Showing posts with label Android Applications. Show all posts
Showing posts with label Android Applications. Show all posts

Saturday, May 25, 2013

ABBYY TextGrabber + Translator 1.1.27.0 (Android)

ashampoo 08

သင်သိချင်တဲ့ ဘာသာစကားကို ဒီ application နဲ့ ဓါတ်ပုံရိုက်လိုက်တာနဲ့  optical character recognition ဖြင့်စကားလုံးတွေကိုဖမ်းယူပေးပြီး တစ်ခြားဘာသာစကားတွေကို အလွယ်တကူ ဘာသာပြန်ပေးနိုင်ပါတယ်။ OCR နဲ့  စာတွေ ဖမ်းယူပေးဖို့  အတွက် ကွန်နက်ရှင်မလို အပ်ဘဲ ဘာသာပြန်ပေးဖို့ အတွက်သာ ကွန်နက်ရှင်လို အပ်ပါတယ်။ဘာသာစကား ၆၀ ကျော်ကို ocr ဖြင့် ဖမ်းယူပေးနိုင်ပြီး ဘာသာစကား  ၄၀  ကျော်ကို ဘာသာပြန်ပေးနိုင်ပါတယ်။Google Play Store မှာ လေ့လာနိုင်ပြီးအောက်ကလင့်မှာ full version ကို ဒေါင်းနိုင်ပါတယ်။

 

Download ABBYY TextGrabber + Translator

Friday, May 24, 2013

Loader Droid Pro 0.9.3 ( Download Manager For Android)

ashampoo 01

Features တွေစုံလင်စွာပါတဲ့ download manager ပါ။ videos, images, music, applications တွေအပါအ၀င် ဘယ်လို ဖိုင်အမျိုးအစားကို မဆိုဒေါင်းလုပ်လုပ်ပေးနိုင်ပါတယ်။Resume download လုပ်နိုင်ပါတယ်။Resume download မပေးတဲ့ဆိုက်တွေကနေတောင် ပြန်ပြီး resume လုပ်ပေးနိုင်တဲ့ link update feature လည်းပါရှိပါတယ်။Browsers,applications တွေက နေဒေါင်းလုပ်လင့်တွေကို ကြားဖြတ်ဖမ်းယူပြီးဒေါင်းလုပ်လုပ်နိုင်ပါတယ်။ကိုယ်ပိုင် browser ပါရှိပြီးဒေါင်းလုပ်ဆွဲရခက်တဲ့ လင့်တွေကို အဲဒီ browser ကနေအလွယ်တကူ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ကွန်နက်ရှင်ပြတ်တောက်သွားရင် auto pause လုပ်ပေးနိုင်ပြီး ကွန်နက်ရှင်ပြန်ရတာနဲ့  auto resume လုပ်ပေးနိုင်ပါတယ်။

1234

download button

Download Loader Droid

SwipePad: launch apps without leaving the window you are working in

ashampoo 06

Windows ကွန်ပြူတာမှာ applications တွေ အများအပြားဖွင့်ပြီး multi-task လုပ်ပြီးအသုံးပြု ရတာလွယ်ကူပါတယ်။Android Phone မှာ တော့ applications တွေ အများအပြားဖွင့်ပြီးသုံးရတာအဆင်မပြေပါဘူး။ဥပမာ Android phone မှာ facebook သုံးနေတယ်ဆိုပါစို့ ။ Gmail application ကို သုံးဖို့  facebook ကို ပိတ် home button ကို နှိပ် gmail  ကို ရှာ ပြီးသုံးရမှာပါ။ပြီးရင် facebook ကို ပြန်သုံးချင်ရင် gmail ကို ပိတ်ပြီး facebook ကို ပြန်ရှာပြီးသုံးရမှာပါ။SwipePad ဆိုတဲ့ android application က အဲဒီအခက်အခဲကို ဖြေရှင်းပေးနိုင်ပါတယ်။Application တွေအများအပြားကို လက်ရှိသုံးနေတဲ့ application window  ကနေပဲပြောင်းလဲသုံးစွဲနိုင်ပါတယ်။

