ဒီနေ့ ခေတ် မှာ social networks တွေအများအပြားရှိလာပြီးတော့ popular social networks တွေဖြစ်တဲ့ facebook,linkedin,twitter စတာတွေမှာ အကောင့်တစ်ခုစီရှိကြမယ်လို့ ယုံကြည်မိပါတယ်။မိသားစု၊သူငယ်ချင်း၊မိတ်ဆွေ တွေနဲ့  အဆက်အသွယ်ရဖို့ လည်း ဒီ social networks တွေကို အသုံးပြုကြပါတယ်။သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ သင့်ရဲ့  profile address တွေကို ပေးပို့ ရယူကြပါတယ်။Facebook,linkedin,twitter စတာတွေက profile address တွေဟာ ရှည်လျားပြီးမှတ်ရတာ မလွယ်ပါဘူး။Profile address တွေကို တူညီပြီးမှတ်သားရလွယ်ကူတဲ့ address တွေရအောင်ပြုလုပ်ပေးနိုင်တဲ့ free web service တစ်ခုကတော့ Profi.ly ပါ။ ဥပမာ ။ ကျွန်တော့် ရဲ့  facebook profile address က profi.ly/thuya/facebook ၊ Twitter အတွက် က profi.ly/thuya/twitter ၊ Linkedin အတွက် က profi.ly/thuya/linkedin ပါ။မှတ်ရတာလွယ်ကူပြီး သင့်သူငယ်ချင်းတွေကို အလွယ်တကူ ပဲ profile address ကို ပေးပို့ နိုင်ပါတယ်။
Profi.ly မှာ အကောင့်တစ်ခု လုပ်ပြီး sign in လုပ်ပြီးရင် Add New Profile ကို နှိပ်ပါ။
Profile Address for Facebook
Choose Network မှာ facebook ကို ရွေးပြီး Network Identifier မှာသင့် facebook profile address က www.facebook.com/ နောက်က profile id ထည့်ပေးပါ။ပြီးရင် Add Profile ကို နှိပ်ပါ။ဒါဆိုရင် သင့် facebook profile address က profi.ly/(user name)/facebook ပါ။
Profile Address for Twitter and Linkedin
Twitter and Linkedin အတွက် အပေါ်ကအဆင့်တွေအတိုင်းလုပ်ပြီး Network Identifier မှာတော့ twitter အတွက် သင့် twitter profile address က www.twitter.com/ နောက်က profile id ထည့်ပေးပါ။ဒါဆိုရင် သင့် twitter profile address က profi.ly/(user name)/twitter ပါ။
Linkedin အတွက် network identifier မှာ အောက်ကပုံအတိုင်းထည့်ပေးပါ။ဒါဆိုရင် သင့် linkedin profile address က profi.ly/(user name)/linkedin ပါ။
Profi.ly support ပေးတဲ့ network တွေကတော့ youtube,flickr,blog,aim,friendster,friendfeed,my space စတာတွေအပါအ၀င်တစ်ခြား networks တွေ အများကြီးပါ။အဲဒီ network တွေထဲမှာ Google Plus မပါပါဘူး။Google plus profile address ကို တိုတောင်းပြီးမှတ်ရလွယ်တဲ့ address ရအောင်ပြုလုပ်ပေးနိုင်တဲ့ plus.ly ဆိုတဲ့ free web service ကို သုံးပါ။
0 comments:
Post a Comment