Windows 8 ရဲ့  Control Panel Setting အားလုံးကို တစ်နေရာတည်းကနေ အသုံးပြုလို့ ရနိုင်မယ့်  Super Mode ကို shortcut ပြုလုပ်ပြီးသုံးနိုင်ပါတယ်။Windows 7 မှာ God Mode ပြုလုပ်ပြီးအသုံးပြုနိုင်သလို Windows Vista မှာ Master Control Panel ပြုလုပ်အသုံးပြုနိုင်ပါတယ်။Windows 8 ရဲ့  Super Mode အသုံးပြုနည်းကို အောက်မှာ ဆက်ဖတ်ပါ။
Super Mode ကို shortcut ပြုလုပ်ပြီးသုံးဖို့ နည်း နှစ်နည်းရှိပါတယ်။ပထမနည်းက desktop ပေါ်မှာ right click နှိပ်ပြီး New Folder တစ်ခု ပြုလုပ်ပါ။Folder Name ကို အောက်ကနာမည်ပေးပါ။
SuperMode.{ED7BA470-8E54-465E-825C-99712043E01C}
နောက်တစ်နည်းက desktop ပေါ်မှာ right click နှိပ်ပြီး New Shortcut ပြုလုပ်ပါ။Location နေရာမှာ အောက်က စာသားဖြည့်ပေးပါ။
%WinDir%\explorer.exe shell:::{F90C627B-7280-45db-BC26-CCE7BDD620A4}
ဒါဆိုရင် Windows 8 ရဲ့  Super Mode ကို အောက်ကပုံမှာလို တွေ့ မြင်နိုင်ပါတယ်။
Super Mode ထဲဝင်ကြည့်ရင်တော့ Windows 8 ရဲ့  Control Panel Setting တွေ အားလုံးကို တွေ့ မြင်နိုင်မှာပါ။
0 comments:
Post a Comment