Windows 8 မှာ Shutdown/Restart လုပ်ဖို့ အတွက် Charms Bar(Win + C) ဒါမှမဟုတ် Setting(Win + I) ကနေ တစ်ဆင့်လုပ်ရပါတယ်။အဲဒီအဆင့်တွေကို လုပ်စရာမလို ဘဲ start screen ကနေပဲ Shutdown/Restart ကို လျှင်လျှင်မြန်မြန် လုပ်နိုင်ဖို့ အတွက် နည်းလမ်းကို ဝေမျှချင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် Metro Start Screen ကနေ Desktop ကို အရင်သွားရပါမယ်။Desktop မှာ shortcut တစ်ခု ပြုလုပ်ရပါမယ်။
Desktop ကလွတ်တဲ့နေ ရာမှာ right click နှိပ်ပြီး New>Shortcut ကိုနှိပ်ပါ။Type the location of the item ဆိုတဲ့ box ပေါ်လာရင် အောက်က command ရိုက်ထည့်ပေးပါ။Next နှိပ်ပါ။
shutdown.exe -s -t 00 |
နောက်အဆင့်မှာတော့ shortcut အတွက်နာမည်ပေးပြီး Finish နှိပ်ပါ။ဒါဆိုရင် Desktop မှာ shutdown အတွက် shortcut လုပ်ပြီးပါပြီ။Shortcut icon ကို ပြောင်းဖို့ အတွက် Shutdown shortcut ပေါ်မှာ right click နှိပ်ပြီး properties>shortcut>Chage Icon ကိုနှိပ်ပြီး နှစ်သက်ရာ icon ကို ပြောင်းပါ။Shutdown shortcut ကို start screen မှာ ထည့်ဖို့ အတွက် shutdown shortcut ပေါ်မှာ right click နှိပ်ပြီး copy နှိပ်ပါ။
အောက်က directory အောက်မှာ paste လုပ်ပါ။
C:\ProgramData\Microsoft\Windows\Start Menu\Programs |
C:\ အောက်က ProgramData က hidden directory ဖြစ်တဲ့အတွက် View tab က Hidden item ဆိုတဲ့ check box မှာ အမှန်ခြစ်ပေးမှသာ ProgramData ကို မြင်တွေ့ ရမှာပါ။
Paste လုပ်ပြီးရင်တော့ start screen မှာ shutdown tile ကို မြင်တွေ့ နိုင်ပါပြီ။
Restart,hibernate,sleep စတာတွေကို start screen မှာ ထည့်သွင်းဖို့ အတွက် အောက်က command တွေကို အသုံးပြုပြီး desktop မှာ shortcut ပြုလုပ်ပြီး အပေါ်ကအဆင့်တွေ အတိုင်း ဆက်လုပ်ပါ။
Restart Computer: shutdown.exe -r -t 00
Hibernate Computer: rundll32.exe powrProf.dll,SetSuspendState
Sleep Computer: rundll32.exe powrprof.dll,SetSuspendState 0,1,0
0 comments:
Post a Comment