Thursday, November 15, 2012
Sticky.io : Take And Access Notes In The Cloud, On Any Google Talk Enabled Device
Online မှာ မှတ်စုတွေသိမ်းထားပြီး သင်ရောက်တဲ့ နေရာကနေ ဖတ်ရှုအသုံးပြုချင်ရင်တော့ Sticky.io ဆိုတဲ့ free web service ကို သုံးကြည့်ပါ။နောက်ပြီး မှတ်စုတွေ ရေးဖို့ အတွက် အဲဒီဆိုက်ကို သွားစရာမလို ဘဲ Google Talk ကနေပဲ အလွယ်တကူ ရေးမှတ်နိုင်တဲ့အတွက် ပိုပြီးအဆင်ပြေပါတယ်။  ဖတ်ရှုအသုံးပြုချင်မှသာ အဲဒီဆိုက်မှာ သွားပြီးဖတ်ရှုအသုံးပြုနိုင်ပါတယ်။
ပထမဆုံး Sticky.io မှာ ကိုသွားပြီး sign in with google ကိုနှိပ်ပြီး သင့် google အကောင့်နဲ့  sign in လုပ်ပါ။ပြီးရင် permission ပေးပြီးရင် သင့် gtalk မှာ Sticky.io bot ကို accept လုပ်ပေးဖို့ ပြောပါလိမ့်မယ်။ Accept လုပ်ပေးပါ။ဒါဆိုရင် သင်ရေးမှတ်ချင်တဲ့မှတ်စုတွေကို gtalk က Sticky.io bot မှာရေးမှတ်ပြီးသိမ်းထားနိုင်ပါပြီ။
1
Sticky.io ဆိုက်မှာ မှတ်စုတွေကို @home,@work,@school စသဖြင့်ခွဲခြားထားပြီး +Add a Notebook ကိုနှိပ်ပြီး notebook အသစ်ဖန်တီးနိုင်ပါတယ်။အဲဒီ notebook တွေမှာသီးသန့် မှတ်သားဖို့ အတွက် ဥပမာအားဖြင့်  @home notebook မှာ မှတ်စုရေးဖို့ အတွက်  gtalk မှာသင်အောက်က ဖော်မတ်အတိုင်းရေးပြီးသိမ်းထားနိုင်ပါတယ်။
2
Checkout Sticky.io @ www.sticky.io
Tuesday, November 13, 2012
Free Download Ashampoo Music Studio 1.0.0 (2012)
1
Audio CD က audio file တွေကို rip လုပ်ပေးနိုင်ပါတယ်။Audio ဖိုင်တွေကို CD/DVD/blu-ray disc တွေမှာ burn ပေးနိုင်ပါတယ်။Audio ဖိုင်အများအပြားကို တစ်ပြိုင်နက်တည်း rename လုပ်ပေးနိုင်ပါတယ်။Audio ဖိုင်အများအပြားကို တစ်ပြိုင်နက်တည်း format ပြောင်းပေးနိုင်ပါတယ်။Audio ဖိုင်တွေကို record လုပ်ပေးနိုင်ပါတယ်။ပျက်ဆီးနေတဲ့ ဖိုင်တွေကို ပြန်ပြီးအသုံးပြုလို့ ရအောင် ပြုပြင်ပေးနိုင်ပါတယ်။
Why Music Studio?
Music Studio ...
... is intuitive and powerful!
It takes only a few clicks to achieve great results.
… stands out!
Music Studio features a highly task-oriented user interface without distractions.
… is proven technology!
A fourth generation product, our experienced developers made sure Music Studio is both robust and reliable.
New in Music Studio 4
Music Studio rebooted… Better looks, faster performance, new features – it simply is our best Music Studio yet!
User Interface
We have completely redesigned the product and removed any clutter to provide maximum clarity and to help you focus on the task at hand.
More Speed
Music Studio 4 feels snappier than ever. On average, it takes less than three seconds to launch the product and start working and audio conversion now features multi-core support for lightning fast results.
Video-2-Music
Always wanted to get that beautiful music from your favorite videos on your PC? With Music Studio 4, you can. Video-2-Music makes audio extraction a simple select-and-click process – it couldn’t be easier.