SwipePad ကို အင်စတောလုပ်ပြီးရင် tutorial ကို ပြပေးပါလိမ့်မယ်။အဲဒါပြီးရင်တော့ SwipePad ကို အသုံးပြုဖို့  configure စလုပ်ရမှာပါ။PADS အောက်က Default pad ကို နှိပ်ပါ။နောက်အဆင့်မှာ လွတ်နေတဲ့ Portal တစ်ခု ကို နှိပ်ပါ။

Moborobo20130524201857Moborobo20130524201937

Applications ကိုနှိပ်ပြီး SwipePad ကနေ သုံးချင်တဲ့ application ကို ရွေးပါ။

Moborobo20130524202154Moborobo20130524202215

ပြီးရင် HOTSPOTS အောက်မှာ HOTSPOTS ကို သတ်မှတ်ပေးပါ။Hotspot size ကိုလည်း ပြောင်းလဲနိုင်ပါတယ်။အောက်ကပုံမှာတော့ hotspot ကို ညာဘက်အပေါ်ထောင့်မှာသတ်မှတ်ထားတာပါ။သဘောက သင် applications တွေကို ပြောင်းလဲအသုံးပြုချင်ရင်အဲဒီ သတ်မှတ်ထားတဲ့ hotspot နေရာကို ဖိထားလိုက်ရင် applications တွေ ပေါ်လာပြီးပြောင်းလဲသုံးစွဲနိုင်ပါပြီ။

Moborobo20130524203512

download button

Download SwipePad from Google Play Store  (or)  Dropbox

YouTube က tutorial video ကိုလည်းကြည့်နိုင်ပါတယ်။

Wednesday, May 15, 2013

WiFi Mouse Pro v1.4.0 (Android)

ashampoo 05

Android ဖုန်း ကနေ သင့်ကွန်ပြူတာကို ထိန်းချုပ်နိုင်မယ့် application ပါ။Mouse cursor ကို ထိန်းချုပ်နိုင်ပြီး android keyboard ကို အသုံးပြုပြီး စာရိုက်ပေးနိုင်ပါတယ်။Speech-to-text input လည်းပြုလုပ်နိုင်ပါတယ်။ Mouse server ကို တော့ ကွန်ပြူတာမှာ အင်စတောလုပ်ထားရပါမယ်။Wifi mouse နဲ့  mouse server နှစ်ခုလုံးက network တစ်ခု တည်းမှာရှိရပါမယ်။Application နှစ်ခုကို ချိတ်ဆက်ဖို့  wifi mouse ကနေ auto connect လုပ်နိုင်သလို mouse server က ip ကို wifi mouse မှာ ရိုက်ထည့်ပြီး လည်း ချိတ်ဆက်နိုင်ပါတယ်။

123

Google Play Store မှာလေ့လာနိုင်ပြီး အောက်ကလင့်ကနေ ဒေါင်းပါ။

download button

Download Wifi Mouse Pro

OfficeSuite Pro 7 (PDF & HD) v7.1.1237 (Android)

ashampoo 04

Word, Excel and PowerPoint files တွေ ကို သင့်ဖုန်း မှာ view, create, edit, print and share လုပ်နိုင်ပါတယ်။PDF ဖိုင်တွေကို လည်းကြည့်ရှုနိုင်ပါတယ်။File browser ပါရှိပြီး သင့်ဖုန်းက office ဖိုင်တွေကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။Box, DropBox, Google Drive, SkyDrive and SugarSync စတဲ့ cloud service တွေ က သင့်ဖိုင်တွေကို view,edit လုပ်နိုင်ပါတယ်။ရွေးချယ်စရာ templates တွေ လည်း အသင့်ပါရှိပါတယ်။

