Friday, January 11, 2013
How To Prevent Files From Opening In Metro In Windows 8
1
Windows 8 မှာ image,music,video ဖိုင်တစ်ခုခု ကို ဖွင့်ကြည့်ရင် metro applications တွေနဲ့ ဖွင့်ပေးမှာဖြစ်ပါတယ်။အဲဒီ metro apps တွေကို မသုံးချင်ဘဲ အရင်ဝင်းဒိုးတွေမှာလို windows media player , photo viewer တွေနဲ့ ဖွင့်ချင်ရင်တော့ default programs မှာ ပြင်ပေးရမှာပါ။
Charms bar (Win + C) ကို နှိပ်ပြီး Search ကိုနှိပ်ပါ။Default Programs လို့ ရိုက်ထည့် ပေးပြီး Default Programs ကို ဖွင့်ပါ။
2
Set your default programs ကို နှိပ်ပါ။
3
Windows photo viewer ကိုရွေးပြီး “set this program as default” ကိုနှိပ်ပါ။
4
Windows media player ကို ရွေးပြီး “set this program as default” ကို နှိပ်ပါ။ဒါဆိုရင် သင့်ရဲ့ image,video,music ဖိုင်တွေကို metro apps တွေနဲ့ မဖွင့်ဘဲ အရင်ဝင်းဒိုးတွေမှာလို windows media player,photo viewer တွေနဲ့ ဖွင့်ပေးပါလိမ့်မယ်။
How To Take A Screenshot In Windows 8 With No Extra Software
Windows 8 မှာတစ်ခြားဆော့ဝဲတွေ မသုံးဘဲနဲ့  အလွယ်တကူ screenshot ရိုက်နိုင်မယ့်နည်းလေးပါ။Windows 8 ကို ဒေါင်းလုပ်လုပ်နိုင်ဖို့ တင်ပေးထားပါတယ်။Windows 8 and 7 ကို dual-boot လုပ်နည်း၊dual-boot ကနေ windows 8 ကို remove လုပ်နည်းတွေလည်းရေးပေးထားပြီးပါပြီ။Windows 8 start screen ကို customize လုပ်နည်း၊start menu အသုံးပြုနည်း၊refresh and reset လုပ်နည်း၊automatically logon လုပ်နည်း၊full screen metro apps တွေကို shut down and minimize လုပ်နည်းတွေကို လည်းရေးပေးထားပါတယ်။
Windows 8 မှာ လျှင်လျှင်မြန်မြန် အလွယ်တကူ screenshot လုပ်နိုင်ဖို့  Win + PrtScn(Print Screen) ကို နှိပ်လိုက်တာနဲ့  desktop တစ်ခုလုံးကို screenshot ရိုက်ပေးပါလိမ့်မယ်။
1
ရိုက်ထားတဲ့ screenshot ကို ကြည့်ဖို့ အတွက် Win + E  ကို နှိပ်ပြီး windows explorer ကို ဖွင့်ပါ။Pictures library ထဲကို ၀င်ကြည့်ရင် အသစ် ပြုလုပ်ထားတဲ့ Screenshots ဖိုဒါကို တွေ့ မြင်နိုင်ပြီးဖိုဒါထဲဝင်ပြီး သင့် ရဲ့ screenshot ကို အသုံးပြုနိုင်ပါပြီ။
2
ဒါပေမယ့် ဒီနည်းက desktop တစ်ခုလုံးကို screenshot ရိုက်မှာပါ။Windows ,menu,video,webpages တွေကို screenshot ရိုက်ပြီး edit ပါလုပ်နိုင်ဖို့ tools တွေ စုံလင်စွာပါရှိတဲ့ Ashampoo Snap 6 ကို တင်ပေးထားပြီး Windows 8 နဲ့ လည်း compatible ဖြစ်ပါတယ်။
How To Shut Down Or Minimize Full Screen Metro Apps In Windows 8
Ashampoo_Snap_2013.01.11_13h48m15s_002_
Windows8 Metro Applications တွေကို ဖွင့် ကြည့်ရင် close,minimize,maximize buttons တွေကို တွေ့ ရမှာမဟုတ်ပါဘူး။အခုဆောင်းပါးမှာ keyboard , mouse စတာတွေကို အသုံးပြုပြီး full screen metro applications တွေကို close,minimize,maximize လုပ်တာတွေကို ဝေမျှပါတယ်။Windows 8 pro ကို ဒေါင်းလုပ်လုပ်ဖို့ တင်ပေးထားပါတယ်။နောက်ပြီး Windows 8 မှာ start menu ကို ပြန်အသုံးပြုနိုင်ဖို့ ဆောင်းပါး နဲ့  start screen ကို customize လုပ်နိုင်ဖို့ ဆောင်းပါး တွေကိုလည်း ရေးပေးထားပါတယ်။