Mix Tape
Only in Music Studio - add new variety to your music collection and combine your favorite songs seamlessly with full crossfading support.
Download Ashampoo Music Studio With Serial from Dropbox (or) Directmirror  (or) Microcreator (42.74)  mb
Monday, November 12, 2012
Free-Tutorial-For.me : Download Free PDF Tutorials
PDF tutorial တွေကို ရှာဖွေနိုင်မယ့် search engine ပါ။Tutorial တွေကို အွန်လိုင်းမှာဖတ်နိုင်တဲ့အပြင် အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။Registration လုပ်စရာမလိုဘဲအသုံးပြုနိုင်ပါတယ်။Tutorial 38,000,00 ရှိပြီးသင် လိုချင်တဲ့ tutorial တွေကိုအလွယ်တကူ ရှာဖွေ ပြီး ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
1
ရှာချင်တဲ့ tutorial တွေကို စာရိုက်ပြီး Search ကိုနှိပ်ပါ။
2
လိုချင်တဲ့ pdf tutorial ကိုတွေ့ ရင် လင့်ကိုနှိပ်ပြီးဖတ်နိုင်သလို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
3
Checkout Free-Tutorial-For.me @ www.free-tutorial-for.me
Google Code University : Online Courses And Tutorials On Computer Science
Computer Science ကို online မှာ  လေ့လာချင်ရင်တော့ Google Code University နဲ့ မိတ်ဆက်ပေးချင်ပါတယ်။Web programming,web security,android,google api and tools  စတာတွေနဲ့ ပတ်သက်ပြီး programming တွေကို အခြေခံကနေ စပြီး advanced level အထိလေ့လာနိုင်ပါတယ်။Tutorial တွေကို စာတွေ၊ ပုံတွေ ၊video တွေ အနေနဲ့ လေ့လာလို့ ရအောင်ပြုလုပ်ပေးထားပါတယ်။
1
Checkout Google Code University @ code.google.com/edu/
Saturday, November 10, 2012
PhotoLive : Download Entire Photo Albums Off Facebook
သင့် facebook ကသူငယ်ချင်းတွေရဲ့ photo albums တွေကပုံတွေအားလုံးကို download လုပ်ချင်ရင်တော့ PhotoLive ကိုသုံးကြည့်ပါ။ပုံတစ်ပုံချင်းစီကို ဒေါင်းလုပ်လုပ်စရာမလို တဲ့အတွက် အလုပ်ရှုပ်သက်သာစေပါတယ်။ Album တစ်ခုလုံးကို ဒေါင်းလုပ်လုပ်ပေးနိုင်ပြီး zip ဖိုင်အနေနဲ့  ဒေါင်းလုပ်လုပ်နိုင်ပါတယ်။Chrome,firefox,safari,IE အပြင်တစ်ခြား browser တွေအတွက် extension/add on တွေရှိပါတယ်။အမြန်ဆုံးနည်းကတော့ bookmarklet ကို browser ရဲ့  bookmark bar ပေါ်တင်ပြီးအသုံးပြုတာပါပဲ။
PhotoLive ဆိုက်ကိုသွားပြီး Download Photos ကို drag and drop လုပ်ပြီး bookmark bar ပေါ်တင်ပါ။
1
ပြီးရင် သင် ဒေါင်းလုပ်လုပ်ချင်တဲ photo album ကိုသွားပြီး bookmark bar က download photos ကိုနှိပ်ပါ။Box တစ်ခုကျလာပြီး Download Photos ကိုနှိပ်ပါ။
2
ပြီးရင်ဒေါင်းလုပ်လုပ်ဖို့ လင့်တွေရရှိပါပြီ။
3