Supported file formats

* Text format - DOC, DOCX, DOCM, RTF, TXT, LOG
* Spreadsheet - XLS, XLSX, XLSM, CSV
* Presentation - PPT, PPTX, PPS, PPSX, PPTM, PPSM
* Other formats - PDF, EML, ZIP

145

Google Play Store မှာလေ့လာနိုင်ပြီး အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်။

download button

Download Office Suite Pro (25) mb

Dropsync PRO v2.4.18 (Android)

ashampoo 03

Dropbox android application က သင့် android phone နဲ့  dropbox ကြားမှာ ဖိုင်တွေ sync မလုပ်ပေးနိုင်ပါဘူး။Dropsync pro က သင့် ဖုန်း နဲ့  dropbox အကောင့်ကြားမှာ ဖိုင်တွေ ကို two-way sync လုပ်ပေးနိုင်ပါတယ်။သင့် ကွန်ပြူတာမှာ dropbox application ကို အသုံးပြုရင် သင့် ကွန်ပြူတာနဲ့  dropbox အကောင့်ကြားမှာဖိုင်တွေ sync လုပ်ပေးမှာပါ။သင့်ဖုန်း မှာ dropsync ကို သုံးရင် သင့်ဖုန်းနဲ့  dropbox အကောင့်ကြားမှာ ဖိုင်တွေ sync လုပ်ပေးမှာပါ။အဲဒီအတွက် သင့်ကွန်ပြူတာနဲ့  ဖုန်းကြားမှာလည်း ဖိုင်တွေ sync လုပ်လို့ ရနိုင်ပြီပေါ့။သဘောက  သင့်ဖုန်း ကနေ ပုံတစ်ပုံရိုက်လိုက်ရင် သင့်ကွန်ပြူတာ dropbox sync folder မှာ အဲဒီပုံရောက်နေပါပြီ။

123

Google Play Store မှာလေ့လာနိုင်ပြီး ကြိုက်ရင် အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်။

download button

Download Dropsync Pro (1) mb

IM + Pro 6.5.1 Latest Version (Android)

ashampoo 02

Gtalk, skype, facebook, MSN/Live Messenger,  Yahoo!, AIM/iChat, ICQ, MeinVZ, Gadu-Gadu, RenRen, Jabber, mig33, SINA Weibo, Fetion, Mamba.Ru, VKontakte, Yandex IM, Odnoklassniki.Ru and Mail.Ru Agent  စတဲ့ IM service တွေ အားလုံးကို တစ်နေရာတည်းကနေ အသုံးပြုနိုင်မှာပါ။text messages, photos, and voice notes စတာတွေ ပေးပို့ လက်ခံနိုင်ပါတယ်။Skype, MSN, AIM, ICQ တွေ မှာ group chat လုပ်နိုင်ပါတယ်။Service တစ်ခု မှာ အကောင့်များစွာ တစ်ပြိုင်နက်သုံးနိုင်ပါတယ်။Master password ဖြင့် IM + Pro ကို လုံခြုံစေနိုင်မယ့် Option လည်းပါရှိပါတယ်။Chat history တွေ သိမ်းနိုင်ပါတယ်။

Google Play Store  မှာ လေ့လာနိုင်ပြီး ကြိုက်ရင် အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်။

download button

Download IM+ Pro (8) mb

Tuesday, May 14, 2013

Network Monitor Mini Pro (Android)

ashampoo 01

Android device တွေ ရဲ့ အင်တာနက် ကွန်နက်ရှင် upload / download speed ကို အချိန်ပြည့် (live statistics) ဖော်ပြပေးနိုင်တဲ့ application ပါ။Upload/download speed ကို  top(left),top(right),top(center),bottom(left),bottom(right),bottom(center) စတဲ့ နေရာတွေ မှာ ပြပေးဖို့ ရွေးချယ်နိုင်သလို notification bar (or) status bar မှာ လည်း ဖော်ပြပေးနိုင်ပါတယ်။Measurement unit ကိုလည်း KB/s (kilobyte / sec) (or)  Kb/s (kilobit / sec) စတဲ့ unit တွေနဲ့ ပြပေးဖို့ ရွေးချယ်နိုင်ပါတယ်။ကွန်နက်ရှင်မရှိတဲ့ အချိန်တွေမှာ auto-hide လုပ်နိုင်ပါတယ်။Text color ,font size,custom font တွေကို လည်း စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။အောက်ကပုံတွေ မှာ ဘယ်ဘက်အပေါ်ထောင့်မှာ download/upload speed ကို ပြပေးနေတာတွေ့ နိုင်ပါတယ်။

