Lavasoft ရဲ့  Ad-Aware Pro Security One PC For One Year လိုင်စင် အမှန်တစ်ခု တစ်ယောက် သောသူ ကို အလကားကံစမ်းမဲဖေါက်ပေးပါမည်။ ဒီဆော့ဝဲရဲ လိုင်စင်က (36 $) တန်ဖိုးရှိပါတယ်။ ကျွန်တော် တို့ နိုင်ငံမှာ များသောအားဖြင့်ဆော့ဝဲတွေ Antivirus တွေ ကိုဝယ်သုံးနေကြတာမဟုတ်ပါဘူး။Cracker,Keygen,Patch စတာတွေ နဲ့ full version ဖြစ်အောင်လုပ်ပြီးသုံးနေကြတာပါ။Antivirus တွေ ဆိုရင် လည်း လိုင်စင် တွေကို share လုပ်ပြီးသုံးနေကြတာပါ။အခုနောက်ပိုင်း Antivirus တွေ ဟာ virus definition ကို update လုပ်တဲ့ အချိန်မှာ လိုင်စင် တွေကို စစ်ဆေးပြီး block လုပ်တတ်ကြပါတယ်။အဲဒီအတွက် Antivirus တွေ ကို လိုင်စင် share လုပ်ပြီးသုံးရတာ အဆင်မပြေပါဘူး။ကျွန်တော် ကိုယ်တိုင်လည်း Antivirus လိုင်စင်တွေ block လုပ်ခံရတာကြောင့်စိတ်ညစ်ပြီး အွန်လိုင်းမှာ လိုင်စင် အမှန်တွေ အလကားပေးတဲ့ ဆိုက်တွေ ကို လိုက် ရှာ ပြီးသုံးနေတာ တော် တော် အဆင်ပြေနေပြီးစိတ်ချမ်းသာပါတယ်။Antivirus လိုင်စင် အမှန် သုံးချင်သူတွေ အတွက် ကျွန်တော် ကံစမ်းမဲ ပေါက်ထားတဲ့ Ad-Aware Pro Security ကွန်ပြူတာတစ်လုံးအတွက် တစ်နှစ်စာအသုံးပြုခွင့်လိုင်စင် တစ်ခု ကို တစ်ယောက်သောသူကို အလကားပေးပါမယ်။တစ်နေ့ ကို ဆော့ဝဲ တစ်ခု(လိုင်စင်အမှန်) အလကားပေးတဲ့ Giveaway of the day ဆို တဲ့ ၀က်ဆိုက်အကြောင်းရေးပေးဖူးပါတယ်။အဲဒီဆိုက်ကတော့ ကျွန်တော် နေ့ တိုင်းဝင်ကြည့်နေကျဆိုက်ပါ။ကျွန်တော် Ad-Aware Pro Security လိုင်စင် ကံစမ်းမဲပေါက်တဲ့ဆိုက် က makeuseof ၀က်ဆိုက်ကပါ။အဲဒီ ဆိုက်က technology နဲ့ ပတ်သပ်တာတွေ ရေးတဲ့ ၀က်ဆိုက်တွေ ထဲမှာ နာမည်တော်တော် ကြီးပြီး ကမ္ဘာတစ်ဝန်း က စာဖတ်သူတွေ အများအပြား နေ့ တိုင်းဝင်ကြည့်တဲ့ဆိုက်ပါ။ အဲဒီ ဆိုက်မှာ စာဖတ်သူတွေကို hardware,software,online services စတာတွေကို အလကားပေးပါတယ်။Google,Facebook,Twitter,Yahoo,Microsoft အကောင့်တွေနဲ့  sign in လုပ်နိုင်ပါတယ်။ကံစမ်းမဲနှိုက်ရတာတွေ ရှိသလို အဲဒီဆိုက်ကဆောင်းပါးတွေ ကို share လုပ်ပေး comment တွေ ရေးပေး question and answer program တွေ မှာ အမေးအဖြေတွေ လုပ်ပေးရင် အမှတ်တွေ ရပါတယ်။ ရလာတဲ့ အမှတ် တွေနဲ့  hardware,software,online service စတာတွေကို လဲလှယ် ခွင့်ရှိပါတယ်။အခု လက်ရှိပေးနေတဲ့ reward,giveaway တွေကို ဒီ page မှာ ကြည့်ပါ။ကျွန်တော် ကံစမ်းမဲပေါက် တာကို သက်သေပြနိုင်တဲ့ page ကိုလည်း ကြည့်ရှုနိုင်ပါတယ်။အဲဒီ page အောက်နားမှာ ကျွန်တော့်နာမည် thuya ကို တွေ့ မြင်နိုင်ပါတယ်။