Checkout PhotoLive @ www.getphotolive.com
How To Install Ubuntu On Virtualbox
ubu
Virtualbox  အကြောင်းနဲ့  How To Install Windows 7 On Virtualbox အကြောင်းဆောင်းပါးတွေကိုအရင် ကရေးပေးခဲ့ပါတယ်။အခု Ubuntu Operating System ကို Virtualbox မှာ ဘယ်လို install လုပ်ရမလဲဆိုတာရေးပေးပါမယ်။Ubuntu က open source ဖြစ်တဲ့အတွက် အခကြေးငွေပေးစရာမလိုတဲ့  free operating system တစ်ခုပါ။ ၂၀၀၄ ခုနှစ်မှာ ပထမဆုံး version ပေါ်ထွက်လာခဲ့ပြီးအခုဆိုရင် version 12 အထိထွက်ရှိပြီးပါပြီ။Ubuntu Operating System မှာ အသုံးပြုနိုင်မယ့် application ပေါင်းများစွာလည်းထွက်ရှိထားပြီးပါပြီ။Windows နဲ့ နှိုင်းယှဉ်ပြီးမြည်းစမ်းကြည့်ချင်တဲ့သူတွေအတွက် Virtualbox မှာ Ubuntu ကို  install လုပ်ပြီး အသုံးပြုနိုင်ဖို့ မျှဝေလိုက်ပါတယ်။
သင့်ကွန်ပြူတာမှာ လက်ရှိသုံးနေတဲ့ os ကို host os လို့ ခေါ်ပြီး virtualbox မှာ install လုပ်မယ့် os ကို guest os လို့ ခေါ်ပါတယ်။လိုအပ်မယ့် အရာနှစ်ခုဖြစ်တဲ့ Oracle Virtualbox နဲ့ Ubuntu နှစ်ခုကို official site မှာ latest version ကိုဒေါင်းလုပ်လုပ်ပါ။Ubuntu က iso ဖိုင်အနေနဲ့  ရရှိမှာဖြစ်ပြီး cd/dvd မှာ burn ထားရမှာပါ။ iso burning softwares တွေကိုတင်ထားပေးထားပါတယ်။  Virtualbox က 100 mb ၀န်းကျင်ရှိပြီး Ubuntu က 700 mb ၀န်းကျင်ရှိတဲ့အတွက် ကွန်နက်ရှင်မကောင်းလို့ မဒေါင်းချင်ရင် အခွေဆိုင်နဲ့ နီးရင် အခွေဆိုင်မှာလည်းဝယ်ပြီးအသုံးပြုလို့ ရပါတယ်။ပြီးရင်တော့ကျွန်တော်တို့ အလုပ်စလို့ ရပါပြီ။အခုဆောင်းပါးမှာတော့ Oracle Virtualbox 4.1.20-80170 နှင့် Ubuntu 10.10 (64) bit  ကိုအခြေခံပြီးရှင်းပြမှာဖြစ်တဲ့အတွက် အခြား version တွေနဲ့ စမ်းသပ်မယ့်သူတွေအနေနဲ့ အနည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်။
VirtualBox ကို ဖွင့်လိုက်တာနဲ့  VirtualBox Manager ပေါ်လာမှာပါ။အဲဒီကနေ virtual machine တစ်ခုကို ဖန်တီးဖို့ new ကို နှိပ်ပါ။
1
Welcome to the New Virtual Machine Wizard မှာ next ကို နှိပ်ပါ။
2_thumb[2]
2
ဒီအဆင့်မှာတော့သင့် guest os အတွက် memory (ram) ကို ရွေးပေးရမှာပါ။ များများပေးရင်သင့် guest os ကမြန်မြန် အလုပ်လုပ်မှာပါ။ဒါပေမယ့် guest os run နေတဲ့အချိန်မှာတော့ host os က အဲဒီ memory ကိုအသုံးမပြုနိုင်ပါဘူး။ကျွန်တော်ကတော့ software အနည်းငယ်စမ်းသပ်အသုံးပြုဖို့ ရည်ရွယ်ပြီး ကျွန်တော့် ram က 4gb ရှိတဲ့အတွက် 1gb(1024 mb) ပေးပါတယ်။
3
နောက်အဆင့်မှာတော့ Virtual Hard Disk တစ်ခုတည်ဆောက်ရမှာပါ။Start-up disk , create new hard disk ကို အမှန်ခြစ်ပေးပြီး next နှိပ်ပါ။
4
ဒီအဆင့်မှာ VDI(virtual disk image) ကိုပဲရွေးပြီး next နှိပ်ပါ။