App Screenshots

Moborobo20130515122800Moborobo20130515122816Moborobo20130515122826Moborobo20130515122833Moborobo20130515122847

download button

Download Network Monitor Mini Pro from Dropbox  (or)  Mirrorcreator

ကွန်ပြူတာက အင်တာနက် ကွန်နက်ရှင်ကို အချိန်ပြည့် မြင်တွေ့ ချင်ရင်တော့ NetSpeedMonitor ဆို တဲ့ freeware ကို သုံးပါ။NetSpeedMonitor က windows taskbar မှာ upload / download speed ကို အချိန်ပြည့်ဖော်ပြပေးမှာပါ။

Friday, May 10, 2013

MapsWithMe ProV2.3.3 (Offline Maps For Android)(10Mb)

1

Offline Map ကောင်းကောင်းလေးတခုကို Version အသစ်ထွက်လိုရ်တင်ပေးလိုက်ပါတယ်။ မိမိအသုံးပြုခြင်တဲ့နိုင်ငံရဲ့မြေပုံလေးကိုဒေါင်းလော့ဆွဲထားပြီးနောက်မိမိဘယ်သွားသွား Internet connection မလိုပဲ Offline Map အဖြစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ခရီးခဏ ခဏထွက်တက်တဲ့ သူတွေအတွက်အရမ်းကိုအသုံးတည့်မြည့် Offline Map Application လေးဖြစ်ပါတယ်ခင်ဗျား။ပြီးတော့ဒီ Application လေးကမိမိရောက်ရှိနေတဲ့နေရာရဲ့အနီးဆုံး  စားသောက်ဆိုင် ၊ တည်နေရာ ၊ အနီးဆုံးကားမှတ်တိုင်စသဖြင့် တွေကိုအလျှင်မြန်ဆုံးကြည့်ရှူနိုင်ပါတယ်။မိမိရှာဖွေလိုသည့်အရာများကိုလည်း  auto-suggestion feature ပါဝင်သဖြင့်အလျှင်မြန်ဆုံးရှာဖွေနိုင်ပါတယ်မိမိသွားလိုသောနေရာများကိုလည်းအလွယ်ကူဆုံးလမ်းညွှန်မှုတွေကို လည်းလုပ်ဆောင်ပေးပါသေးတယ်။ဒါကြောင့်MapsWithMe Pro <Offline Maps ကလေးကိုမိမိရဲ့ဖုန်းထဲမှာထည့်သွင်းထားယုံဖြင့် မိမိလက်ရှိနေထိုင်သောနိုင်ငံရဲ့ မြေပုံအပြင်WorldMapလည်းပါဝင်ထားပြီးဖြစ်သောကြောင့်ကမ္ဘာကြီးကိုအိပ်ကပ်ထဲထဲ့ပြီးထားသလိုခံစားရမှာပါ။လွယ်ကူအဆင်ပြေစွာအသုံးပြုနိုင်ကြမယ်လိုထင်ပါတယ်ခင်ဗျား။