Use The Keyboard To Close A Metro App
အရင် ၀င်းဒိုးတွေမှာ အသုံးပြုတဲ့ နည်းလမ်းအတိုင်းပဲ Alt + F4 ကို နှိပ်ပြီး full screen metro app တွေကို ပိတ်နိုင်ပါတယ်။
Ashampoo_Snap_2013.01.11_14h06m27s_003_
Use The Mouse To Close A Metro App
Ashampoo_Snap_2013.01.11_14h17m14s_007_GXWINDOW
Minimize A Metro App
Ashampoo_Snap_2013.01.11_14h33m07s_010_
Restore,Close A Minimize App
Minimize လုပ်ထားတဲ့ metro applications ကို restore ,close လုပ်ဖို့ start screen က ဘယ်ဘက်အပေါ်ထောင့်စွန်းကို mouse ရွှေ့ ပြီး thumbnail ပေါ်လာရင် left click ကို နှိပ်ရင် application ကို ပြန်အသုံးပြုနိုင်ပါပြီ။ဒါမှမဟုတ် ပိတ်ချင်ရင်တော့ thumbnail ပေါ်မှာ right click နှိပ်ပြီး close ကို နှိပ်ပါ။
Ashampoo_Snap_2013.01.11_14h37m44s_011_
Wednesday, January 9, 2013
How To Make Your Windows 8 PC Logon Automatically
Ashampoo_Snap_2013.01.10_12h20m09s_001_
Setting Windows 8 Logon Automatically
Win + R  ကို နှိပ်ပြီး Run box မှာ  netplwiz   လို့ ရိုက်ပြီး enter နှိပ်ပါ။
1
User Accounts dialog box ပေါ်လာရင် သင့်အကောင့်ကို ရွေးချယ်ပြီး “Users must enter a user name and password to use this computer” ဆိုတဲ့ check box မှာ အမှန်ခြစ်ဖြုတ်ပေးပြီး Apply ကို နှိပ်ပါ။
2
Automatically sign in dialog box ပေါ်လာရင် password ရိုက်ထည့်ပေးပြီး ok နှိပ်ပါ။
3
User Accounts dialog box ပြန်ရောက်သွားရင် ok နှိပ်ပေးပါ။ဒါဆိုရင်သင့် Windows 8 ကွန်ပြူတာကို အသုံးပြုတိုင်း password ရိုက်ထည့်ပေးစရာမလိုဘဲ အသုံးပြုနိုင်ပါပြီ။
Ways To Access Startup Settings In Windows 8
1
Windows 8 မှာ Safe Mode ကို ၀င်ဖို့ အရင်  Windows တွေမှာ လို function key, F8 စတာတွေ နှိပ်ပြီးဝင်လို့ မရတော့ပါဘူး။BIOS configuration ထဲဝင်လို့ လည်းမရတော့ပါဘူး။Startup Settings ကို အသုံးပြုပြီးတော့ boot options menu ကို ၀င်ရောက်နိုင်မှာပါ။ဒီဆောင်းပါးမှာဒီနည်းတွေကို ရေးပါမယ်။
Through PC Setting
ပထမနည်းကတော့ pc setting ကနေ ၀င်မှာပါ။Win+I ကို နှိပ်ပြီး Change PC Setting ကိုနှိပ်ပါ။
2
General ကို နှိပ်ပြီး Advanced Startup အောက်က restart now ကိုနှိပ်ပါ။
3
နောက်အဆင့်မှာတော့ Troubleshoot ကို နှိပ်ပါ။
4
နောက်အဆင့်မှာ Advanced options ကိုနှိပ်ပါ။
5
Startup Settings ကို နှိပ်ပါ။
6
နောက်အဆင့်မှာ windows restart လုပ်ရင် ရွေးချယ်နိုင်မယ့် options ကို မြင်တွေ့ နိုင်ပြီး restart ကို နှိပ်ပါ။
7
ဒါဆိုရင် restart ကျပြီး Startup Setting Menu ကို ရောက်ရှိပါပြီ။အဲဒီကနေ safe mode ကိုဝင်ရောက်နိုင်ပြီး တစ်ခြား options တွေကို လည်းဝင်ရောက်နိုင်ပါတယ်။
8
Through The Power Option
နောက်တစ်နည်းကတော့ pc setting ထဲ ၀င်စရာမလိုတဲ့ အတွက်ပိုမြန်ပါတယ်။Win+ I ကိုနှိပ်ပြီး power button ကိုနှိပ်ပါ။Shift key ကိုဖိထားပြီး restart ကို နှိပ်ပါ။Troubleshoot screen ပေါ်လာရင် အပေါ်ကအဆင့်တွေ အတိုင်းဆက်လုပ်ပါ။
9
Tuesday, January 8, 2013
