Friday, February 8, 2013
How To Remove All Modern Applications From Windows 8
1
Windows 8 မှာ နဂို ပါရှိလာတဲ့ Modern or Metro applications တွေကို တွေ့ မြင်နိုင်ပါတယ်။အဲဒီ applications တွေ ဟာ touch screen device တွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတာပါ။သင်ဟာ touch screen device တွေကို အသုံးပြုသူမဟုတ်ရင် အဲဒီ applications တွေအားလုံးကို တစ်ပြိုင်နက်တည်း ဖြုတ် နိုင်ပါတယ်။Windows Store ကိုတော့ဖြုတ်လို့ မရပါဘူး။အဲဒီအတွက်  ဖြုတ်လိုက်တဲ့ modern apps   တွေကို သင်နောက်ပိုင်းမှာပြန်အသုံးပြုချင်ရင်  Windows Store ကနေပြန်ပြီးအင်စတောလုပ်နိုင်ပါတယ်။Application တစ်ခုချင်းစီ ကို ပဲသီးသန့် ဖြုတ်ချင်ရင်တော့ Customize The Windows 8 Start Screen ဆိုတဲ့ ဆောင်းပါးကိုဖတ်ပါ။
Win + C ကို နှိပ်ပြီး charm bar ရဲ့ search ကနေ powershell လို့ ရိုက်ပါ။Windows PowerShell ပေါ်မှာ right click နှိပ်ပြီး Run As Administrator ကို နှိပ်ပါ။Ctrl+Shift+Enter  ကို နှိပ်ပြီးလည်း admin အနေနဲ့ run နိုင်ပါတယ်။
ashampoo 03
Windows PowerShell ကနေအောက်က command ကို ရိုက်ပြီး သင့် windows 8 မှာ အင်စတော လုပ်ထားတဲ့ Modern apps တွေကို တွေ့ မြင်နိုင်ပါတယ်။
Get-AppxPackage –AllUsers
3
Metro Apps တွေကို ဖြုတ်လို့ ရတဲ့ Command တွေ အမျိုးမျိုးရှိပါတယ်။
System တစ်ခုလုံးကနေဖြုတ်ပစ်ဖို့ အတွက် အောက်က command ကိုသုံးပါ။ဒါဆိုရင် user account တစ်ခု အသစ်ပြုလုပ်ပြီးသုံးရင်လည်း metro apps တွေကို တွေ့ မြင်ရမှာမဟုတ်ပါဘူး။
Get-AppXProvisionedPackage -online | Remove-AppxProvisionedPackage –online
အခုလက်ရှိသုံးနေတဲ့ အကောင့် တစ်ခု ထဲက Metro apps တွေကို ဖြုတ်ပစ်ဖို့ အတွက် အောက်က command ကိုသုံးပါ။
Get-AppXPackage | Remove-AppxPackage
တစ်ခြား အကောင့် က Metro apps တွေအားလုံးကို ဖြုတ်ပစ်ဖို့ အတွက် အောက်က command ကိုသုံးပါ။username နေရာမှာ အကောင့် user name ကို ပြောင်းပေးပါ။
Get-AppXPackage -User <username> | Remove-AppxPackage
User accounts အားလုံးကနေ metro apps တွေအားလုံးကို ဖြုတ်ပစ်ဖို့ အတွက် အောက်က command ကို သုံးပါ။
Get-AppxPackage -AllUsers | Remove-AppxPackage
Metro apps တွေကို ဖြုတ်ပြီးသွားရင်တော့ အောက်ကပုံမှာတွေ့ ရတဲ့အတိုင်းပဲ Windows Store တစ်ခုထဲ ကျန်ရှိနေတာတွေ့ မြင်နိုင်ပါတယ်။
5
Thursday, February 7, 2013
Control YouTube & Vimeo Playback In Chrome From IOS Or Android[ Chrome Extension ]
7
