သင့် Android Device က boot မတက်တော့ရင်ဖြစ်ဖြစ်၊Pattern Lock or Password မေ့လို့ ပဲဖြစ်ဖြစ် သင့်ဖုန်းကိုသုံးလို့ မရတော့ဘူးဆိုရင် Recovery Mode ထဲဝင်ပြီး Factory Reset ချလို့ ရပါတယ်။အဲဒီအတွက် ဖုန်းဆိုင်ကိုပိုက်ဆံသွားပေးစရာမလိုတော့ပါဘူး။Factory Reset ချရင် သင့်ဖုန်းက Data တွေ အားလုံးဆုံးရှုံးသွားမှာဖြစ်လို့  သင့်ဖုန်းကို အသုံးပြုလို့ ရနေတဲ့ အချိန်တွေ မှာ အမြဲတစေ Backup လုပ်ထားဖို့ အကြံပေးပါတယ်။
If You Can’t Boot
Boot မတက်တော့တဲ အချိန်မှာ သင့်ဖုန်းကို factory reset ချဖို့ recovery mode ထဲဝင် ရပါမယ်။အဲဒီလို ၀င်ဖို့ သင့်ဖုန်းကို shut down ချထားပါ။Recovery Mode ထဲ ၀င်ဖို့ နှိပ်ရမယ့် ကီးတွေ က ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူပါဘူး။ကျွန်တော် ရှာတွေ့ ထားတဲ့ကီးတွေကို အောက်မှာရေးပေးထားပါတယ်။သင့်ဖုန်းအမျိုးအစား က ကျွန်တော် ရေးပေးထားတဲ့ အထဲမှာ မပါရင် Google ကနေ ရှာဖွေ ပြီးစမ်းကြည့်ပါ။ကီးတွေ ကို စုံနှိပ်ပြီး စက္ကန့် အနည်းငယ်ကြာအောင်ဖိထားရင် recovery mode ထဲရောက်သွားပါမယ်။
သင့်ဖုန်း recovery mode ထဲရောက်သွားရင် wipe data/factory reset ကို ရွေးပြီးနှိပ်ပါ။Confirm လုပ်ခိုင်းရင် Yes နှိပ်ပေးပါ။
If You Can Boot
သင့်ဖုန်း boot တက်နေတယ်ဒါပေမယ့် အလုပ်ကောင်းကောင်းမလုပ်တော့တဲ့ အနေအထားဆိုရင် factory reset ချနိုင်ပါတယ်။ factory reset ချဖို့ အတွက် Settings>Privacy(or)Personal ထဲသွားပြီး Factory Data Reset ကိုနှိပ်ပေးပါ။ဒါဆိုရင်သင့်ဖုန်းကို စက်ရုံကထုတ်တဲ့ အသစ်စက်စက်အနေအထားအတိုင်းပြန်အသုံးပြုလို့ ရပါပြီ။
ကိုပေါက်ခင်ဗျား galaxy SII i9100G 4.0.3 ကျွှန်တော့်ဟာလေးပြသနာတက်နေလို့ပါပြသနာကနဲနဲတော့များတယ်ခင်ဗျ...ပြသနာအစကတော့ဆော့ဝဲမသုံးဘဲ folder ဖြောက်လိုက်တာကနေစတော့တာပါဘဲ bluetooth folder ကို rename ပေးပြီးဖြောက်လိုက်တာတခါထဲဘယ်ရောက်သွားမှန်းကိုမသိအောင်အစအနရှာမတွေ့တော့ဘူး...ဒါနဲ့ bt ကိုဖွင့်ပြီးထရန်စဖာလုပ်ကြည့်လိုက်တာတခါထဲ restart ကျသွားလိုက်ပြန်တက်လာလိုက်နဲ့ဖြစ်နေတာ...အဲ့ဒါကိုဘက်ထရီဖြုတ်လိုက်မှဘဲ၇ပ်တော့တယ်ပါဝါပြန်ဖွင့်တော့လဲ bt ကိုအမြန်ပြန်ပိတ်မှပုံမှန်အတိုင်းပြန်ဖြစ်ပါတယ်ခင်ဗျ...bt folder ကိုပြန်ရှာတွေ့တော့အရင်ပေးလိုက်တဲ့နာမည် ကိုပြန်ပြင်လိုက်တော့မှ setting မှာ bt folder ပြန်ရောက်သွားပြီးအရင်ပို့ထားတဲ့ဖိုင်တွေပြန်တွေ့ရပါတယ်....ဒါပေမဲ့ထရန်စဖာတော့လုပ်လို့မရတော့ဘူးဖြစ်နေပါတယ်အပေါ်မှာရေးထားသလို restart ပြန်ပြန်ပြီးကြနေလို့ပါခင်ဗျာ....အဲ့ဒီနောက်မှာဘဲပြသနာတွေထပ်ထပ်တက်လာပါတယ်နောက်ထပ်ပြသနာတွေကကင်မရာမရတော့သလိုvideo player ကလဲ mp4 ဖိုင်တွေကိုဖွင့်မရပါအခြားဖိုင်တွေတော့ဖွင့်ရပါတယ်ခင်ဗျားတတ်နိုင်ရင်ကူညီစေချင်ပါတယ်...ဘာလုပ်ရမလဲဆိုတာပြောပြပေးစေချင်ပါတယ်ခင်ဗျားကျွှန်တော့်ပြသနာတွေကများတော့စိတ်လေသွားမှာဘဲနော်မလုပ်တတ်လို့ပါကျေးဇူးတင်ပါတယ်ခင်ဗျာ...
ReplyDeleteကျန်တာတွေကတော့အကုန်ကောင်းတယ်ခင်ဗျ....ကင်မရာဆိုရင်ပုံနှစ်ဆယ်တောင်မရိုက်ရသေးပါ...ပလေယာလဲအဲ.လိုဘဲဗျ original ပါ samsaung ကဝယ်ထားတာပါသိတ်လဲမသုံးဖြစ်ပါဘူးအင်တာနက်လဲဖေ့ဘွတ်လောက်ဘဲခဏတာဘဲသုံးတာပါခင်ဗျ...လက်တော.ဘဲသုံးတာများပါတယ်...apk တွေတော့ ၇၂ ခုအင်စတောလုပ်ူပီး run ထားလို.လားမသိဘူးနော်....ကိုသူရေူပာသလိုလုပ်လိုက်ပါ့မယ်ခင်ဗျာ...ကျေးဇူးတင်ပါတယ်ခင်ဗျာ...
Deleteကိုပေါက်နဲ့မှားသွားတယ်ဆောရီပါခင်ဗျာ....ကိုသူရအပေါ်ကပြောသလိုဖုန်းကို Factory Reset ချလိုက်ရင်ကောင်းမလားဗျာ...နားမလည်ဘဲရမ်းမကလိချင်လို့အကိုအကြံပေပါအုံးနော်ကျေးဇူးတင်ပါတယ်....
ReplyDeleteဖုန်းထဲ ကအရေးကြီးတာတွေ ကို သိမ်းပြီး factory reset ချကြည့်ပါ။အဆင်ပြေမှာပါ။
Delete