Monday, November 5, 2012
RSS Graffiti : Publish RSS Feed To Your Facebook Automatically
1
သင့်မှာ blog ,website တစ်ခုရှိရင်သင်ဆောင်းပါးတစ်ခုတင်လိုက်တိုင်း facebook wall/timeline, page စတဲ့နေရာတွေမှာအလိုလို ဆောင်းပါးတွေတင်ပေးနိုင်တဲ့ facebook application ပါ။ဒါ့အပြင် သင်ကြိုက်နှစ်သက်တဲ့ ဆိုက်က rss feed တွေ၊ youtube video rss feed တွေ ကိုလည်း အလိုလိုတင်ပေးနိုင်ပါတယ်။သင် google plus မှာ စာတစ်ခုတင်တိုင်းလည်း facebook မှာ auto post လုပ်ပေးနိုင်ပါတယ်။Google plus rss feed ရဖို့ Create RSS Feed From Your Google Plus Stream ဆောင်းပါးကိုဖတ်ပါ။
အပေါ်မှာပြောထားတဲ့ rss feed တွေထဲကသင့် စိတ်ကြိုက် feed ကိုရရင် facebook ကို sign in လုပ်ပြီး rss graffiti application ကိုသွားပါ။ပြီးရင် နာမည်တစ်ခုပေးပြီး create publishing plan ကိုနှိပ်ပါ။
1
Sources ဘေးက Add new ကိုနှိပ်ပါ။
2
RSS feed url ထည့်ပေးပါ။Add Source ကိုနှိပ်ပါ။
3
Scheduling အောက်က update frequency ကို As soon as possible ကိုရွေးပါတယ်။Maximum posts per update မှာ 5 posts ကိုရွေးပါတယ်။သင် နဲ့ အဆင်ပြေမယ့် setting ကိုရွေးနိုင်ပါတယ်။Save ကိုနှိပ်ပြီးရင် source ကိုရွေးတဲ့အပိုင်းပြီးပါပြီ။
5
Target ဘေးက Add new ကိုနှိပ်ပါ။
2
Choose target အောက်မှာ page (or)  user ရွေးပေးပါ။Timeline / Wall မှာပေါ်ချင်ရင် user ရွေးပါ။Page မှာပေါ်ချင်ရင် page ကိုရွေးပါ။Post style မှာ Standard ကိုရွေးပြီး Save Changes ကိုနှိပ်ပါ။
4
ပြီးရင် switch ကို  On လုပ်ပေးပါ။
6
Facebook timeline/wall မှာရော page မှာရောပေါ်ချင်ရင် add new publishing plan ထပ်လုပ်ပေးပြီး အပေါ်ကအဆင့်တွေအတိုင်းပြန်လုပ်ပြီး target နေရာမှာ page (or) user ကိုပြောင်းလဲရွေးချယ်ပေးပါ။
Go to rss graffiti site @ www.rssgraffiti.com
Similar Tools : Sync posts between facebook,google plus and twitter (IFTTT)
                             How to auto post to facebook , twitter and linkedin
Google + To RSS : Create An RSS Feed From Your Google Plus Stream
1
Sync Posts Between Facebook,Google Plus And Twitter(IFTTT)  ဆိုတဲ့ဆောင်းပါးမှာ google plus rss feed ကိုရယူနည်းကို အကျဉ်းချုပ်ရေးထားပေးပါတယ်။အခုဒီဆောင်းပါးမှာ ထပ်ရေးပေးပါ့မယ်။သင့် googel plus ,facebook ,twitter စတဲ့     social network တွေ ကို လူ အ မျိုး မျိုး က  အ   ကြောင်း အ မျိုး မျိုး နဲ့ သုံးကြပါတယ်။တစ်ချို့ တွေကတော့ စီးပွားရေးအတွက်ကုန်ပစ္စည်းတွေလူသိများအောင်ကြော်ညာကြတယ်။မိတ်ဆွေအပေါင်းအသင်းများအောင်သုံးကြတယ်။Google plus ကနေ သင် share လုပ်လိုက်တဲ့ဆောင်းပါးတွေ၊ကြော်ညာတွေကို facebook,twitter တို့ မှာ ထပ်ပြီး တင်စရာမလိုဘဲအလိုလို တင်အောင်လုပ်ပေးနိုင်တဲ့ free web service တွေရှိပါတယ်။အဲဒီ service တွေကို အသုံးပြုဖို့  သင့်ရဲ့ google plus rss feed ကိုရယူဖို့ လို ပါတယ်။
google + to rss ဆိုက် ကိုသွားပြီး Login Via Google + ကိုနှိပ်ပြီးသင့် google plus အကောင့်နဲ့  ၀င်ပါ။
4
2ှာ
Checkout Google + To RSS @ http://gplusrss.com
Sunday, November 4, 2012
Full Text RSS Feed : Convert Partial RSS Feeds To Full Text Feeds
2