Features
*သင့်ကွန်ပြူတာကို Real-Time Protecton ဖြင့် အချိန်ပြည့်ကာကွယ်ပေးနိုင်ပြီး စက်မလေးစေဘဲအလွန်လျှင်မြန်စွာ နဲ့ scan လုပ်ပေးနိုင်ပါတယ်။Real-Time Process Protection ပါရှိပြီး malicious process တွေကိုကာကွယ်ပေးပါတယ်။Real-Time Registry Protection ဖြင့် malware program တွေက registry ကို ပြင်ခြင်း ကို alert လုပ်ပေးနိုင်ပြီးတားဆီးပေးနိုင်ပါတယ်။
*Download လုပ် ပြီး တဲ့ ဖိုင်တွေက virus,malware တွေကို scan လုပ်ပေးနိုင်ပြီး သင့်စက်ကို ကာကွယ်ပေးနိုင်ပါတယ်။
*Email Protection ပါရှိပြီး အီးမေး အ၀င်အထွက် တွေကို စောင့်ကြည့် စစ်ဆေးပေးနိုင်ပြီး သင့်စက်ကို ကာကွယ်ပေးနိုင်ပါတယ်။Email Client တွေ ဖြစ်တဲ့ Outlook 2000+, Outlook Express 5.0+, Windows Mail (for Vista and 7), SMTP/POP3 (Thunderbird, IncrediMail, Eudora, etc.) တွေကို စောင့်ကြည့် စစ်ဆေးပေးနိုင်ပါတယ်။
*Online Banking ,shopping လုပ်တဲ့သူတွေ အတွက် credit card ,back account တွေကို phishing attack အပါအ၀င် နည်းအမျိုးမျိုး ဖြင့် ခိုးယူခြင်းမှကာကွယ်ပေးနိုင်ပါတယ်။
*Network activity တွေကို အချိန်ပြည့်စောင့်ကြည့်ပေးနိုင်ပြီးသင့်ကွန်ပြူတာနဲ့  network အကြေားက malicious activity တွေကို တားဆီးပေးနိုင်ပါတယ်။
*Latest Virus တွေကို ကာကွယ်ပေးနိုင်ဖို့  latest virus defination တွေကို အလိုလို လျှင်မြန်စွာ update လုပ်ပေးနိုင်ပါတယ်။
*Game mode ပါရှိပြီး game ဆော့နေတဲ့ အချိန် တွေ ရုပ်ရှင်ကြည့်နေတဲ့ အချိန်တွေမှာ scan လုပ်တာတွေ alert လုပ်တာတွေကို မပြုလုပ်စေဘဲ တစ်နည်းအားဖြင့် system resources တွေကို အနည်းဆုံး လျှော့ချအသုံးပြုပေးပြီး game ဆော့တာ ရုပ်ရှင်ကြည့်တာတွေကို ကောင်းကောင်းမွန်မွန်နဲ့  အနှောင့်အယှက် မဖြစ်စေဘဲ ဆော့ကစားနိုင် အပန်းဖြေနိုင်ပါတယ်။
*Safe Browsing ဖြင့် virus , malware ကူးစက်စေနိုင်တဲ့ဆိုက်တွေ ၊လင့်တွေ ကို အမြဲ ရှာဖွေ update လုပ်ပေးနိုင်ပြီး အဲဒီဆိုက်တွေ ၊လင့်တွေ ရဲ့ ဘေးမှာ status ကို ဖော်ပြပေးနိုင်ပြီး အသုံးပြုသူကို သိရှိစေပါတယ်။
*Facebook,Twitter,Google Plus စတဲ့ social network တွေမှာအသုံးပြုတဲ့ chat ,message တွေ ကလင့်တွေကို စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး ကာကွယ်ပေးနိုင်ပါတယ်။
*Two-Way Firewall ပါရှိပြီး သင့်ကွန်ပြူတာက program တွေနဲ့ network အကြားမှာ ပေးပို့ ရယူနေတဲ့ ဒေတာတွေကို အ၀င်ရော အထွက်ပါ စောင့်ကြည့်စစ်ဆေးပေးနိုင်ပါတယ်။Keylogger တွေက သင့်စက်က သတင်းအချက်အလက်တွေကို ခိုးယူပေးပို့ ခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်။