5
6
virtual   disk  location  and  size  ကိုသတ်မှတ်ပေးရမှာပါ။ Location   က တော့ ပြောင်း စ ရာ မ လို  ပါ ဘူး ။  Default  အားဖြင့် C:\User\ User name\VirtualBox VMs ဖိုဒါအောက်မှာသိမ်းပေးထားမှာပါ။Size  က    တော့  dynamically   allocated ကိုရွေးထားတဲ့အတွက်များများပေးလည်းပြဿနာ မရှိပါဘူး။ပိုနေတဲ့နေရာတွေကို သင့် host os ကအသုံးပြုနိုင်ပါတယ်။ ကျွန်တော်ကတော့ software အနည်းငယ်စမ်းသပ်သုံးဖို့ ရည်ရွယ်တဲ့အတွက် 30 gb ပေးပါတယ်။
7
နောက်တစ်ဆင့်မှာတော့ virtual disk ရဲ့ သတင်းအချက်အလက် summary ကိုဖော်ပြပေးထားပြီးပြန်လည်စစ်ဆေးနိုင်ပါတယ်။ပြီးရင်တော့ Create ကိုနှိပ်ပါ။
8
ဒါဆိုရင်သင် ubuntu os အတွက် virtual machine တစ်ခုကို ဖန်တီးပြီးပါပြီ။အဲဒီ virtual machine မှာ ubuntu os ကို install လုပ်ဖို့ ဆက်လုပ်ရမှာပါ။ Virtualbox manager window ကိုပြန်ရောက်သွားပြီး Ubuntu Virtual machine ကို ရွေးပြီး start ကိုနှိပ်ပါ။Welcome to the First Run Wizard ပေါ်လာရင် next ကိုနှိပ်ပါ။
7
Select installation media မှာ သင့် cd/dvd drive ကိုရွေးပေးပါ။Ubuntu cd/dvd ကိုထည့်ပြီး next နှိပ်ပါ။
9
နောက် wizard မှာ Summary ကိုကြည့်ရှုနိုင်ပါတယ်။တစ်ခုသတိပေးထားတာက installation set up program ပေါ်မူတည်ပြီး install လုပ်ပြီးလို့ virtual machine reboot လုပ်တဲ့အချိန်မှာ cd/dvd ကို ထုတ်ခိုင်းရင်ထုတ်ဖို့ ပါ။Install လုပ်ပြီးတဲ့အချိန်မှာသတိထားပြီးညွှန်ကြားချက်အတိုင်းလုပ်ပါ။Start ကိုနှိပ်ပါ။
9
Ubuntu os ကို virtualbox မှာ install စလုပ်ပါပြီ။Installation wizard ပထမဆုံးမှာ language ကိုရွေးပေးပါ။ပြီးရင် install ubuntu ကိုရွေးပြီး enter နှိပ်ပါ။
9
နောက် wizard မှာ language ကိုရွေးပြီး forward နှိပ်ပါ။
9
Ubuntu os version ဖော်ပြပေးထားပြီး installation process က virtual hard disk ကို resize or erase လုပ်မယ့်အကြောင်းသတိပေးပါလိမ့်မယ်။Forward နှိပ်ပါ။
9
Tick this box to install the software for the functionality ကိုအမှန်ခြစ်ပေးပြီး forward နှိပ်ပါ။
10
Erase and use the entire disk ကိုရွေးပေးပြီး install now ကိုနှိပ်ပါ။
11
နောက်အဆင့်မှာ install now ပဲဆက်နှိပ်ပါ။
12
နောက်အဆင့်ကတော့ optional ပါ။Password ပေးလည်းရပါတယ်။မပေးလည်းရပါတယ်။Forward ဆက်နှိပ်ပါ။
13
နောက်အဆင့်မှာနေရာရွေးပေးပြီး forward ဆက်နှိပ်ပါ။
14
နောက်အဆင့်မှာ keyboard layout ကို USA ရွေးပေးပြီး forward နှိပ်ပါ။
15
User name and password တွေပေးပြီး forward နှိပ်ပါ။
16
Install လုပ်ပြီးရင် restart လုပ်ခိုင်းပါလိမ့်မယ်။
18
အခွေထုတ်ခိုင်းရင် ထုတ်ပြီး enter နှိပ်ပါ။
19