အရင်ဆောင်း ပါး တစ် ခု မှာ သင် အ ကြိုက်ဆုံးဆိုက်တွေက နေ့ စဉ် update သတင်းတွေဆောင်းပါးတွေကို အဲဒီဆိုက်တွေကိုသွားကြည့်စရာမလို ဘဲ သင့် အီးမေး ဆီအရောက်ပို့ ပေး နိုင်အောင် Email Subscribe အကြောင်းရေးဖူးပါတယ်။RSS ( really simple syndication ) ဆိုတာကလည်း email subscribe လုပ်သလို ပါပဲ။သင်အကြိုက်ဆုံးဆိုက်တွေက သတင်းတွေ ဆောင်းပါးတွေကို အဲဒီဆိုက်တွေကိုသွားစရာမလိုဘဲ RSS feed reader တစ်နေရာတည်းကဖတ်လို့ ရနိုင်ပါတယ်။RSS feed reader တွေရဲ့ အကြောင်းတွေ နှိုင်းယှဉ်ချက်  တွေကို Wikipedia  ဆောင်းပါးမှာအပြည့်အစုံဖတ်နိုင်ပါတယ်။ သင့်မှာ google အကောင့်တစ်ခုရှိရင် google reader မှာလည်း rss feed တွေရယူပြီးဖတ်နိုင်ပါတယ်။
ဆိုက်တွေအားလုံးလိုလိုမှာ RSS feed ရယူပြီး ဖတ်နိုင်အောင်ပြုလုပ်ပေးထားကြပါတယ်။ကျွန်တော့်ဘလော့မှာလည်း rss feed ပုံကိုနှိပ်ပြီးရယူနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော့်ဘလော့အပါအ၀င် ဆိုက်တော်တော်များများက rss feed တွေကို rss feed reader မှာဖတ်ကြတဲ့အခါ ဆောင်းပါးတွေကို အပြည့် အ စုံ မ  ဖော်ပြဘဲ  read more ဆိုပြီးအောက်ကပုံမှာလို  သူတို့ ဆိုက်တွေမှာပဲအပြည့်အစုံလာဖတ်အောင်ပြုလုပ်ထားကြပါတယ်။
1
အဲဒီအတွက်ဆောင်းပါးအပြည့်အစုံဖတ်ချင်ရင် ဆိုက်တွေကို သွားဖတ်ကြရပြန်ပါတယ်။အဲဒီပြဿနာကိုဖြေရှင်းပေးနိုင်တဲ့  free web service တစ်ခုရှိပါတယ်။သင်ဖတ်ချင်တဲ့ဆိုက်ရဲ့ rss feed url ကိုရယူပြီးရင်  fulltextrssfeed ဆိုက်ကိုသွားပါ။
3
ပြီးရင် rss feed url ကို ထည့်ပေးပြီး Submit လုပ်ပေးရင် full text rss feed url အသစ်တစ်ခုရလာပါပြီ။အဲဒီ rss feed url ကို ရယူပြီးသင်ကြိုက်နှစ်သက်ရာ rss feed reader တွေနဲ့ ဆောင်းပါးအပြည့်အစုံကို ဖတ်ရှုနိုင်ပါတယ်။
Checkout fulltextrssfeed @ http://fulltextrssfeed.com/
The 7 Best YouTube Channels To Watch For Photoshop Video Tutorials
1
Photoshop video tutorial တွေကို လေ့လာဖို့ အကောင်းဆုံး youtube channel တွေကို ဖော်ပြပေးလိုက်ပါတယ်။Photoshop ကိုလေ့လာဖို့   video tutorial  တွေ ကို ကြည့်ပြီး လေ့ လာဖို့ က အ   ကောင်းဆုံးပါ။ စာဖတ်ပြီးလေ့လာတာ၊ ပုံတွေကြည့်ပြီးလေ့လာတာထက် ပိုမိုလွယ်ကူစွာနဲ့ မြန်ဆန်စွာလေ့လာနိုင်မယ့်  youtube video channel တွေပါ။
1.Adobe Photoshop Channel
2.IceflowsStudios Photoshop Video Training
3.Photoshopmama's OPD
4.TutorVid
5.Gavin Hoey Photo Videos
6.Pixel For Life
7.Creative Sweet TV
Adobe Photoshop CS 6 ကို တင်ပေးထားပြီးဖြစ်ပါတယ်။ဒေါင်းလုပ်လုပ်ဖို့ အတွက် Adobo Photoshop CS 6 ကိုသွားပါ။
Free Download Netgate Data Backup 3.0.305 With Serial
1
Backup manager software ပါ။ဖိုင်တွေ၊ဖိုဒါတွေကို backup လုပ်နိုင်ပါတယ်။ဖိုင်တွေကို ချုံ့ ပေးနိုင်တဲ့ compression method လည်းပါပါတယ်။Password ပေးပြီး သိမ်းနိုင်ပါတယ်။Scheduled backup လည်းလုပ်နိုင်ပါတယ်။ဒါ့အပြင် တစ်ခြား tools တွေဖြစ်တဲ့ registry backup and restore,registry defragmentation,uninstaller,startup manager စတာတွေလည်းပါရှိပါတယ်။ဖိုင်ဆိုက်ကလည်း (3) mb  ကျော်ကျော်သာရှိတဲ့အတွက် backup manager တွေထဲမှာ ဖိုင်ဆိုက်သေးငယ်ပြီး အသုံးပြုရတာလွယ်ကူပါတယ်။
Data Backup Features:
  • Backup - backup of your files, photos, music and important data on your PC.
