Tuesday, January 1, 2013

How To Batch Rename Files In Windows

Windows ကွန်ပြူတာတွေ မှာ ဖိုင်အများအပြားကို တစ်ပြိုင်နက်တည်း နာမည်ပြောင်းပေးနိုင်ပါတယ်။Windows Explorer,  Command Prompt စတာတွေကို အသုံးပြုပြီးဖိုင်အများအပြားကို တစ်ပြိုင်နက်တည်း နာမည်ပြောင်းပေးနိုင်ပြီး file extension တွေကို ပါ ပြောင်းပေးနိုင်ပါတယ်။ဖိုင်အများအပြားကို တစ်ပြိုင်နက်တည်း နာမည်ပြောင်းဖို့  အတွက်  Third-party software တွေလည်း အများအပြားရှိပါတယ်။ အဲဒီ ဆော့ဝဲတွေကတော့ နာမည်ပြောင်းတာအပြင် မလိုအပ်တဲ့ စာလုံးတွေ ၊ symbols,digits တွေ ကို ပဲ ဖယ်ရှား  ပေး နိုင်ပါ တယ်။ စာ လုံးအကြီးအသေးစတာကိုလည်း ပြုလုပ်နိုင်ပါတယ်။ဖိုင်တွေ အပြင် ဖိုဒါတွေကို လည်းနာမည်ပြောင်းပေးနိုင်ပါတယ်။အထက်ဖော်ပြပါ အားသာချက်တွေရှိတဲ့ ဆော့ဝဲတွေကိုလည်းသုံးနိုင်ပါတယ်။သင် ဟာ ရိုးရိုး နာမည်ပြောင်းတာပဲပြုလုပ်ချင်ရင် တော့ တစ်ခြား software တွေမလိုဘဲ windows explorer , command prompt  စတာတွေကို အသုံးပြုနိုင်ပါတယ်။

Windows Explorer

သင်နာမည်ပြောင်းချင်တဲ့ ဖိုင်အများအပြားကို ဖိုဒါတစ်ခုတည်းမှာ ထားပါ။

2

အားလုံးကို select လုပ်ပါ။အပေါ်ဆုံးကဖိုင်ကို right click နှိပ်ပြီး rename ကို နှိပ်ပါ။နာမည်ပေးပြီး enter ခေါက်ပါ။

3

Windows explorer က သင့်ဖိုင်တွေ ကို ဖိုင်နာမည်နောက် မှာ number တွေ အစဉ်လိုက်တပ်ပြီးနာမည်ပြောင်းပေးပါလိမ့်မယ်။

4

Command Prompt

File extensions တွေ ကို batch rename လုပ်ဖို့ အတွက် ဖိုင်တွေရှိတဲ့ ဖိုဒါကို သွားပြီး  shift + right click ကို နှိပ်ပြီး “Open command window here” ကို နှိပ်ပါ။

5

Command prompt window မှာ  ren *.html *.txt  ကို ရိုက်ပြီး enter ခေါက်ပါ။ဒါဆိုရင် .html extension တွေအားလုံးကို  .txt extension တွေ အဖြစ်ပြောင်းလဲ ပေးလိုက်ပါပြီ။File extension တွေ ပြောင်းဖို့ အတွက် ကို တော့ windows explorer ကမလုပ်ပေးနိုင်ပါဘူး။

6

7

Third-Party Application

Windows ကလုပ်ပေးနိုင်တဲ့ batch rename ထက် ပို ပြီး ကောင်းမွန်အောင် ပြုပြင်ဖြည့်စွက်ပေးနိုင်တဲ့ application တွေထဲ က freeware တစ်ခု ဖြစ်တဲ့ bulk rename utility နဲ့  မိတ်ဆက်ပေးချင်ပါတယ်။ဒီ application က ဖိုင်တွေ အပြင် ဖိုဒါတွေကို ပါ batch rename လုပ်ပေးနိုင်ပါတယ်။ဖိုင်နာမည်ကစာလုံး အကြီးအသေးကို လည်း ပြုလုပ်နိုင်ပါသေးတယ်။Symbols , digits တွေ ကို ဖြုတ်နိုင်ပါတယ်။မလိုချင်တဲ့ စာလုံး တွေကို လည်း ဖယ်ရှားနိုင်ပါတယ်။Number တွေကို အလို အလျှာက်တပ်ပေးနိုင်ပါတယ်။ပေးလိုက်တဲ့ နာမည် အသစ်ကို preview ကြည့်နိုင်ပါတယ်။

7

Download Bulk Rename Utility @  www.bulkrenameutility.co.uk/Download.php

0 comments:

Post a Comment