ဒါဆိုရင် virtualbox မှာ ubuntu os ကိုအောင်အောင်မြင်မြင် install လုပ်ပြီးပါပြီ။
20
Guest addition
Guest   addition   ဆိုတာ  virtual   machine  ပိုမို  ကောင်း  မွန် အောင် အ လုပ်လုပ်ဖို့  ထပ်ဖြည့်ထားတဲ့ system  application , driver စတာတွေပါ။Mouse pointer ကို  virtual machine မှာအသုံးပြုနိုင်ဖို့ ၊video support ကောင်းမွန်ဖို့ အဲဒီအတွက် guest addition ကို install လုပ်ရမှာပါ။Guest addition support ပေးနိုင်တဲ့ feature အများကြီး ထဲကမှ နောက်အရေးကြီးတဲ့ feature ကတော့ shared folder ပါ။သင့် host os ကဖိုင်  တွေ  ၊ဖိုဒါ  တွေ ကို guest  os  ကအသုံးပြုနိုင်ဖို့  shared folder တည်ဆောက်ပြီးအသုံးပြုရမှာပါ။
Installing Guest Addition
Guest addition ကို install လုပ်ဖို့ Device menu က install guest addition ကို နှိပ်ပါ။
21
Open auto run prompt ကိုရွေးပြီး ok နှိပ်ပါ။
22
Run ထပ်နှိပ်ပါ။
23
Password ဖြည့်ပေးပြီး authenticate လုပ်ပေးပါ။Guest addition install လုပ်ပြီးသွားရင် restart လုပ်ခိုင်းပါလိမ့်မယ် ။Restart လုပ်ပေးပါ။
24
Restart လုပ်ဖို့ ညာဘက်အပေါ်ထောင့်က သင့်နာမည်ဘေးက Power button အောက်က Restart ကိုနှိပ်ပါ။
25 
Ubuntu os ပြန်တက်လာရင် Applications အောက်မှာအသင့်ပါရှိတဲ့ applications တွေကိုမြည်းစမ်းသုံးစွဲနိုင်ပါတယ်။Desktop ပေါ် shortcut တင်ချင်တဲ့ application ကို right click နှိပ်ပြီး Add this launcher to desktop ကိုနှိပ်ပါ။Ubuntu Software Center ကိုနှိပ်ပြီးတော့လည်း software တွေဒေါင်းလုပ်လုပ်နိုင်ပါတယ်။
26
Friday, November 9, 2012
FilExile : A Simple Tool To Delete Locked Files
သင့်ကွန်ပြူတာမှာဖိုင်တွေဖိုဒါတွေကိုဖျက်တဲ့အခါ တစ်ခြား process ကသုံးနေလို့ ဖျက်လို့ မရပါဘူးဆို တဲ့ error ကြုံဖူး ကြမှာပါ။ဒီလို အခြေအနေမျိုးမှာ FilExile ဆို တဲ့ program လေးကိုသုံးကြည့်ပါ။တစ်ခြားအလားတူ program တွေလို မဟုတ်ဘဲ Windows system ဖိုင်တွေ၊ဖိုဒါတွေကိုမှားမဖျက်မိအောင် design လုပ်ထားတဲ့အတွက် safe ဖြစ်ပါတယ်။
1
FilExile program ဖွင့်ပြီး ဖိုဒါကိုဖျက်ချင်ရင် Directory Mode ကိုရွေးပါ။ဖိုင်ကိုဖျက်ချင်ရင် File Mode ကိုရွေးပါ။ပြီးရင်တော့ Browse ကိုနှိပ်ပြီး သင်ဖျက်ချင်တဲ့ဖိုင် ၊ဖိုဒါ ကိုရွေးပြီး Delete ကိုနှိပ်လိုက်ရင် Locked Files တွေကို ဖျက်နိုင်ပါပြီ။Advanced users တွေအတွက် Setting ထဲမှ Advanced Mode ကိုအသုံးပြုပြီးလည်းဖျက်နိုင်ပါတယ်။Auto update လည်းလုပ်ပေးနိုင်ပါတယ်။ဖိုင်ဆိုက်သေးငယ်ပြီးသုံးရတာလွယ်ကူပါတယ်။
Download latest version from official site @ sourceforge.net/projects/filexile/
Download FilExile 1.4 @ Dropbox