ဒီတခါတော့အားလုံးအဆင်ပြေအောင်လိုရ် မြေပုံရဲ့ Data (MYANMAR , MALAYSIA and SINGAPORE -Maps)-ကိုပါထည့်ပေးလိုက်ပါတယ်ခင်ည။Data ထည့်သွင်းပုံမှာ ပေးထားတဲ့ Data zip ကိုဒေါင်းပြီး Extract လုပ်ပြီးမိမိဖုန်းရဲ့Internal SD Card  ရဲ့အပြင်မှာပဲထည့်ပေးထားလိုက်ယုံပါပဲခင်ဗျ။ပြီးမှ MapWithMe Pro Apkကို Install လုပ်ပြီး Done နဲ့အရင်ထွက်ပြီးမှပြန်ဖွင့်ပြီးသုံးလိုက်ပါခင်ဗျ။


Requires Android:2.1 and up

MapWithMe.pro ဆော့ဝဲလ် အားရယူရန်

MapWithMe Pro Dataဆော့ဝဲလ် အားရယူရန်

www.myanmarmobileapp.com မှကူးယူဖော်ပြပါသည်။

23

Wednesday, April 24, 2013

Video Converter Android Pro 1.5.5 Full Version

1

သင့် Android phone က support မပေးတဲ့ video file တွေကို  တစ်ခြားဖိုင်ဖောက်မက် တွေ အဖြစ် convert လုပ်ပေးနိုင်ပါတယ်။သင့်ဖုန်းမှာ ရှိတဲ့ video files တွေ အားလုံးကို scan လုပ်ပြီးရှာပေးနိုင်ပါတယ်။ပြောင်းပေးနိုင်တဲ့ video ဖိုင်ဖောက်မက်တွေ ကတော့ mp4,3gp,avi,vob တို့ ဖြစ်ပါတယ်။ဒါ့အပြင် ဖိုင်ဆိုက်တွေ ကို လျှော့ချပြီး ပြောင်းလဲပေးနိုင်သလို quality မကျစေဘဲ လည်း ပြောင်းလဲပေးနိုင်ပါတယ်။Video file ကနေ audio file အဖြစ်လည်းပြောင်းပေးနိုင်ပါတယ်။

Browse ကို နှိပ်ပြီး video ဖိုင်တွေကို manual လိုက်ရှာနိုင်သလို Videos ကို နှိပ်ပြီး Video ဖိုင်တွေ ကို ရှာဖွေနိုင်ပါတယ်။

Moborobo20130424192106Moborobo20130424192119

သင်ပြောင်းချင်တဲ့ဖိုင် ကို tap လုပ်ပြီး select လုပ်ပါ။ဖိုင်အများအပြားကို တစ်ပြိုင်နက်တည်းရွေးချယ်ပြီးလည်းပြောင်းနိုင်ပါတယ်။ပြီးရင် Convert ကို နှိပ်ပါ။

Moborobo20130424192156Moborobo20130424192222

နောက်တစ်ဆင့်မှာ Default ကို နှိပ်ပြီး Reduce Size (pro) ,Keep Quality (pro),Manual,Audio Only (pro) စတာတွေကို ရွေးချယ်နိုင်ပါတယ်။ဖိုင်ဆိုက်ကို လျှော့ချပြီး ပြောင်းလဲချင်ရင်တော့ Reduce Size ကို ရွေးပါ။နဂိုမူလ ဖိုင်ရဲ့ quality အတိုင်းလို ချင်ရင်တော့ Keep Quality ကို ရွေးပါ။Manual ကို ရွေးချယ်ပြီးသင့်စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။Audio ပဲလို ချင်ရင်တော့ Audio Only ကို ရွေးပါ။

Moborobo20130424192248Moborobo20130424192258

Container ကိုနှိပ်ပြီး သင်ပြောင်းချင်တဲ့ဖိုင်ဖောက်မက်ကို ရွေးချယ်ပါ။ပြီးရင် Start ကို နှိပ်ပါ။

Moborobo20130424192313Moborobo20130424192344

Convert လုပ်ပြီးရင် Converted ကို နှိပ်ပြီး video file တွေကို ကြည့်နိုင်ပါပြီ။

Moborobo20130424192448Moborobo20130424193311

Download Video Converter Pro 1.5.5 Full Version Dropbox  (or)  Mirrorcreator