Moborobo : The Most Comprehensive Android & IOS Management Tool
1
Connecting Your Android Device With Moborobo
ဒီ tutorial မှာ တော့ android device ကို အသုံးပြုမှာဖြစ်ပါတယ်။Moborobo ကို သင့်ကွန်ပြူတာမှာ အင်စတောလုပ်ပြီးရင် usb or wifi နည်းနှစ်မျိုး နဲ့ သင့်ကွန်ပြူတာနဲ့  android device ကို ချိတ်ဆက်နိုင်ပါတယ်။Moborobo application ကို run ပြီးရင် Android device ကို usb နဲ့  မချိတ်ဆက်ခင် Setting>application>unknown sources ကို အမှန်ခြစ်ပေးပါ။Setting>application>development>usb debugging ကို အမှန်ခြစ်ပေးပါ။Android device နဲ့  ကွန်ပြူတာကို usb အသုံးပြုပြီး ချိတ်ဆက်ပါ။Moborobo ကချိတ်ဆက်လိုက်တဲ့ device ကို အလို လို သိရှိပြီး driver ကို အင်စတောလုပ်ပါလိမ့်မယ်။နောက်ပြီး သင့် device မှာလည်း moborobo application ကို အင်စတောလုပ်ပါလိမ့်မယ်။ပြီးရင်တော့ သင့် android device နဲ့ moborobo ချိတ်ဆက်မိပြီးအောက်ကပုံမှာ လို   မြင်တွေ့  ရမှာပါ။ သင်ကြိုက်နှစ်သက် သလောက်  devices အများအပြားကို တစ်ပြိုင်နက်ချိတ်ဆက်နိုင်ပါတယ်။Switch Devices ကိုနှိပ်ပြီးတော့ device တွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
2
Live Screen Capture
Android screen capture လုပ်ဖို့ အတွက် home window က device ပုံအောက်မှာပြုလုပ်နိုင်ပြီး setting ထဲမှာ device model  ကို show/hide လုပ်နိုင်ပြီး captured screenshot တွေကို clipboard မှာသိမ်းနိုင်သလို ဖိုဒါမှာသိမ်းဖို့ ရွေးချယ်နိုင်ပါတယ်။Screenshot folder ကို လည်း ဖွင့်နိုင်ပါတယ်။Screen ကို refresh/auto refresh လုပ်နိုင်ပြီး full screen ကြည့်ရှုနိုင်ပါတယ်။
Ashampoo_Snap_2013.01.08_14h22m07s_002_
File Manager & Backup/Restore
Home window မှာ ပဲ device or sd card ကို ရွေးချယ်ပြီး file manager ကနေ သင့် android ဖုန်း ထဲကဖိုင်တွေ ကို manage လုပ်နိုင်ပါတယ်။ကွန်ပြူတာနဲ့  device ကြားမှာ အပြန်အလှန် ဖိုင်တွေ ပေးပို့ နိုင်ဖို့  upload , download ကို အသုံးပြုနိုင်ပါတယ်။android applications(apk) ဖိုင်တွေကိုလ ည်း file manager ကနေ အင်စတောလုပ်နိုင်ပါတယ်။
Ashampoo_Snap_2013.01.08_14h36m59s_003_-nibCCapture-833160ee-37c4-4975-8593-45dc39c2f9a7
Backup/Restore လုပ်ဖို့  home tab က Backup/Restore ကို နှိပ်ပါ။contacts, messages, call logs,images,media,applications, app data, ringtones, themes, wallpaper စတာတွေကို backup လုပ်ပေးနိုင်ပြီး သင်ကြိုက်နှစ်သက်ရာကို ရွေးချယ် backup လုပ်နိုင်ပါတယ်။Restore လုပ်ဖို့ အတွက် Restore tab ကိုနှိပ်ပါ။
3
Data Management
Data tab မှာတော့ သင့် android device က contacts,messages,call logs တွေကို ကြည့်ရှုနိုင် manage လုပ်နိုင်ပါတယ်။ဖုန်းတစ်လုံးကနေတစ်လုံးကို contacts တွေ ကူးချင်တဲ့ အခါမျိုးမှာ Import&Export ကို အသုံးပြုပါ။ Android to Ios,Ios to Android စသဖြင့် အပြန်အလှန် contact တွေ ကူးယူနိုင်ပါတယ်။နောက်ပြီး သင့် contacts တွေဆီကို message ပို့ နိုင်ပါတယ်။
Ashampoo_Snap_2013.01.08_14h46m10s_004_Moborobo
