Thursday, May 16, 2013

Easy Reboot Recovery

1

Android device  ဟာ boot မတက်တော့တဲ့ အချိန်မှာ  recovery mode ထဲဝင်ပြီး factory reset ချ နည်း ကို ရေးပေးထားပါတယ်။Boot မတက်တော့တဲ့ အချိန်မှာ recovery mode ထဲဝင်ဖို့  combination key တွေ တွဲနှိပ်ရပါတယ်။Recovery Mode ထဲ ၀င်ဖို့ နှိပ်ရမယ့် ကီးတွေ က ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူပါဘူး။ကိုယ့်ဖုန်း အတွက် နှိပ်ရမယ့်ကီးကို ရှာမတွေ့ ရင် Easy reboot recovery ဆို တဲ့ windows application ကို သုံးပါ။

Easy reboot recovery က portable ဖြစ်ပြီး အင်စတောလုပ်စရာမလို ပါဘူး။ဒေါင်းလုပ်လုပ်ပြီးရင် zip ဖိုင်ကို ဖြည်ပြီး RebootRecovery.bat ကို run ပါ။ပြီးရင် command prompt window ပေါ်လာပြီးရင်ဖုန်း က အလို လို recovery mode ထဲရောက်သွားပါမယ်။

ashampoo 01

Recovery mode ထဲရောက်သွားရင်တော့ wipe data/factory reset ကို နှိပ်ရင် သင့်ဖုန်းက စက်ရုံထုတ်အနေအထားအတိုင်းပြန်ဖြစ်သွားပါပြီ။ Factory reset ချရင် ဖုန်းက ဒေတာတွေ ပျက်သွားမှာဖြစ်လို့ သင့်ဖုန်းကို အသုံးပြုလို့ ရနေတဲ့ အချိန်တွေ မှာ အမြဲတစေ Backup လုပ်ထားဖို့ အကြံပေးပါတယ်။

1

download button

Download Easy Reboot Recovery

0 comments:

Post a Comment