သင့်ရဲ့ android နဲ့  ios  device တွေကို  remote control လို အသုံးပြုပြီးသင့်ကွန်ပြူတာ ရဲ့ chrome browser ကနေ ကြည့်ရှုနေတဲ့ YouTube & Vimeo က video တွေကို ထိန်းချုပ်နိုင်ပါတယ်။Volume အတိုးအလျှော့ ပြုလုပ်နိုင်ပြီး အဲဒီ channel က video တွေကို next/previous ကြည့်နိုင်ပါတယ်။Rewind ,fast-forward ပြုလုပ်နိုင်ပါတယ်။Search bar လည်းပါရှိပြီး video တွေကိုရှာဖွေကြည့်ရှုနိုင်ပါတယ်။ဒီလိုကြည့်ရှုနိုင်ဖို့ အတွက် android or ios device တွေအတွက် de mobo application ကို အင်စတော့လုပ်ရမှာဖြစ်ပြီး သင့်ကွန်ပြူတာက chrome browser မှာတော့ YouTube Couch Mode ဆိုတဲ့ Extension ကို အင်စတောလုပ်ရမှာဖြစ်ပါတယ်။YouTube,Vimeo အပြင် တစ်ခြား web sites တွေဖြစ်တဲ့ pandora,grooveshark,google dos,slideshare,last.fm,scribd စတာတွေကို ပါ ios or android device ကနေ ထိန်းချုပ် ကြည့်ရှုနိုင်ပါတယ်။
Mobo application နဲ့ YouTube Couch Mode Extension ကို သင့် device နဲ့  chrome browser မှာအသီးသီး အင်စတောလုပ်ပြီးရင် YouTube က video တစ်ခုကိုဖွင့်ကြည့်ပါ။Address bar မှာ video icon ပေါ်လာရင် နှိပ်ပါ။အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်။
2
သင့် android or ios device က mobo application ကို ဖွင့်ပါ။Create Connection ကိုနှိပ်ရင် Barcode Scanner ပေါ်လာပြီး barcode ကို scan လုပ်ပြီးရင် Browser 1 ဆိုတာပေါ်လာပါလိမ့်မယ်။အဲဒါကို နှိပ်ရင် remote control layout ပေါ်လာပြီး သင့်ကွန်ပြူတာ chrome browser က YouTube video တွေကို သင့် android or ios device တွေကနေ ထိန်းချုပ်ကြည့်ရှုနိုင်ပါပြီ။
34
ashampoo 01
Install YouTube Couch Mode from Chrome Web Store
Download De Mobo for android from Google Play Store  (or) 1Mobile Market
Download De Mobo for ios from iTune Store
Wednesday, February 6, 2013
Save Web Pages,Audio,Video & Files To Google Drive [Chrome Extension]
1
သင့်မှာ  google အ ကောင့် တစ်ခု  ရှိ ရင်  Google Drive    ဆိုတဲ့  cloud service ကို အသုံးပြုပြီးသင့်ဖိုင်တွေကို အင်တာနက်ပေါ်မှာသိမ်းထားလို့ ရပြီး နေရာတိုင်းမှာသင့်ဖိုင်တွေကိုအသုံးပြုလို့ ရပါတယ်။ဒါ့အပြင် ဖိုင်တွေကို ပြန်လည်ဝေမျှလို့ လည်းရပါတယ်။သင်ဟာ google chrome အသုံးပြုသူတစ်ယောက်ဆိုရင် Save To Google Drive ဆိုတဲ့ google ရဲ့  official  extension ကို သုံးပြီး အင်တာနက်က web pages တွေ ဖိုင်တွေကို သင့်ရဲ့ google drive ကို တိုက်ရိုက်သိမ်းလို့ ရပါတယ်။အဲဒီအတွက် download & upload လုပ်စရာမလိုဘဲ အချိန်ကုန်သက်သာစေပါတယ်။
Save To Google Drive ကို install လုပ်ပြီးရင်သင့် google အကောင့်နဲ့ ချိတ်ဆက်ပါ။ပြီးရင် chrome browser က google drive ပုံပေါ်ကို right click နှိပ်ပြီး options ကို နှိပ်ပါ။HTML pages မှာ png ,html ,mht , google document  စတဲ့ဖိုင်ဖော်မက်တွေအနေနဲ့ web pages တွေကိုသိမ်းဖို့ ရွေးချယ်နိုင်ပါတယ်။Web pages တွေကို သိမ်းဖို့ အတွက် google drive ပုံကိုနှိပ်ပါ။
1
ပုံတွေကို သိမ်းဖို့ အတွက် ပုံပေါ်မှာ right click နှိပ်ပြီး save image to google drive ကို နှိပ်ပါ။
2
တစ်ခြားဖိုင်တွေကိုသိမ်းဖို့ အတွက် download link ပေါ်မှာ right click နှိပ်ပြီး save link to google drive ကိုနှိပ်ပါ။
ashampoo 06
