီး sync လုပ်ပါပြီ။
9
Folder Preferences
Bittorrent Sync က default အားဖြင့် two-way sync လုပ်ပေးမှာဖြစ်ပါတယ်။ဥပမာအားဖြင့် ပထမစက်မှာ ဖိုင်တစ်ခု အတိုးအလျှော့ပြုလုပ်ရင် ဒုတိယစက်မှာလည်း အဲဒီဖိုင်ကို အတိုးအလျှော့လုပ်ပေးမှာပါ။အပြန်အလှန်အားဖြင့် ဒုတိယစက်မှာဖိုင်တစ်ခု အတိုးအလျှော့လုပ်ရင် ပထမစက်မှာ လည်း အဲဒီဖိုင်ကို အတိုးအလျှော့လုပ်ပေးမှာပါ။ဒါက two-way sync ပါ။တကယ်လို့ ပထမစက်မှာ ဖိုင်အတိုးအလျှော့လုပ်ရင် ဒုတိယစက်မှာ အဲဒီဖိုင်ကို အတိုးအလျှော့လုပ်မယ်။ဒါပေမယ့် ဒုတိယစက်မှာ ဖိုင်အတိုးအလျှော့လုပ်ရင် ပထမစက်မှာ အပြောင်းအလဲမလုပ်ချင်ရင်  အောက်ကနည်းအတိုင်းပြုလုပ်နိုင်ပါတယ်။ပထမစက်က bittorrent sync က Shared Folders မှာ ဖိုဒါကို right click နှိပ်ပြီး Show folder preferences ကို နှိပ်ပါ။Read only secret ကို ကော်ပီကူးပြီးဒုတိယစက်မှာဖြည့်ပေးပါ။ဒါဆို one-way ပဲ sync လုပ်ပေးမှာပါ။
8
Download  Bittorrent Sync
Bittorrent System အကြောင်းနဲ့  torrent ဖိုင်တွေကို ဒေါင်းလုပ်လုပ်နည်းဆောင်းပါးတွေကို လည်းရေးပေးထားပါတယ်။အောက်ကလင့်တွေမှာဖတ်ရှုနိုင်ပါတယ်။
What is Torrent & How to download it?
How to download Torrent without Torrent Client
Torrent ဖိုင်တွေကို Chrome & Firefox ကနေတိုက်ရိုက်ဒေါင်းလုပ်လုပ်နိုင်ပြီ