App Management – Install, Delete, Update & Find Apps
Apps tab မှာ တော့ user applications,system applications,applications updater တွေကို တွေ့ မြင်နိုင်ပြီး install/uninstall လုပ်နိုင်ပါတယ်။ကွန်ပြူတာက android application(apk) ဖိုင်တွေကိုလည်း အင်စတောလုပ်နိုင်ပါတယ်။Web Resources ကနေလည်း application တွေကို download and install လုပ်နိုင်ပါတယ်။
Ashampoo_Snap_2013.01.08_14h59m43s_005_Moborobo
Image,music,video management
Image,music,video tabs တွေကနေ device မှာ ရှိတဲ့ image,music,video တွေကို ကြည့်ရှုနားဆင်နိုင်ပြီး သင့်ကွန်ပြူတာနဲ့  device ကြားမှာအပြန်အလှန် image,music,video တွေကို ကူးယူ နိုင်ပါတယ်။Music tab မှာ သင်ကြိုက်နှစ်သက်ရာ သီချင်းတွေကို ringtone အဖြစ်ပြုလုပ်နိုင်ပါတယ်။
Ashampoo_Snap_2013.01.08_15h12m09s_008_Moborobo
Downlaod Moborobo for free @ www.moborobo.com/download/
Monday, January 7, 2013
How To Add Shutdown/Restart/Sleep To The Windows 8 Metro Start Screen
1
Windows 8 မှာ  Shutdown/Restart လုပ်ဖို့ အတွက် Charms Bar(Win + C) ဒါမှမဟုတ် Setting(Win + I) ကနေ တစ်ဆင့်လုပ်ရပါတယ်။အဲဒီအဆင့်တွေကို လုပ်စရာမလို ဘဲ start screen ကနေပဲ  Shutdown/Restart ကို လျှင်လျှင်မြန်မြန် လုပ်နိုင်ဖို့ အတွက် နည်းလမ်းကို ဝေမျှချင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် Metro Start Screen ကနေ Desktop ကို အရင်သွားရပါမယ်။Desktop မှာ shortcut တစ်ခု ပြုလုပ်ရပါမယ်။
Desktop ကလွတ်တဲ့နေ ရာမှာ right click နှိပ်ပြီး New>Shortcut ကိုနှိပ်ပါ။Type the location of the item ဆိုတဲ့ box ပေါ်လာရင် အောက်က command ရိုက်ထည့်ပေးပါ။Next နှိပ်ပါ။
shutdown.exe -s -t 00
1
နောက်အဆင့်မှာတော့ shortcut အတွက်နာမည်ပေးပြီး Finish နှိပ်ပါ။ဒါဆိုရင် Desktop မှာ shutdown အတွက် shortcut လုပ်ပြီးပါပြီ။Shortcut icon ကို ပြောင်းဖို့ အတွက် Shutdown shortcut ပေါ်မှာ right click နှိပ်ပြီး properties>shortcut>Chage Icon ကိုနှိပ်ပြီး နှစ်သက်ရာ icon ကို ပြောင်းပါ။Shutdown shortcut ကို start screen မှာ ထည့်ဖို့ အတွက်  shutdown shortcut ပေါ်မှာ right click နှိပ်ပြီး copy နှိပ်ပါ။
2
အောက်က directory အောက်မှာ paste လုပ်ပါ။
C:\ProgramData\Microsoft\Windows\Start Menu\Programs
C:\ အောက်က ProgramData က hidden directory ဖြစ်တဲ့အတွက် View tab က Hidden item ဆိုတဲ့ check box မှာ အမှန်ခြစ်ပေးမှသာ ProgramData ကို မြင်တွေ့ ရမှာပါ။
3
Paste လုပ်ပြီးရင်တော့ start screen မှာ shutdown tile ကို မြင်တွေ့ နိုင်ပါပြီ။
4
Restart,hibernate,sleep စတာတွေကို start screen မှာ ထည့်သွင်းဖို့ အတွက်  အောက်က command တွေကို အသုံးပြုပြီး desktop မှာ shortcut ပြုလုပ်ပြီး အပေါ်ကအဆင့်တွေ အတိုင်း ဆက်လုပ်ပါ။
Restart Computer: shutdown.exe -r -t 00
Hibernate Computer: rundll32.exe powrProf.dll,SetSuspendState
Sleep Computer: rundll32.exe powrprof.dll,SetSuspendState 0,1,0