ဖိုင်တွေကို google drive ကို ပို့ နေတဲ့အချိန်မှာ progress ကို တွေ့ မြင်နိုင်ပါတယ်။
ashampoo Save to Google Drive07
ဖိုင်တွေကို google drive ကို ပို့ ပြီးချိန်မှာ rename လုပ်နိုင်သလို google drive ကိုဖွင့်ပြီးလည်းကြည့်နိုင်ပါတယ်။
ashampoo 08
Install Save To Google Drive @ Chrome Web Store
Tuesday, February 5, 2013
StudioLine Web 3.70.54.0 With Serial
1
Web designer software တစ်ခုပါ။Programming မတတ်ဘဲနဲ့ ဝက်ဆိုက်တွေအလွယ်တကူပြုလုပ်နိုင်ပါတယ်။အသင့်ပါရှိပြီးသား design template တွေပါရှိပြီး စိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။ပြုလုပ်ပြီးတဲ့ ၀က်ဆိုက်တွေကို IE,Chrome,Firefox,Opera,Safari စတဲ့ browser တွေနဲ့ preview ကြည့်နိုင်ပါတယ်။Windows® 8 / 7 / Vista / XP SP3 စတဲ့ OS တွေမှာသုံးနိုင်ပါတယ်။Tutorial တွေကို www.studioline.net မှာလေ့လာနိုင်ပါတယ်။
Page Editor
You can drag & drop images and text onto your page and place them at exactly the desired pixel positions. Professional design features such as rulers and magnetic guidelines, design elements and alignment tools help perfect your layout.
Layout Editor
Achieve a consistent look and feel throughout your web site project with layout templates. Changes to a global layout template will automatically carry through to the associates pages.
Web Galleries
You may already have used the entry-level online albums included with StudioLine Photo. With StudioLine Web, you can design your own one-of-a-kind web galleries.
Graphics Effects
The extensive image editing capabilities of StudioLine Photo are an integral part of the page and layout editors. You can edit and enhance your images directly on your pages.
Website Management
StudioLine Web manages your navigation links in its project database and automatically keeps them current.
Publishing Management
The built-in FTP component keeps track of new, updated and obsolete content. Smart-update technology keeps existing web pages reachable, while site updates are being uploaded.
Support for RAW Files
RAW formats of popular cameras by Canon, Fujifilm, Konica-Minolta, Nikon, Olympus, Pentax, Sony, Sigma and other brands are supported. The extended color space allows for losless editing of your RAW formatted images.
For a list of supported camera models follow the link below.
Download StudioLine Web (102) mb from Dropbox  (or) Mirrorcreator
Download Serial from Dropbox  (or) Mirrorcreator
Pimp My Picture 1.1.5.87 With Patch
1
Features & Highlights
Pimp My Picture offers features to decorate your photos.