  • Database Backup - backup of your MySQL databases running on PHP supported server, suitable for backup of you web sites and blogs.
  • Registry Defragmentation
  • Registry Backup and Restore
  • Startup Manager - manages all applications that starts at Windows startup
  • Uninstall Manager - handy tool for quick uninstall of application from your system
  • Compression support - backuped files can be compressed using bzip2 compression method
  • Encryption support - backuped files can encrypted using user supplied key/password.
  • Scheduling support - backup can be scheduled at specified time
  • Multilanguage translation support
  • Skin support
  • Premium technical support
Download Netgate Data Backup With Serial from Dropbox  (or)  Directmirror (3.13)  mb
Saturday, November 3, 2012
ImmediateCrypt Web Demo : Encrypt Pieces Of Text With A Password
1
သင့်သူငယ်ချင်းက encrypt လုပ်ထားတဲ့စာကိုလက်ခံရရှိတဲ့အခါ decrypt လုပ်ဖို့ အတွက် ImmediateCrypt Web Demo ဆိုက်ကိုသွားပြီး စာကူးထည့်ပေးပြီး password ရိုက်ထည့်ပြီး Decrypt ကိုနှိပ်ရမှာပါ။
2
Encrypt လုပ်ချင်တိုင်း အဲဒီဆိုက်ကိုမသွားချင်ရင်တော့ အဲဒီဆိုက်ကနေ ImmediateCrypt “Standalone” (Offline) Program ကို ဒေါင်းလုပ်လုပ်ပြီးအသုံးပြုနိုင်ပါတယ်။
Checkout ImmediateCrypt Web Demo @  https://www2.giacomodrago.com:8443/immediatecrypt/
Thursday, November 1, 2012
Font Changer With Google Web Fonts : Easily Change The Font Of Any Websites[Chrome]
သင်နေ့ တိုင်း ကြည့်နေကျ ဆိုက်တွေ ရဲ့ စာလုံးဖောင့်တွေကိုကြည့်ရတာရိုးအီလာရင်တော့ ဒီ font changer ဆိုတဲ့ chrome extension ကိုသုံးကြည့်ပါ။အင်တာနက်ပေါ်ကဆိုက်တိုင်းကို သင်နှစ်သက်ရာဖောင့်ပုံစံနှင့်ကြည့်ရှုနိုင်ပါတယ်။ဒါ့အပြင် သီးသန့် ဆိုက်တွေကို သတ်မှတ်ပြီးတော့သင့်စိတ်ကြိုက်ဖောင့်ပုံစံနှင့်အဲဒီဆိုက်တွေကိုကြည့်ရှုနိုင်ပါတယ်။ပြောင်းလဲနိုင်တဲ့ Google Web Fonts အမျိုးအစားပေါင်း ရာကျော်ရှိပါတယ်။
1
ပုံမှာမြင်တဲ့အတိုင်းပဲ font style,font weight,font size တွေကိုပါပြောင်းလဲနိုင်ပါတယ်။Font Name ဘေးက ? ပုံကိုနှိပ်ပြီး google web fonts page မှာ ဖောင့်တွေကိုကြည့်နိုင်ပါတယ်။
2
Checkout Font Changer With Google Web Fonts @ Chrome Web Store