*External Storage Device တွေကို စစ်ဆေးပေးနိုင်ပါတယ်။Custom Scan ဖြင့်သီးခြားဖိုင်တွေ ဖိုဒါတွေကို လည်းရွေးချယ်စစ်ဆေးနိုင်ပါတယ်။
*Malware Sandbox Emulator ဖြင့် အန္တရာယ် ရှိနိုင်တဲ့ ဆော့ဝဲတွေကို သင့်ကွန်ပြူတာကို မထိခိုက်စေဘဲ စစ်ဆေးအသုံးပြုနိုင်ပါတယ်။
System Requirements
P733 MHz or better
512 MB (1GB recommended)
300 MB free space recommended
English, French, German, Italian, Spanish, Simplified Chinese
Windows 8 (32- & 64-bit), Windows 7, Windows Vista (32 and 64-bit), Windows XP (SP2+,32-bit)
အခုဆိုရင် Ad-Aware Pro Security ရဲ့  features တွေကို သိရှိနိုင်ပါပြီ။အပြည့်အစုံသိချင်ရင် http://www.lavasoft.com/products/ad_aware_pro.php မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။
Interface
How Can I Win Ad-Aware Pro Security?
ကျွန်တော် ရရှိထားတဲ့ Ad-Aware Pro Security ကွန်ပြူတာ တစ်လုံးအတွက် တစ်နှစ်စာအသုံးပြုခွင့်လိုင်စင်ကို တစ်ယောက်တည်းကို သာ အလကားပေးပါမည်။သင်လည်းလို ချင်ရင် ပါဝင်ကံစမ်းနိုင်ပါတယ်။အဲဒီအတွက် သင်လုပ်ရမယ့်အရာတွေက
(၁) ကျွန်တော့် ဘလော့ ကဆောင်းပါးတွေအသစ်တင်တိုင်း သင့် အီးမေးကနေ ဖတ်ရှုနိုင်ဖို့  Email Subscribe လုပ်ပါ။
(၂) ကျွန်တော့်  ရဲ့  Facebook Page ကို Like လုပ်ပေးပါ။
အထက်ပါ အချက်နှစ်ချက်ပြုလုပ်ပြီးရင် ဒီဆောင်းပါးအောက်က ကွန်းမန့်  box မှာ Ad-Aware Pro Security လိုင်စင်ကို လိုချင်ကြောင်း ဒါမှမဟုတ် ဒီ Giveaway မှာ ပါဝင်ကြောင်း ဒါမှမဟုတ် ကျေးဇူးတင်ကြောင်း အနည်းငယ် ကွန်းမန့် ရေးပေးပါ။ နောက်ပြီး သင့် Facebook Wall (or) Profile Page ရဲ့ လိပ်စာကို ကွန်းမန့် box မှာထားခဲ့ပေးပါ။ပြီးရင် Pick A Name အောက်မှာ သင့်နာမည် နဲ့  အီးမေး လိပ်စာ ဖြည့်ပေးပြီး Post ကို နှိပ်ပေးပါ။ နောက်လ (22) April , 2013 ရက်နေ့ တွင်ကံစမ်းမဲနှိုက်ပေးပြီး ကံထူးသူကို ရွေးချယ်ပေးပါမည်။ကံစမ်းမဲ ပေါက်သူကို အီးမေးပေးပို့ ပြီး အကြောင်းကြားပေးပါမည်။ဒီဆောင်းပါးမှာလည်း ကံစမ်းမဲပေါက်သူကို ကြေညာပေးပါမည်။
Good Luck !!!
email subscribe လုပ်ပြီးပါပြီ။Facebook page ကို လည်း like လုပ်ပြီးပါပြီ။
ReplyDeleteကျွန်တော့် Facebook profile page က http://www.facebook.com/thu.ya.9231712 ဖြစ်ပါတယ်။
ဥပမာအနေနဲ့ ကျွန်တော် ကွန်းမန့် ရေးပြထားတာပါ။