Add graphics to pictures; from Comic Faces to Stickers
Add face pimp effects to pictures, from mustaches to glasses
Add text balloons with several supported shapes
Add free text
Rotate graphics
Skewing
Mask graphics by removing (parts) of the graphic
Change fill properties like colors or opacity
Change stroke properties
Add shadow and Glow
Comes with 600+ high quality graphics
Download Pimp My Picture With Patch (15)mb  from Dropbox  (or) Mirrorcreator 
Monday, February 4, 2013
How To Create A Custom Refresh Image In Windows 8
1
Create A Custom Refresh Image
WinX menu (Win+X) ကို နှိပ်ပြီး command prompt(admin) ကို နှိပ်ပါ။
2
Refresh images တွေကို သီးသန့် ဖိုဒါတစ်ခုမှာသိမ်းဖို့ အတွက် C: အောက်မှာ CustomRefreshImages ဆိုတဲ့ ဖိုဒါတစ်ခု အရင်ပြုလုပ်ထားပါ။ပြီးရင် Command Prompt မှာ အောက်က command ကို ရိုက်ပါ။ Image1 နာမည်အစားသင်ကြိုက်နှစ်သက်ရာနာမည်ပေးနိုင်ပါတယ်။နောက်ပြီး ကြိုက်နှစ်သက်သလောက် custom fresh image တွေပြုလုပ်နိုင်ပြီး ကြိုက်နှစ်သက်ရာ image ကို အသုံးပြုပြီး refresh လုပ်နိုင်ပါတယ်။”Recovery image creation and registration completed successfully” ဆိုတဲ့ message ပေါ်လာရင် custom refresh image ပြုလုပ်တာပြီးဆုံးပါပြီ။
recimg /createimage C:\CustomRefreshImages\Image1
3
Custom image တွေတစ်ခုထက်ပို ပြုလုပ်ထားရင်တော့ နောက်ဆုံးပြုလုပ်ထားတဲ့ image က current image ဖြစ်နေမှာဖြစ်ပြီး refresh လုပ်တဲ့အချိန်မှာ အဲဒီ image ကို အသုံးပြုမှာပါ။တစ်ခြား image တွေကို current image အဖြစ်သတ်မှတ်ဖို့ အောက်က command ကို သုံးပါ။Image1 နေရာမှာ current image အဖြစ်သုံးမယ့် image ရဲ့ နာမည်ကို ရိုက်ပါ။
recimg /setcurrent C:\CustomRefreshImages\Image1
5
Current refresh image ကို သိရှိနိုင်ဖို့ အတွက် အောက်က command ကို သုံးနိုင်ပါတယ်။
recimg /showcurrent
6
Custom refresh image ကို အသုံးမပြုချင်တော့ဘဲ default အတိုင်းပဲထားချင်ရင်တော့အောက်က command ကို သုံးပါ။
recimg /deregister
1
Disable User Account Control Prompt In Windows 8
ashampoo
Windows 8 မှာ သင်အသုံးပြုနေကျ applications တွေကို အသုံးပြုတိုင်း user account control ပေါ်လာလို့ အလုပ်ရှုပ်ရင် မပေါ်အောင်ဖျောက်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် Admin account နဲ့  Windows 8 ကို ၀င်ပြီး Charms Bar (Win + C) ကိုသွားပြီး Search ကို နှိပ်ပြီး search box ကနေ uac လို့ ရိုက်ပါ။ပြီးရင် Setting ကို နှိပ်ပြီး  “Change User Account Control settings” ကို နှိပ်ပါ။
Ashampoo_Snap_2013.02.04_16h46m00s_001_
ဘယ်ဘက်က slider ကို အောက်ဆုံးကို ဆွဲချပါ။Ok နှိပ်ပြီးလို့  user account control ကျလာရင် yes ကိုနှိပ်ပေးပါ။ဒါဆိုရင် applications တွေဖွင့်တိုင်း user account control ပေါ်မလာတော့ပါဘူး။ဒီနည်းကို Windows 7 မှာလည်း သုံးနိုင်ပါတယ်။
Ashampoo_Snap_2013.02.04_16h48m13s_002_